About Me
ကျနော် မျှဝေလိုတဲ့ မျှဝေလိုသေား အကြောင်း အရာ လေးတွေ နဲ့ ကျနော် ခင်သော မိတ်ဆွေ သင်္ဂဟ အပေါင်းတို့ကို ဖြန့်ဝေတာမျိုးပါ။ ကျနော်က သူတကာထက် ထူးခြားလို့ ဘာမှ မဟုတ်တဲ့ သာမာန် လူ ပါပဲ။ ကျနော် က မိသားစုထည်းမယ် အငယ်ဆုံး နဲ့ အဆိုးဆုံး လူငယ်တစ်ယောက်ပါ။ ရည်မှန်းချက်ကို ခဏခဏ ပြုပြင် ပြီး လိုရာကို မကြာခဏ ပြန်လည်ကူးခတ်မှ ပန်းတိုင်ရောက်တဲ့ လူစားမျိုးလဲ ဖြစ်နေပါသေးတယ်။ ကျနော် သိပ်ပြီးတော့ စိတ်ဝင်စားတဲ့ အလုပ်က Web Design & Development ပါ ဒီအကြောင်းရာကို စတင် သိရှိလိုက်တဲ့ အချိန်ကတည်းက ကျနော် ဟာ ဒီနည်းပညာကို စတင်လေ့လာလိုက်စားတော့တာပါပဲ။ စတင်လေ့လာတုန်းကတော့ အခက်ခဲတွေအများကြီးပဲ အခုချိန်မှာလဲ အဲဒီအခက်ခဲတွေ ရှိနေတုန်းပါပဲ။ ကျနော် သေခြာပြန်စမ်းစစ်တယ် ပြန်လေ့လာလိုက်တော့ ကျနော့် ရဲ့ တိုးတက်မှု ကဘာလို့ နှေးရတာလဲ ဆိုတော့ ကျနော် စာမဖက်လို့ပါ။ ဖက်ပြန်တော့လဲ အသေခြာမဖက်ဖြစ်လို့ပါ။ သာမန်ကာ ရှန်ကာ လေးဖက် ပြီး ပြန်စမ်းတော့ ကျနော် မှာ အပ်နဲ့ပေါက်ရတဲ့အရာကို ပေါက်စိန် နဲ့ ထွင်းရသလိုပါပဲ ပိုမိုခက်ခဲကုန်တော့တာ။ အဲဒါကျနော် တစ်ယောက်ထဲဖြစ်မယ်လို့ထင်တာပဲ အင်္ဂလိပ်စာ ညံ့လို့လား ဆိုတော့လဲ မဟုတ်ပြန်ဘူး ပြင်းတော့ဖျင်းတော့တာပဲလေ။
ကျနော် က ပြင်ဥိးလွင် စစ်ဆေးရုံမှာမွေးပြီး ၂၁ မိုင်မှာကြီးပြင်းပြီး မန္တလေး ရတနာပုံ တက္ကသိုလ် မှာ Botany ကို သင်ယူပြီး တစ်ဖက်က ကွန်ပျုတာ ကို လေ့လာခဲ့ပါတယ်။ ကျနော့် အဖေက ကျနော် လေးတန်း ကျောင်း သားဘဝမှာ ကွယ်လွန်ရှာပါတယ် ကျနော် သိတက်စ အရွယ်မှာပေါ့။ နာမည်က ဥိးစန်းအောင် တဲ့ ဘုန်းကြီး ကျောင်းစာ ပဲတက်တာ ဒါပေမဲ့ ကားဝပ်လျှော့မှာတော့ ဆြာတဆူပါပဲ။ သူ့ခေတ်မယ် မန်းလေးနဲ့ ပြင်ဥိးလွင်ကို သွားလာဖို့ အခုလို ကားအကောင်းစားကြီးတွေမဟုတ်ဘူးတဲ့ ဂျစ်ကား လေးတွေနဲ့တဲ့ ကားခ က လဲ အခုလိုမဟုတ်ပြန်ဘူး ၄ ကျပ်ပဲ အသွားအလာ ပါးတယ် တဲ့။ သူဌေးတွေလောက်ပဲ ကုန်ရောင်းကုန်ဝယ်အတွက် ခရိးသွားတဲ့အချိန်တဲ့ ကားလမ်းပေါ်ကိုလဲ တေားကောင်တွေက အုပ်စုလိုက် ဖျက်သန်းသွားလာ တတ်သေးသတဲ့ ၁၈ မိုင် ဆိုတဲ့နေရာ က ပိုဆိုးသတဲ့ ဂျေ(ခြေ) တို့ ဝက်တို့ ဆို အုပ်စုလိုက် ကိုဖျက်သတဲ့ အဲဒါ အဖေပြန်ပြောပြလို့ မှတ်မိသလောက်လေး ပြန်ပြောပြတာ။
ကျနော့် အမေက ကျနော့်ကိုမွေးတော့ ဗိုက်ခွဲမွေးရတာတဲ့ ကျနော်က တအားထွားလို့တဲ့ အမေ ပြောပြတာ။ ကျနော့်ကိုမွေးဖို့ အဖေ အငှားရသေးသတဲ့ အထက်ကပြောခဲ့တဲ့ ဆေးရုံမှာ မွေးရတာတဲ့ အဲဒီခေတ်တုန်းက မဆလ ဆိုလား ဘာလား ရှိသေးတာတဲ့ စစ်သားတွေက ပြည်သူ့ဆက်ဆံရေးဆိုပြိး သင်တန်းမဆင်းခင် ကွင်းဆင်းလေ့လာရေး လုပ်ရင်း ရပ်ရွာတွေကို ခြံစည်းရုံးခတ်တာတို့ ရေတွင်းတူးပေးတာတို့ အိပ်သာဆောက်ပေးတာတို့ တံတားတွေပျက်နေရင် ပြင်ပေးတာတို့ စာသင်ကျောင်းတွေကို ပြုပြင်တာတို့ ဘုရား စေတီတွေကို ထုံးသုပ်တာတို့ လုပ်သတဲ့(အဲဒီအချိန်တုန်းကပါပဲ)။ အဲဒီအချိန်မှာ ကျနော်တို့ အခုနေတဲ့ ၂၁ မိုင်ရွာကိုလဲ စစ် သင်တန်းဆင်းတဲ့ အဖွဲ့တစ်ဖွဲ့ရောက်ရင်း ကျနော့်အမေ ဗိုက်နာနာနဲ့ကြုံပြီး အဲဒီက စစ်ဗိုလ် ကောင်လေးက သူ့ ကိုယ်ပိုင်နံပါတ်ကိုအသုံးပြုပြီး စစ်ဆေးရုံမှာ မွေးဖို့ အကူညီပေးလို့ ကျနော် လူဖြစ်သတဲ့ ပြောသေးတယ် မင်းက မြွေပွေးလိုအကောင်တဲ့ ဗိုက်ဖောက်ထွက်တဲ့အကောင်တဲ့ မွေးကတည်းက အမေကို ဒဏ်ရာ ပေးတဲ့အကောင်တဲ့။ ဒါပေမဲ့လေ ကျနော်က အမေ ကိုအရမ်းချစ်တာ အခုအချိန်ထိလေ အမေ ပြောတဲ့ဟာဆို ကျနော် ဘာမဆိုမဖြစ်ဖြစ်အောင်လုပ်တာ ဒါကြောင့်လဲ ကျနော့်မှာ အချိန်နည်းနည်းကျန့်ကြာတာကလွဲရင် သိပ်အခက်ခဲမဖြစ်ဘူးရယ် တကယ်ပြောတာ။ အဲဒါ မိခင်ရဲ့ မေတ္တာကြောင့် ပဲဗျ။
အခုလား ကျနော် စင်္ကားပူမယ် Web Design & Developer ဆိုပြီး လျှာခလုတ်တိုက်လောက်တဲ့ နာမည်ကို ကိုင်ပြီး အလုပ်လုပ်နေတာပေါ့။
