ပညာတက် လူမိုက်
လူတွေက အမှန်ကို လက်ခံဖို့ သတ္တိမရှိ ခဲ့ကြတာလား ဒါမှမဟုတ် အမှန်တရားကို ရင်မဆိုင် ရဲ့ခဲ့ကြတာလား ဒါမှမဟုတ် အသိညာဏ်မွဲခဲ့လို့ ဇွတ်မျက်စေ့မှိတ်ညင်းနေကြသလား ဆို တာကို ကျနော် နားမလည်နိုင်တော့ဘူး။ အင်္ကျိ အဖြူ ဝတ်ထားတိုင်း လူလိမ္မာတာ့ မဖြစ်နိုင်သလို သရုပ်ပျက် အဝတ်အစား ဝတ်ထားပေမဲ့ လူ့ဘောကျော့လို့စွတ်ဆွဲလိုမရပါဘူး သူပြုသလို သူ့ထံပြန်တာကို လက်ခံနိုင်ဖို့ ကျနော်တို့ တွေဝေနေကြတယ်။ လမ်းလျှောက်တက်စ ကလေးကို လဲကျမှာစိုးရီမ်နေရင်တော့ ကလေးကို ဝှိးချဲပေါ်တင်ပြီး တသက်လုံး တွန်းပေး လိုက်ပေတော့။ အဖြစ်အပျက် အမှန်ကို လက်ခံနိုင်ဘို့အတွက် ကျနော် တို့ မှာ ထိုက်သင့်တဲ့ ပညာ တွေးတေားကျံဆမှု လူတန်းဆေ့ အတွေ့ကြုံတွေရှိပါလျှက်ကယ် နဲ့ အမှန် ကို မမြင်နိုင်ဘူးဖြစ်နေတာ ဘာကြောင့်လဲလို့တွေးမရဘူး။ တချို့ တချို့ လူတွေ သိပ်ပြီးတော့ကို ပညာတက်ကြတယ် တော်ကြတယ် ထူးချွန်ထက်မြက်တယ် ဒါပေမဲ့ သူတို့တွေ မှာ အားနည်းတာတွေလည်းရှိမှာပါ။ အထူးသဖြင့် ကျနော်တို့ မြန်မာလူမျိုးများမယ် ပိုမယ်လို့ ကျနော် ထင်တယ်။ ကိုယ် ယုံကြည် အားထားတဲ့ အရာ အကြောင်းကိစ္စ ပုဂ္ဂိုလ် စသဖြင့်ပေါ့လေ ဖောက်ပြားတာ ပျက်ပျယ်တာမြင်ရင် တွေ့လိုက်ရင် ဇွတ်ခြေစုံကန်ငြင်းပြီး မဖြစ်သင့်ဘ...