Posts

Showing posts from March, 2013

မင်္ဂလာပါ

မင်္ဂလာပါ။ တစ်နှစ်ပြီးတစ်နှစ်ပြောင်းလဲမှုတွေ အရမ်းများတယ် အရွေ့တွေက မြန်ဆန်လွန်းတော့ သိပ်ကြောက်ဖို့ကောင်းတယ်။ ကိုယ် ကိုတိုင်လဲ အဲဒီ အပြောင်လဲတွေ အရွေ့တွေထဲမှာ အလျှင်းသင့်သလို အသာ လိုက်မျောနေရင်းက ရှင်သန်စရာတွေ ပျော်ရွှင်စရာတွေ ဝမ်းနည်းစရာတွေ ပွေ့ပိုက်ရင် ခပ်ယဲယဲ ခြေလှမ်းတွေ ကို နဲ့ဆက်လျှောက်နေရဥိးမှာပဲလေ။ ပစ်ထားခဲ့တာကြာပြီ အလုပ်နဲ့တဖက် မို့ လှည့်မကြည့်ဖြစ်တာပါ။ တခြို့သူငယ်ချင်းတွေကတော့ ဆက်လက်ရေးသားနေဆဲမို့ သူတို့ဘလောဒ်တွေကိုတွေ့တိုင်း ပြန်ရေးဖို့ အကြောင်းက ဖြစ်ဖြစ်လာပေမဲ့ ကိုယ့် အခြေအနေနဲ့ကိုယ် မရေးနိုင်ဖြစ်ခဲ့ဘူး။  အခုတော့ ပုံမှန်လေး ပြန်ရေးနိုင်အောင်ကြိုးစားပါဥိးမယ်လေ။