Posts

Showing posts from November, 2009

စတင်ခြင်း

စတင်တော့မှာတွေးပြီးအိပ်မပျော်တာနှစ်ညလောက်ရှိတယ်.....ရင်တွေခုန်လို့..........သူစိမ်းတွေကြား တိုးရမှာ ကိုယ်သိတာ မသိတာ ကိုယ်လုပ်နိုင်တာ မလုပ်နိုင်တာ အများကြီးထဲက ကိုယ်လုပ်နိုင်တာကို သူတို့သိအောင် လုပ်ပြရတောမယ်.......ခွန်အားတွေသတ္တိတွေတော့ရှိပါလေရဲ့.....ဒါပေမဲ့အခုမှမိ့ခင်လက်ကလွှတ်လိုက်လို့လမ်း လျှောက် တတ်စ ကလေးတစ်ယောက်လို ဟိုစမ်းစမ်း ဒီစမ်း စမ်း တော့ ဖြစ်နေဦးမယ် ဆိုတာ တော့သေခြာတယ်....ဟိုးအရင်တုန်းက သူငယ်ချင်း၈ယောက် စတင်အလုပ်ဆင်းခဲ့ရတုန်းကလိုမျိုးပျော်ရွှင်မှုတွေ ရနိုင်ဖို့ဆိုတာတော့မမျှော်လင့်ရဲတော့ဘူး...... ရမှာလဲမဟုတ်ဘူးလေ....တွေးလို့အားငယ်တာမျိုးလဲမဟုတ်ပြန်.....ဒါဆိုဘာလဲ.....ဘာလဲမှန်းအသေခြာမသိ........ သိနေတာတစ်ခုကကိုယ်လုပ်နိုင်တာ လုပ်တတ်တာကို အကောင်းဆုံးလုပ်ပေးဖို့ပြင်ဆင်ထားတယ်ဆိုတာတော့ အသေခြာသိနေလေရဲ့.....ပျော်ရွှင်ချင်းဆိုတာလက်လွှတ်ခဲ့တာကြာပြီမို့တော့မတောင်းတတော့...ရနိုင်မယ်ဆိုရင် လိုချင်တယ်လို့မပူဆာတော့......ရနေပြီးသားမို့ပါ...စိတ်ချမ်းသာအောင်ထားနိုင်ဖို့အတွက်အကောင်းဆုံးပြင်ဆင်ထား.... သူကိုယ့်အတွက်ပေးဆက်အနစ်နာခံခဲ့တာအသိ့သာကြီးသူ့ဗိုက်မှာခွဲစိတ်ခန်းကအပ်ချုပ်ရာကိုသာပြန်မြင်လိုက်....... သူ့ကေ...