Posts

Showing posts with the label ၂၁မိုင်ရွာ

Happy Birthday

လူတိုင်းမှာ အမေ။ အခြား သတ္တဝါတွေမှာလဲ အမေ တဲ့ ရှိကြတယ်လေ။  ကျနော် မှာလဲ အမေ ရှိတယ်ဗျ။  ကျနော် သိပ်ချစ်တဲ့ ကျနော် အမြဲအတုယူလေးစားတဲ့ ကျနော် အားကျတဲ့ လူ အဲဒီလူကို လက်ဆွဲခေါ်ပြ ဆို ကျနော် ဝမ်းသာအားရ လက်ဆွဲပြမှာ ကျနော့်အမေ ပဲ။ ကျနော်တို့ကို အမေက အဖေကွယ်လွန်ပြီးတဲ့အချိန် ကတည်းကနေပြီး အခုထက်ထိ့ ထိမ်းသိမ်းစောင့်ရှောက်ခဲ့တာ ရှာမှရှားအာဂသတ္တိတွေနဲ့ ကျနော့် သူရဲကောင်း ကြီးပဲ။  အဖေ ရှိစဉ်က ကျနော်တို့မိသားစုမယ်(လူစုံတုန်းဖောက်သည်ချလိုက်ဥိးမယ်) ရွှေမျိုးခေါ်မလား   ဆွေမျိးခေါ်ရမလား တောင်မသိတဲ့ လူတွေ ကျနော်တို့ နေထိုင်တဲ့ တဲစုပ်လေးအနား ယောင်လို့တောင် ကပ်မလာခဲ့ဘူး။  ဒါဆို မင်းအဖေက ဆိုးလို့နေမှာပေါ့ဆိုရင် ဟင့်အင်းလို့ ကျနော် ငြင်းပါမယ် ခြေကန် ငြင်းပါ မယ်ဗျာ။  အဖေက အမေ့ကို ဒီလို သွန်သင်ဆုံးမ သဗျ သန်းနွဲ(ကျနော့်အမေကို အဖေက ချစ်စနိုးနဲ့ခေါ်တာ) လူမှန်သမျှ မတည့်တဲ့လူမရှိရလေအောင် ပေါင်းသင်းရတယ်။  အဖေက ဘုန်းကြီးကျောင်းသားဆိုတော့ မြန်မာ စာကို ကောင်းကောင်း တက်တဲ့ အခါ ဘယ်ကျမ်းက ဘယ်လို ဘယ်ကျမ်းမှာတော့ ဘယ်သို့ဆိုပြီး ကျနော်တို့ မိသားစု ညစာ စားတဲ့အချိန်မှာ အဖေက အမေကို ပြောပြ ဆုံးမတာ။...

နံမည်မသေသူများ

လူသေပေမဲ့နံမည်ကောင်းနဲ့နောင်လာနောက်သားတွေကိုအခုထက်တိုင်အေးချမ်းသောခံစားမှုလေးတွေပေး ဆွမ်းခဲ့သောသူတွေအများကြီးပါ အဲအထဲမှာကျနော်သိသောသူတွေ မသိ့သောသူတွေအများကြီးပါ မှိလိုက်တာ တွေရှိသလို မမှီလိုက်ပဲကြားဖူးရုံကြားဖူးလိုက်တာတွေလဲအများကြီးပါပဲ အရင်ဆုံးတော့ မမေ့နိုင်တာက ကျနော့် ကျေးဇူးရှင် အဖေ နောက် ကျနော့်ကို ပညာတွေသင်ပေးခဲ့တဲ့ ကျေးဇူးရှင် ဆရာမကြီး ဒေါ်အေးအေး သူတို့တတွေက ကျနော်မှီလိုက်သိ့လိုက်တဲ့ကျနော့်ဘ၀ရဲ့ ကျေးဇူးရှင်ဘ၀သခင်တွေပါ သူတို့ပေးခဲ့တဲ့ အသိ့ညာဏ်ပညာတွေကြောင့်လူလားမြောက်ခဲ့ရပါတယ်ဆိုတာဝန်ခံလိုက်ပါရစေဗျာ.... ကျနော် အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လူဘ၀အတွက်နေထိုင်နည်းတွေ ပညာတွေ သင်ညာတွေ အစုံသင်ပေးခဲ့တဲ့သူနှစ် ယောက်ပါလို့အရင်မှတ်ချက်ပေးပါတယ် နောက်ကျနော်ထပ်မှိလိုက်တာက လူဘ၀မှာ နေထိုင်တဲအချိန်မှာ မမေ့ လျှော့သင့်တာတွေကို သင်ကြားပြသပေးခဲ့တဲ့ ၂၁မိုင်ရွာ မှာ အိန္ဒြိယ ဗုဒ္ဒဂါယာဒေသမှ စေတိပုံတူ တည်ထားပေးခဲ့တဲ့ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး ရန်ကုန်မြိုရွှေရင်မျှော်ကျောင်းဆရာတော်ကြီး ဦးဇာဂရ(မန္တလေးမြင်းဝန်တိုက် တိုက်အုပ်ကြီး) ပါပဲ ဆရာတော်ကျေးဇူးတော်အနန္တကို စိတ်အစဉ်မှာစွဲထင်နေပါ တယ်။ ကျနော့်အဖေကပြောပြခဲ့...