Posts

Showing posts from September, 2009

အလေ့အထ

ကိုယ်တန်ဖိုးထားတဲ့အရာတွေကကိုယ်တန်ဖိုးထားသလိုဖြစ်မလာတတ်တဲ့အချိန်လေးတွေရှိတတ်တယ် ဆိုတာ သတိချပ်ထားဖို့ မေ့နေခဲ့တယ်။ ကိုယ်ကြောင့်ဘယ်သူ့ကိုမှစိတ်ဒုက္ခမရောက်စေချင်ဘူး ကိုယ့်ကြောင့် စိတ်ဒုက္ခ ရောက်သွားတယ်ဆိုတာပြန်သိ လိုက်ရရင်လဲ ဘယ်လိုမှ မနေတတ်တော့ဘူး ကိုယ့်ကိုကိုယ် တန်ဖိုးမဲ့ သွားသလိုခံစားရတယ်။ တစ်ခါတစ်လေ ကလေးဆန်ဆန်အတွေးခေါ်တွေ ခံစားချက်တွေနဲ့ Feeling ပေတံကြီးနဲ့လိုက်တိုင်းတိုင်းနေတတ်တဲ့အကျင့်ကိုမပျင်နိုင်သေးဘူး အဲဒါပိုဆိုးတယ် သိ့နေ လျှက်နဲ့မပြင်နိုင်တာ လူညံ/လူမိုက် တဲ့ ပညာရှိသူတော်ကောင်းတွက ဆုံးမသြ၀ါဒတွေပေးခဲ့တာကို သိ့မှတ်ခဲ့တာတောင် မပြုပျင်နိုင်သေးဘူး။ ကိုယ့်ပတ်ဝန်းကျင်ကလူတွေနဲ့ သူတို့တတွေရဲ့ခံစားချက်ကို လစ်လျှုရူတတ်တဲ့ အလေ့ထကို ဘယ်လိုက ဘယ်လို ပိုင်ဆိုင်နိုင်ခဲ့တာလဲဆိုတာတွေးလို့ အံ့သြမဆုံးနိုင်ဖြစ်နေတယ်။ ပြီးတော့မှ ဘာပြောလိုက်တာလဲ ဘာဖြစ်နေတာလဲလို့ပြန်ပြန်မေးတတ်တဲ့ အကျင့်မကောင်းဘူးဗျာ။ တစ်ခုခုပြော လိုက်တိုင်းလဲ ဟင်ဟင်နဲ့ ပြန်ပြန်မေးတတ်တဲ့ အကျင့်ပဲ။ ကိုယ့်ကြောင့် တော့ သူတပါးကို မနစ်နာစေချင် မထိ့ခိုက်စေချင်ဘူး ကိုယ်က ဘာမှပြန်လည်လုပ်မပေးနိုင်သေးတော့ ပိုလို့ ၀မ်းနည်းစရာတွေဖြစ်ရတယ်။ တစ်ခါတစ်လေ ...

နားခိုရာ

Image
လေနှင်ရာခရိးပဲမင်းပျံသန်း အမှောင်တွေထဲတိစွန့်ဝင်လား လေဟုတ်ဆိးရင်းဝေးနေဆဲ........... ကြွေလွင်သွားမဲ့နေတွေလဲ... ဒဏ်ရာများနဲ့ဖြတ်ကျော်ဆဲ ပြန်လာခဲ့ဖို့သင့်ပြီမို့.........၀ိုး...အို...၀ိုး အေးရိပ်တစ်ခုမှာခိုနားခွင့်ရခဲ့ချင်လဲ အေးမြအရိပ်ဘယ်မှာရှိမလဲ တကယ်ဆိုမင်းအနီးနားရှိပြီးသားပါပဲ........ ခိုဝင်ကာမှေးစက်တော့ သခင်အေးရိပ်လေးထဲ ၀ိုး.......အို....... ဝေးလွင့်ငှက်ငယ် အတောင်ညောင်းလဲမင်းဆက်ပျံဆဲ.... မိုးချုပ်လုပြီ အချိန်လေးမနှောင်းခင်လှည့်ပြန်ခဲ့.......၀ူး..........၀ူး....... လေနှင်ရာခရိးပဲမင်းပျံသန်း အမှောင်တွေထဲတိစွန့်ဝင်လား လေဟုတ်ဆိးရင်းဝေးနေဆဲ........... ကြွေလွင်သွားမဲ့နေတွေလဲ... ဒဏ်ရာများနဲ့ဖြတ်ကျော်ဆဲ ပြန်လာခဲ့ဖို့သင့်ပြီမို့.........၀ိုး...အို...၀ိုး အေးရိပ်တစ်ခုမှာခိုနားခွင့်ရခဲ့ချင်လဲ အေးမြအရိပ်ဘယ်မှာရှိမလဲ တကယ်ဆိုမင်းအနီးနားရှိပြီးသားပါပဲ........ ခိုဝင်ကာမှေးစက်တော့ သခင်အေးရိပ်လေးထဲ ၀ိုး.......အို....... ဝေးလွင့်ငှက်ငယ် အတောင်ညောင်းလဲမင်းဆက်ပျံဆဲ.... မိုးချုပ်လုပြီ အချိန်လေးမနှောင်းခင်လှည့်ပြန်ခဲ့.......၀ူး..........၀ူး....... ရေးတာဘယ်သူမှန်းမသိ့ပေမဲ့ မျိုးကြီး ဆိုထားတဲ့ နားခိုရာ ဆိုတ...

နံမည်မသေသူများ

လူသေပေမဲ့နံမည်ကောင်းနဲ့နောင်လာနောက်သားတွေကိုအခုထက်တိုင်အေးချမ်းသောခံစားမှုလေးတွေပေး ဆွမ်းခဲ့သောသူတွေအများကြီးပါ အဲအထဲမှာကျနော်သိသောသူတွေ မသိ့သောသူတွေအများကြီးပါ မှိလိုက်တာ တွေရှိသလို မမှီလိုက်ပဲကြားဖူးရုံကြားဖူးလိုက်တာတွေလဲအများကြီးပါပဲ အရင်ဆုံးတော့ မမေ့နိုင်တာက ကျနော့် ကျေးဇူးရှင် အဖေ နောက် ကျနော့်ကို ပညာတွေသင်ပေးခဲ့တဲ့ ကျေးဇူးရှင် ဆရာမကြီး ဒေါ်အေးအေး သူတို့တတွေက ကျနော်မှီလိုက်သိ့လိုက်တဲ့ကျနော့်ဘ၀ရဲ့ ကျေးဇူးရှင်ဘ၀သခင်တွေပါ သူတို့ပေးခဲ့တဲ့ အသိ့ညာဏ်ပညာတွေကြောင့်လူလားမြောက်ခဲ့ရပါတယ်ဆိုတာဝန်ခံလိုက်ပါရစေဗျာ.... ကျနော် အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လူဘ၀အတွက်နေထိုင်နည်းတွေ ပညာတွေ သင်ညာတွေ အစုံသင်ပေးခဲ့တဲ့သူနှစ် ယောက်ပါလို့အရင်မှတ်ချက်ပေးပါတယ် နောက်ကျနော်ထပ်မှိလိုက်တာက လူဘ၀မှာ နေထိုင်တဲအချိန်မှာ မမေ့ လျှော့သင့်တာတွေကို သင်ကြားပြသပေးခဲ့တဲ့ ၂၁မိုင်ရွာ မှာ အိန္ဒြိယ ဗုဒ္ဒဂါယာဒေသမှ စေတိပုံတူ တည်ထားပေးခဲ့တဲ့ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး ရန်ကုန်မြိုရွှေရင်မျှော်ကျောင်းဆရာတော်ကြီး ဦးဇာဂရ(မန္တလေးမြင်းဝန်တိုက် တိုက်အုပ်ကြီး) ပါပဲ ဆရာတော်ကျေးဇူးတော်အနန္တကို စိတ်အစဉ်မှာစွဲထင်နေပါ တယ်။ ကျနော့်အဖေကပြောပြခဲ့...

ချစ်သူ

ဘယ်ချိန်ခါမဆို ထာဝစဉ် ပြုံးရွှင် နေတတ်တဲ့ ကိုယ့်ချစ်သူ တစ်ခါတစ်ခါ သူစိတ်တိုင်းမကျတောင် အစဉ်အားပေးတတ်တဲ့သူ ကိုယ်ပျော်ရင် သူလည်း ပျော်တယ် ကိုယ်ငိုရင် သူလည်း ငိုတယ် တခါတလေများ အပြင်ပြဿနာတွေ ယူလာမိ သူစိတ်မချမ်းသာအောင် ပြန်လည်တွေးတိုင်း သနားလို့လာတယ် ဘယ်သူနဲ့မှ မတူဘူး အနိုင်ယူတတ်တဲ့ ကိုယ့်တစ်ယောက်ကိုကွယ် ခွင့်လွှတ်ရင်း အမြဲဂရုစိုက်တတ်တဲ့ ကိုယ့်ချစ်သူ ဘယ်ချိန်ခါမဆို ကိုယ့်အနားမှာ အစဉ်ရှိတဲ့ ကိုယ့်ချစ်သူ ကြာလာလေလေ ပိုချစ်လာလေ တကယ်ပြည့်ဝလွန်းတဲ့သူရယ် သူပျော်ဖို့ ရှေ့တန်းတင်မယ် ဒီသီချင်းလေးနဲ့ကိုယ်တောင်းပန်မယ် သူနေချင်တဲ့ ဘ၀မျိုးမှာ အတူနေနိုင်ဖို့ ကိုယ်ကြိုးစားမယ် ဒီသီချင်းလေး သူ့အတွက်ဆိုမယ် ကြင်နာတတ်တဲ့ သူ့အကြောင်းတွေ ပြန်လည်တွေးတိုင်း သနားလို့လာတယ် ဘယ်သူနဲ့မှ မတူဘူး အနိုင်ယူတတ်တဲ့ ကိုယ့်တစ်ယောက်ကိုကွယ် ခွင့်လွှတ်ရင်း အမြဲဂရုစိုက်တတ်တဲ့ ကိုယ့်ချစ်သူ ဘယ်ချိန်ခါမဆို ထာဝစဉ် ပြုံးရွှင် နေတတ်တဲ့ ကိုယ့်ချစ်သူ တစ်ခါတစ်ခါ သူစိတ်တိုင်းမကျတောင် အစဉ်အားပေးတတ်တဲ့သူ ကိုယ်ပျော်ရင် သူလည်း ပျော်တယ် ကိုယ်ငိုရင် သူလည်း ငိုတယ် တခါတလေများ အပြင်ပြသနာတွေ ယူလာမိ သူစိတ်မချမ်းသာအောင် ပြန်လည်တွေးတိုင်း သနားလို့လာတယ် ဘယ်သူန...