အလွမ်းများ


အော်ဘာလိုလိုနဲ့သိတင်းကျွတ်တော့မယ် အရင်တုန်းကသိတင်ကျွတ်နဲ့ အခုသိတင်ကျွတ် လဲမတူတော့ တာအမှန် ဘာတွေများကွာခြားသလဲးဆိုရင် ကျနော်တို့ ငယ်ငယ်က အဖေ ၀ယ်ပေးတာက ရောင်စုံစက် ကူလေးတွေနဲ့ ကြိုးတပ်ပြိး ဆွဲးရသေားကားလေးတွေ Design မျိုးစုံပါ အခု နဲ့ဘယ်တူမှာတုန်း ဟုတ်တယ်နော် အရင်က အဖေ အိမ်းမှာအလှထွန်းဖို့ဆိုဝယ်လာတာ ကရောင်စုံမီးပုံးလေးတွေ Design မျိုးစုံပေါ့လေ အခုကျ တစ်မျိုး အရင်က လူကြိးသူမများကို လိုက်ကတော့ရင် ပေးလိုက်သေား စုက မျိုးစုံ မှတ်မှတ်ရရကျနော်တို့မောင်နှမတတွေ အဖေနဲ့အမေကို ကတော့တုန်းက အဖေပေးတဲ့စုကို အမှတ်ရတုန်းဗျ ကိုယ်စိတ်စိးပွားသုံးပါးမကြွင်းချမ်းသာခြင်းနှင့်ပြည့်စုံပါစေ တဲ့တိုတိုနဲ့လိုရင်ပဲး ဒါပေမဲ့ဗျာ အဖေမရှိတော့တာ ၁၅နှစ်ကျော်ခဲ့ပြိအခုပြော အခုသတိရတယ် အခုဆိုဘယ်ဘ၀မှာများရောက်နေပြိလဲးမသိ့ဘူး ကျနော်ထက်ပိုတဲ့သူတစ်ယောက်ရှိသေးတယ် အမေလေ အမေ လပြည်နေတိုင်းလွမ်းတက်တယ် အဖေက လပြည့်နေကြီးမှာ ကျနော်တိုမိသားစုလေးကိုထားသွားခဲ့တာကို အဲဒိတုန်းကကျနော် က ၄တန်းကျောင်းသား အော်လွမ်းလိုက်တာဗျာ
post အဟောင်းလေးပါ Draft ဖြစ်သွားလို့ ပြန်တင်လိုက်တာပါ
သိတင်းကျွတ် ဆို ကိုယ့်မိဘ တွေကို ကန်တော့ကြတာ ကို တွေးမိ မြင်မိလို အဖေ မရှိတော့တဲ့ အချိန်မှာ မှ အဖေ့တန်ဖိုးတွေကို နားလည်လာတယ် ကျွန်တော်နဲ့ ဘ၀တူတွေလည် ဒိလို ခံစားမိကြမယ်လိုထင်တယ်
“အမေ့လိုရင်မှာထွေး ချောမသိပ်ပေမဲ့လည်း“ လွမ်းနေတုန်းပါဗျာ

Comments

Anonymous said…
အဖေမရှိသူချင်းမို့ စာနာပါတယ်ရှင့့် အဖေ့ရဲ့ တန်ဖိုးကို အရမ်းမြတ်နိုးသူပါ့  အဖေသာ အခုအချိန်မှာ သက်ရှိထင်ရှားရှိနေဦးမယ်ဆိုရင် ဘ၀မှာ အလင်းရောင်ပေးဦးမှာပဲလို့ ထင်မိပါတယ့့် အဖေသို့ ဥိးညွှတ်ကန်တော့ရင်း့း့ 

Popular posts from this blog

Folder Option From Tools Menu

ဂုဏ်ယူလေးစားလျှက်ပါ

သူပါ