မတရားဘူးထင်လို့ပါဗျာ
အဖြစ်ပျက်လေးတစ်ခုကိုပြောပြချင်လို့ပါ မတရားဘူးထင်လို့ပါဗျာ ၀န်ထမ်းတွေကို သွေးခွဲတယ်လိုမြင်လာလို့အဖြစ်က ဒိလိုဗျ ဟိုတစ်နေက (30.9-06)ပါ လစာထုတ်ကြတယ်ပေါ့ဗျာ လစာသာဆိုတယ် အမေပေးတဲ့ မုန့်ဖိုးလောက်မရှိတဲ့ချွေနဲစာပါ တန်ဖိုးတော့ထားတာပေါ့လေ ကိုလုပ်အား ဥာဏ်ပညာလေးနဲ့ရတာကိုဖြတ်ပြောလိုက်ဥိးမယ် လစာပေးနေတုန်းမှာကို ဗြဟ္မစိုရ် နာမှုကူညိရေးအသင်းတွက်ပါ အလှုခံနေတာတွေ့ရတယ်ကိုယ်ရတာလေးထဲက တနိုင်တပိုင်လေး လှူလိုက်သေးတယ် အများကြိးတော့ဘယ်ဟုတ်ပါ့မလဲနော် အဲဆက်ပြောရဦမယ် အဲဒီလစာ ပေးတော့ပြဿနာစတယ် ဘယ်လိုတုန်းဆိုတော့ ကျန်သော ၀န်ထမ်းတွေကိုမုန့်ဖိုးဆိုပြိး အပို ၃၀၀၀ တို့ ၅၀၀၀ တို့ပေးတယ်လို့ကြားတယ် အနဲစုံးရတဲ့သူက ၂၀၀၀ တဲ့ ကျနော်တို့အဖွဲ့လေးကိုကျချန်ထားခဲ့တယ်ဗျာ ဘာလို့လဲပေါလေ တွေးမိတွေးရာတွေတွေးမိကုန်ကြတယ် ဒါမဖြစ်သင့်ဘူးလေ ဟုတ်တယ်မို့လားပေးရင် အကုန်အတူတူပေါ့ မပေးဘူးဆိုလဲ အကုန်လုံးကိုမပေးနဲ့ပေါ့ဗျာ ခွဲခြားခွဲခြားနဲ့လုပ်တာ ခံရခက်လိုက်တာကျနော်တို့အဖွဲ့က ၆ ယောက်ရှိတယ် CMS ကိုပါထဲ့တွက်ရင် ၇ ယောက် ထားလိုက်တော့သူကအခု အခြားတစ်နေရာမှာကိုကျန်တဲ့သူတွေရှိသေးတယ် လိုရင်းကိုမရောက်မှာဆိုးလို မပြောတော့ဘူး ရှိတာက ရှိသေးတယ်။ကျွန်တော်တို က ပိုက်ဆံကိုမက်လိုပြောနေတာမဟုတ်ဘူးဆိုတာကိုတော့ပြောထားရဥိးမယ် တော်ကြာ တော်တော်ငတ်တယ်လိုအမြင်မှားတွေ မြင်နေမှာဆိုးလို့ပါ။ ကျွန်တော်တို့အဖွဲ့ ကသူတို့ တခြားဝန်ထမ်းတွေကို အပိုပေးတာ သိသွားတယ်လို့လဲ့ကြားရော ကျွန်တော်တို့အဖွဲထဲက အငယ်ဆုံးလေးကိုခေါ်ပြိး တစ်ယောက်ကို ၁၀၀၀ စိပေးတယ် ကောင်မလေးကလဲတော်ပါတယ် ပေးသမျှပိုက်ဆံတွေကို ဗြဟ္မစိုရ် နာမှုကူညီရေးအသင်းထဲကိုအကုန် လှူခဲ့လိုက်တယ်ကောင်းလိုက်တဲ့လုပ်ရပ်နောက်လဲကြုံရင်ကြုံသလို လှူသွားဦးမယ်လိုပါပြောခဲ့ရမှာ သူလဲဒေါသတော်တော်ထွက်နေတဲ့ကြားက လှူခဲ့ရတာဆိုတော့ အမျှဝေတာတိုဘာတို့တစ်ခုမှမလုပ်မိဘူးတဲ့ဒါပေမဲ့ ဒီအဖြစ်ကိုကြားတဲ့သူတွေအကုန်လုံးက သာဓုသုံးကြိမ်ခေါ်တယ် ဗျာ...
Comments
တရားကျဖို့ကောင်းတယ် ...........။
အလှူအတွက်ကျွန်တော်လည်းသာဓုခေါ်ပါတယ်။
ကိုဇော်မိုးအောင်ရေ ကိုယ့်စေတနာကိုယ့်အကျိုးပေးမှာပါဗျာ။