Posts

Showing posts from 2011

တမ်းတလွမ်းဆွတ်ခြင်းများစွာဖြင့်

ကျနော် ဘလောဒ်မရေး ဖြစ်တာ နည်းနည်းကြာသွားပြီ။  အလုတ်တွေ ပိနေတာလဲ ပါလို့ ပြီးတော့ ရေးမယ်ဆိုလဲ အဓိပ္ပာယ်ရှိတာလေး ရေးချင်တာပေါ့ မရေး တတ်တော့ ရေးတတ်တဲ့အကြောင်းလေးတွေ ရှာကြံရေးရတော့ ကွိုင်လေး ရုပ်ကုန်ရော။ ကိုယ်က ခြေရှည်လျှောက်သွားတော့ တွေ့ တွေ့တော့မနေနိုင်မထိုင်နိုင်ဖြစ် ဖြစ်တော့ရေး ရေးတော့ ထိထိမိမိ မရေးတက်တော့ ဆဲသလိုဖြစ် သပွတ်အူထဲ စာသိုက်ဖွဲလိုက်သလား အောင့်မေ့ရတယ် ဗျို့။  အရင်းစစ်တော့ အရေးမတက်တော့ ဆဲသလို ဖြစ်နေတာ တွေ့ရရော ဒါမောင်မျိုးအောင် မှတ်သားရဦးမဲ့ အချက်တစ်ချက်။ အခုတလော စာလဲ မဖက်ဖြစ် ဘလောဒ့်တွေလဲမရောက်ဖြစ် ကိုယ်တောင် သူများဘလောဒ်တွေမရောက်ဖြစ်တော့ ကိုယ့်နားလည် လာမဲ့သူရှိမှာမဟုတ်လောက်ပါဘူးလေ ဆိုပြီး ပစ်ထားလို့လဲ မဖြစ် ဝါသနာကိုက အပိုးမသေတော့ ဘယ်သူရှိရှိ မရှိရှိ ရေးမှာပဲ အားပေးသူမရှိလဲ ရေးနေဥိးမှာပဲလေ။ ဒါနဲ့ အခုတလော "ဧရာဝတိ" တော်တော်လှိုင်းကြီးနေတယ်။  ဒါနဲ့ ဘာလိုလိုနဲ့ ဘကျောက် နှစ်လည်ပြည့်တော့မယ်နဲ့တူတယ် ဘာပဲဖြစ်ဖြစ် ကျနော် လေးစားတဲ့ စာအရေးသားကောင်းတဲ့ အတွေ့ကြုံတွေကိုလှည်းကြီးနဲ့တိုက်ပြီး ချပြတဲ့ ဘကျောက် ကောင်းရာသုဂတိ လားပါစေလို့။  ဒိလိုပဲ မကွေးခင် ကွေးနေတာလေး မဆန့်ခင် သ...

ပညာတက် လူမိုက်

လူတွေက အမှန်ကို လက်ခံဖို့ သတ္တိမရှိ ခဲ့ကြတာလား ဒါမှမဟုတ် အမှန်တရားကို ရင်မဆိုင် ရဲ့ခဲ့ကြတာလား ဒါမှမဟုတ် အသိညာဏ်မွဲခဲ့လို့ ဇွတ်မျက်စေ့မှိတ်ညင်းနေကြသလား ဆို တာကို ကျနော် နားမလည်နိုင်တော့ဘူး။ အင်္ကျိ အဖြူ ဝတ်ထားတိုင်း လူလိမ္မာတာ့ မဖြစ်နိုင်သလို သရုပ်ပျက် အဝတ်အစား ဝတ်ထားပေမဲ့ လူ့ဘောကျော့လို့စွတ်ဆွဲလိုမရပါဘူး သူပြုသလို သူ့ထံပြန်တာကို လက်ခံနိုင်ဖို့ ကျနော်တို့ တွေဝေနေကြတယ်။ လမ်းလျှောက်တက်စ ကလေးကို လဲကျမှာစိုးရီမ်နေရင်တော့ ကလေးကို ဝှိးချဲပေါ်တင်ပြီး တသက်လုံး တွန်းပေး လိုက်ပေတော့။ အဖြစ်အပျက် အမှန်ကို လက်ခံနိုင်ဘို့အတွက် ကျနော် တို့ မှာ ထိုက်သင့်တဲ့ ပညာ တွေးတေားကျံဆမှု လူတန်းဆေ့ အတွေ့ကြုံတွေရှိပါလျှက်ကယ် နဲ့ အမှန် ကို မမြင်နိုင်ဘူးဖြစ်နေတာ ဘာကြောင့်လဲလို့တွေးမရဘူး။ တချို့ တချို့ လူတွေ သိပ်ပြီးတော့ကို ပညာတက်ကြတယ် တော်ကြတယ် ထူးချွန်ထက်မြက်တယ် ဒါပေမဲ့ သူတို့တွေ မှာ အားနည်းတာတွေလည်းရှိမှာပါ။ အထူးသဖြင့် ကျနော်တို့ မြန်မာလူမျိုးများမယ် ပိုမယ်လို့ ကျနော် ထင်တယ်။  ကိုယ် ယုံကြည် အားထားတဲ့ အရာ အကြောင်းကိစ္စ ပုဂ္ဂိုလ် စသဖြင့်ပေါ့လေ ဖောက်ပြားတာ ပျက်ပျယ်တာမြင်ရင် တွေ့လိုက်ရင် ဇွတ်ခြေစုံကန်ငြင်းပြီး မဖြစ်သင့်ဘ...

19 July

Image
၆၄ နှစ်တဲ့ ကျနော့်အသက် နှစ်ပြန်ကျော်ကြာညောင်းခဲ့ပြီ ဒါပေမဲ့ ကျနော် မမှိလိုက်တဲ့ ကျနော်လေးစားအားကျတဲ့ ပုဂ္ဂိုလ်ကြီးတွေ သွေးမြေခ တဲ့နေ့ ဒီကနေ့ ၆၄ နှစ်ပြည့်လေပြီ။  ကျနော် နိုင်ငံရေး မသိပါ နိုင်ငံရေး နားမလည်ပါ သို့ပေမဲ့ နိုင်ငံတော်ကိုချစ်သည် လူမျိုးကိုမြတ်နိုးသည် စာပေကို တန်ဖိုးထား လေးစားသည်။ ထို့အတူ ဖျောက်ဖျက်မရနိုင်တဲ့ သမိုင်းထဲက နေ့ရက်တွေကို အမှတ်တရ ရှိနေသည်။  ထို့အတူ မြန်မာလူမျိုးတွေတိုးတက်ဖို့ လမ်းဖောက်ခဲ့တဲ့သူတွေကို သတိရသည် လွမ်းပါသည် မမှိပဲ လျှောက်ပြောတယ်လို့ ဆဲလည်း ခံပါမယ်။  ကျနော်တို့ ရဲ့ကျေးဇူးရှင်တွေကိုတော့ ကျနော် တို့ရဲ့မျိုးဆက်တွေ မေ့နေပါပြိ မသိတော့ပါ။ မေးကြည့်ပါ ၁၉ July မှာကျဆုံးသွားတဲ့ အာဇာနည် ကိုးဥိး နာမည်တွေ ပြောပြပါဆို တလွဲတွေဖြေပါလိပ်မည်၊ ကျနော် အာဇာနည်နေ့ကို နောက်ပြောင်နေတာ မဟုတ်ပါဘူး တကယ်ဖြစ်ပျက်နေတဲ့ အကြောင်းလေးကိုတိုက်ဆိုင်တုန်း ပြောပြတာပါ။ အောက်က ပုံလေးကို ကျနော် သူငယ်ချင်းတစ်ယောက် ဖေ့ဘွခ်မှ ရယူပါတယ်။  ကျေးဇူးမတင်ချင်နေပါ ကျေးမကန်းကြပါနဲ့။ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု။   အလေးပြုပါသည် by မေလှမြိုင် (ရေး-ဂစ်တာတင်အ...

ကျနော် မျိုးအောင် နဲ့ စပ်မိ စပ်ရာ

စာရေးဖို့ ကွန်ပျုတာရှေ့မှာ မရောင်မလည် လုပ်နေတာ သုံးလေးရက်ရှိပြီး မရေးဖြစ်တာတော့ မဟုတ်ပါပဲ ရေးပြီး စိတ်တိုင်း မကျတာ ကိုယ်ရေး ထားတာတွေ က တခြားသော စာဖက် တဲ့သူအတွက် အသုံးတည့် မတည့် ဆိုတာတွေတွေးတေားပြီး မရေးဖြစ် တကယ်ဆို တွေဝေ နေစရာမလို ကိုယ်က တကယ့်စာရေး ဆရာ မှမဟုတ် ဆိုပြီး ရေးချလိုက် လို့ရသည် အမှန်အကန်ပြန်စဉ်းစားကြည့်တော့ ငါတောင် စာအရေးအသားကောင်းတာကိုကြိုက်တာပဲ တခြားသော စာဖက် တဲ့လူတွေလဲ ငါ့လိုပဲ နေမှာ ဆိုပြီး Post List မှာ Draft တွေများနေတော့ စိတ်ထဲ ခုလိုခုလုကြီးရယ်။  ဖြစ်ခြေဘူး အခု ငါဖြစ်နေတာကို မြို့မေတ္တာ ခံယူမှ ဆိုပြီး ကျနော့် ဘလောဒ်ကို မျက်စေ့လည် လမ်းမှာလို့ဖြစ်စေ အတည်ပေါက်နဲ့လာရောက်တာမျိုးဖြစ်စေ ပေါ့ အကြံညာဏ်လေး ပေးခဲ့ပါလို့။  နောက်ထပ်ဝန်ခံစရာရှိတာက ကျနော် မြန်မာလူမျိုးပါ အရှက်ခွဲရတာမဟုတ် ရပါဘူးဗျာ တကယ်ပါ ကျနော် မြန်မာ ဖြစ်ပါလျှက်ကယ်နဲ့ မြန်မာစာ စာလုံးပေါင်း မမှန်တာ ရှက်ရှက်နဲ့ ဝန်ခံပါမယ် ကျနော် မှားနေတာ လွဲနေတာတွေ ကို လက်ပိုက်ကြည့်လှန်ပြန်တာမျိုး မလုပ်ပဲ ဝေဖန် အကြံပေး လုပ်ပေးပါလို့ တောင်းဆိုပါရစေ။ ကျနော် မှိဉာဏ်း ကိုးကားထားတဲ့ Web Design ဆိုတာ ဆိုတဲ့ခေါင်းစဉ်လေးကို အချေားသ...

Happy Birthday

လူတိုင်းမှာ အမေ။ အခြား သတ္တဝါတွေမှာလဲ အမေ တဲ့ ရှိကြတယ်လေ။  ကျနော် မှာလဲ အမေ ရှိတယ်ဗျ။  ကျနော် သိပ်ချစ်တဲ့ ကျနော် အမြဲအတုယူလေးစားတဲ့ ကျနော် အားကျတဲ့ လူ အဲဒီလူကို လက်ဆွဲခေါ်ပြ ဆို ကျနော် ဝမ်းသာအားရ လက်ဆွဲပြမှာ ကျနော့်အမေ ပဲ။ ကျနော်တို့ကို အမေက အဖေကွယ်လွန်ပြီးတဲ့အချိန် ကတည်းကနေပြီး အခုထက်ထိ့ ထိမ်းသိမ်းစောင့်ရှောက်ခဲ့တာ ရှာမှရှားအာဂသတ္တိတွေနဲ့ ကျနော့် သူရဲကောင်း ကြီးပဲ။  အဖေ ရှိစဉ်က ကျနော်တို့မိသားစုမယ်(လူစုံတုန်းဖောက်သည်ချလိုက်ဥိးမယ်) ရွှေမျိုးခေါ်မလား   ဆွေမျိးခေါ်ရမလား တောင်မသိတဲ့ လူတွေ ကျနော်တို့ နေထိုင်တဲ့ တဲစုပ်လေးအနား ယောင်လို့တောင် ကပ်မလာခဲ့ဘူး။  ဒါဆို မင်းအဖေက ဆိုးလို့နေမှာပေါ့ဆိုရင် ဟင့်အင်းလို့ ကျနော် ငြင်းပါမယ် ခြေကန် ငြင်းပါ မယ်ဗျာ။  အဖေက အမေ့ကို ဒီလို သွန်သင်ဆုံးမ သဗျ သန်းနွဲ(ကျနော့်အမေကို အဖေက ချစ်စနိုးနဲ့ခေါ်တာ) လူမှန်သမျှ မတည့်တဲ့လူမရှိရလေအောင် ပေါင်းသင်းရတယ်။  အဖေက ဘုန်းကြီးကျောင်းသားဆိုတော့ မြန်မာ စာကို ကောင်းကောင်း တက်တဲ့ အခါ ဘယ်ကျမ်းက ဘယ်လို ဘယ်ကျမ်းမှာတော့ ဘယ်သို့ဆိုပြီး ကျနော်တို့ မိသားစု ညစာ စားတဲ့အချိန်မှာ အဖေက အမေကို ပြောပြ ဆုံးမတာ။...

ကျနော် Web Developer

ကျနော် ဘလောဒ်ကိုရေးလိုက် မရေးလိုက် လုပ်နေတာ တော်တော်ကြာပြီဗျ။ ဘာအကြောင်းမှ ရှိတာလဲ မဟုတ်ဘူး ပျင်းတာနဲ့ကိုမရေးဖြစ်တော့တာ မရေးဖြစ်တော့ ပြန်ရေးမယ်လုပ်တိုင်း မရေးဖြစ်တော့ဘူး။ ရေးဖို့ အကြောင်းအရာတွေက အများကြီး ရှိတာ ရှိတာတွေကို စဉ်းစားလိုက် ခေါင်းထဲတင် စာစီနေတာ နဲ့ တစ်နှစ်ကုန်ကုန်သွားတာ များနေပြီ။  ကျနော် က တခြားခံစားချက်တွေသိပ်မရှိလှဘူးရယ် ဆိုတာက အသည်းကွဲတာတို့ ဘာတို့ပေါ့လေ။ ဒါပေမဲ့ အချစ်တော့ ရှီတယ်ဗျ။ ထားပါလေ့ ကျနော်ပြောပြချင်တာက ပြည်ပမှာနေတဲ့အတွေ့ကြုံလေးပေါ့ အခုလောလောဆယ်လဲ တိုင်းတပါးမှာပဲ တတ်မြောက်ခဲ့တဲ့ ပညာလေး အားကိုးပြီး ကုလားဖြူစကားကို လုံးလည်ခြာလည်လိုက်နေအောင်ပြောပြီး မြန်မာ ဆိုတာဘာလဲ သိအောင်။ ကိုယ့်အတွက်လဲ အသိပညာ အတတ်ပညာလေးရအောင် နေထိုင်နေပါတယ်။ ထားပါလေ့ ကျနော် အခုပြောပြချင်တာက ကျနော် အလုပ်ထဲမှာတွေ့ကြုံရတာလေးပြောပြချင်လို့ဗျာ ဒီလို ကျနော် က အခု လောလောဆယ်တော့ Web Developer ဆိုပြီး ကုပ္ပဏီ တစ်ခုမှာ လုပ်နေတယ်ပေါ့လေ။  အဲဒီကုပ္ပဏိမယ် သူဌေးကိုက နှစ်ယောက်ကြီးကိုရှိတာ တစ်ယောက်ကတော့ ခပ်အေးအေးပဲ စကားသိပ်မပြောဘူး အလုပ်လဲ သိပ်လုပ်လှတယ်တော့မဟုတ်ဘူးရ...

Return Home

ကိုယ့်ဘလောဒ်ကို ကိုယ်မရောက်တာကြာပြီ ကြာပြီဆိုတာက အချိန်တွေမပေးနိုင်သေးတာရော မရေးချင်တာတွေကြောင့်ပါ။ ရေးမယ်ဆိုတော့ ဘာတွေဘယ်လိုပြန်ရေးမယ်ဆိုတာ မရှိတော့သလို မသိတော့ဘူးလေ ကျနော် ဘလောဒ့်တွေကိုတော့ အမြဲရောက်တယ် တချို့ ဘလောဒ်တွေဆို ကျနော် Reader မှာထည့်ထားပြီး ဖက်ဖြစ်တယ် တချို့ဘလောဒ်တွေကို အရမ်းကြိုက်တာ ကြိုက်တယ်ဆိုတာက သူတို့တွေ့ ခဲ့ ကြုံ ခဲ့တာတွေကို ဖွဲ့နွဲ့သိကုံးထားတဲ့ အလှတရားတွေကို ကြိုက်တာ အရမ်းကြိုက်တဲ့ ဘလောဒ်ဂါကြီး တစ်ဥိး ရှီတယ် ရှိတယ် ဆိုပေမဲ့ ကျနော် အခုရေးနေတဲ့အချိန်မှာ သူလူ့လောကမှာ မရှိတော့ဘူး သူ သူဆိုတာက အများကရော ကျနော်ပါ သူ့ ကို ကိုကြီးကျောက် ဘကျောက်လို့ သိ့တဲ့ ကျောက်ခဲတုံးကြီး ရွှေရတု မှတ်တမ်း ပါပဲ။ သူကျနော့်ကို အားပေးဖူးတယ် ဒါပေမဲ့ အဲဒီအချိန်က မရေးခဲ့ဘူး ဂတိ့ပေးခဲ့တယ် ဒါပေမဲ့ ကျနော် ဂတိ မတည်ခဲ့ဘူး။ အခု ကျနော်ပြန်ရေး ပါပြီဆိုတဲ့ အချိန်မှာတော့ သူမရှိတော့ဘူး ကျနော့် စာတွေလွှဲနေတာ သူမ သိတော့ဘူးလေ။ ဘကျောက် ကျနော် ပြန်လည်နိုးထလာပါပြိ။ နောက် ကျနော် လေးစားတဲ့ကျောက်ခဲ တစ်လုံး ရှိပါသေးတယ် သူက ကိုအောင်သာငယ် ပါ သူတိုက ကျောက်ခဲအမျိုးတွေ။ ကျောက်ခဲတွေ တွေ့ရင် မနေနိုင်မထိုင်နိုင် ဖြစ်တဲ့လူတွေ...