တမ်းတလွမ်းဆွတ်ခြင်းများစွာဖြင့်
ကျနော် ဘလောဒ်မရေး ဖြစ်တာ နည်းနည်းကြာသွားပြီ။ အလုတ်တွေ ပိနေတာလဲ ပါလို့ ပြီးတော့ ရေးမယ်ဆိုလဲ အဓိပ္ပာယ်ရှိတာလေး ရေးချင်တာပေါ့ မရေး တတ်တော့ ရေးတတ်တဲ့အကြောင်းလေးတွေ ရှာကြံရေးရတော့ ကွိုင်လေး ရုပ်ကုန်ရော။ ကိုယ်က ခြေရှည်လျှောက်သွားတော့ တွေ့ တွေ့တော့မနေနိုင်မထိုင်နိုင်ဖြစ် ဖြစ်တော့ရေး ရေးတော့ ထိထိမိမိ မရေးတက်တော့ ဆဲသလိုဖြစ် သပွတ်အူထဲ စာသိုက်ဖွဲလိုက်သလား အောင့်မေ့ရတယ် ဗျို့။ အရင်းစစ်တော့ အရေးမတက်တော့ ဆဲသလို ဖြစ်နေတာ တွေ့ရရော ဒါမောင်မျိုးအောင် မှတ်သားရဦးမဲ့ အချက်တစ်ချက်။ အခုတလော စာလဲ မဖက်ဖြစ် ဘလောဒ့်တွေလဲမရောက်ဖြစ် ကိုယ်တောင် သူများဘလောဒ်တွေမရောက်ဖြစ်တော့ ကိုယ့်နားလည် လာမဲ့သူရှိမှာမဟုတ်လောက်ပါဘူးလေ ဆိုပြီး ပစ်ထားလို့လဲ မဖြစ် ဝါသနာကိုက အပိုးမသေတော့ ဘယ်သူရှိရှိ မရှိရှိ ရေးမှာပဲ အားပေးသူမရှိလဲ ရေးနေဥိးမှာပဲလေ။ ဒါနဲ့ အခုတလော "ဧရာဝတိ" တော်တော်လှိုင်းကြီးနေတယ်။ ဒါနဲ့ ဘာလိုလိုနဲ့ ဘကျောက် နှစ်လည်ပြည့်တော့မယ်နဲ့တူတယ် ဘာပဲဖြစ်ဖြစ် ကျနော် လေးစားတဲ့ စာအရေးသားကောင်းတဲ့ အတွေ့ကြုံတွေကိုလှည်းကြီးနဲ့တိုက်ပြီး ချပြတဲ့ ဘကျောက် ကောင်းရာသုဂတိ လားပါစေလို့။ ဒိလိုပဲ မကွေးခင် ကွေးနေတာလေး မဆန့်ခင် သ...