Posts

Showing posts from September, 2007

အမှားတွေ နောင်ဒတွေ

လူတိုင်းနိးပါမှာ အမှားတွေ နောင်ဒတွေဆိုတာရှိတတ်ကျမှာပါ အဲဒီအမှားတွေ နောင်ဒ တွေမှာ သိ့သိ့ကြိးနဲ့ မှားတာတွေ ဖြစ်တက်မယ်လို့ထင်တယ်။ ကျနော် ကတော့ အမှားတွေ နဲ့ဘယ်တော့မှ ကိုမလွှတ်တော့ဘူးထင်တယ် စာရေးတာမှား ...မှား တော်တော်များနေဘိ ။ ကျနော် သူငယ်ချင်းတွေကတောင် ကျနော် ကိုတော်တော်လေး စိတ်ကုံနေလောက်ပြိ ဒါပေမဲ့ ကျနော် အခုတစ်လော အခြေနေတော်တော် တိုးတက်လာတယ်ပြောရမယ် အမှားနည်းသွားတယ်လို့ ခံစားရတယ်ဗျ။ မှားတော့မယ်လို့ထင်လာရင် သိချင်းတွေနားထောင်ပြစ်လိုက်တယ် ရှင်းရော။ စိတ်ညစ်လာရင်လည်း သိချင်းတွေနားထောင်လိုက်တယ်။ စာဖတ်ဖြစ်လာတယ်။ အလုပ်ထဲမှာနှစ်ပြစ်လိုက်တယ်။ တစ်ချိုတစ်ချို့တွေကို တက်နိုင်သလောက်မေ့ပြစ်လိုက်တယ်။ ရှောင်ထွက်လိုက်တယ်။ ခေါင်းရှောင်တာ တော့မဟုတ်ဘူးနော်။ ပြဿနာရှင်းအောင်နေတက်လာတယ်ကျနော်က အတော်ပြဿနာရှာတဲ့ကောင်ဗျ။ မယုံရင် ကိုစတိဗျစ် ကိုမေးကြည့်။ ကျနော်တို့နှစ်ယောက်က အတူရှိတာများလို့ပါ။တက်နိုင်သလောက်တော့စဉ်ခြင်လာ တယ်ပေါ့ဗျာ။ မစဉ်ခြင်လို့လည်းမရတော့ဘူးလေ အရင်လိုမှမဟုတ်တော့တာ။ ချစ်စကို ရှည်စေ မုန်းစကိုတိုစေ လို့ပြောတယ်မို့လား။ ကျနော် လူတွေရဲ ချစ်ခင် မှုကိုသာမြတ်နိုးတာ။ အမုန်းတွေကိုမလိုချင်ဘူးလေ ဒါ့ကြော...

ရာဇသံပြင်းထန်လိုက်ပုံက

သူတောင်းစား(ဖက်ခွက်စား) တစ်ဦးသည် ကြေးနှဲ ကြီးတစ်လက်ကိုပိုက်လျှက် ရထားပေါ်တက်လာပြီး စည်းဝါးမပါဘဲ ကြေးနှဲကြီးကို အလွန် ကျယ်လောင် ဆူညံစွာ မိနစ်အနည်းငယ် တီးမှုတ်ပါသည်။ ထို့နောက် ပိုက်ဆံတောင်းရာတွင် အသုံးပြုသော၎င်း၏ ခွက်ကိုထုတ်လိုက်ပြီး ပြောလိုက်ပုံမှာ.............. `ကျွန်တော် ဒီခွက်နဲ့ လိုက်ပြိး ပိုက်ဆံတောင်းပါတော့မယ်၊ သတိပြုဖို့ကတော့ ကျွန်တော် လိုသလောက် ပိုက်ဆံမရသေးဘူးဆိုရင် ဒီနှဲကြီးနဲ့ လူကြီးမင်းများကို ထပ်မံ ဖျော်ဖြေပါလိပ်ဦးမယ်မယ်´ ဟူသတည်း

မင်းအဖေအခုဘယ်မှာလဲ

ကောက်လှိုင်း အထုံးများ အပြည့်အမောက် တင်လာသ့် လှည်းတစ်စီး မှောက်သွားရာ၊ လှည်းဘေးမှ လူငယ်ဆိသို့ အနီးမှ လူကြီးတစ်ယောက်ရောက်လာ၏။ လူကြီး ၊ ၊လူလေး ဒီလောက်ကြီးလဲပျာယာခတ်မနေပါနဲ့ကွာ၊ တို့အိမ်မှာ တစ်ခုခု လိုက်စားပြီးမှ ၀ိုင်းထောင်ကြတာပေါ့။ လူငယ်၊ ၊ကျေးဇူးတင်ပါတယ် ဦးလေးရယ် ဒါပေမဲ့ အဖေက ဒေါပွနေမှာ။ လူကြီး ၊ ၊အို....လိုက်ခဲ့စမ်းပါ သားရယ်၊ အချိန်ရပါသေးတယ်။ လူငယ်၊ ၊ဒါဆိုလဲ လိုက်ခဲ့မယ်ဗျာ၊ အဖေဒေါပွနေမှာတော့ သေချာတယ်။ သူတို့နှစ်ဦးညစာ စားပြီးနောက် `ကျေးဇူးတင်လိုက်တာ ဦးလေရယ်.....၊ ဒါပေမဲ့ အဖေကတော့ တကယ်ကို စိတ်တိုနေလောက်ပြီ´ ဟုပြော၏ လူကြီး ။ ။ ဟင်-မင်းဟာကလဲ ဒီလောက်အဖြစ်သည်းနေရအောင် မင်း အဖေက အခုဘယ်မှာမို့လဲ။ လူငယ်။ ။ လှည်းအောက်မှာလေ ဦးလေးရဲ့

အတ္တဟိ အတ္တနော နာထော့

ကံကောင်း မကောင်း ကိုယ့်ကိုယ် ကိုပြန်မကြည်ဘဲ လောကကို အလကားနေရင်း ကဲ့ရဲ့တဲ့အကောင်ဟာ ကိုယ်ပါပဲ။ ခံနိုင်ရည်အခွံပြုတ် စတ်ဓာတ်တွေခြချူချာ၊ ခွန်အားကို ခြိုးခြံလွန်းလို့၊ အခွင့်ရေးတွေဆုံးရှံး၊ ခွေးလုံးလုံး ဖြစ်နေရတော့မလား။ ဂရုတစိုက်၊ ဂွရထားပြီး စဉ်းစား၊ ဂေါတမဘုရားရဲ့ အဆုံးမ၊ ဂဃနဏ တွေးစရာ၊ ဂုဏ်ဆိုတာ အလုပ်၊ အလုပ်ဆိုတာ ကံ၊ ဂန္တ၀င်မြောက်နိုင်တာ လူပါပဲ။ ငါ.......... ငေးငူငိုင်ငိုင် ငုတ်တုတ်ထိုင်ပြီး၊ ငုံလျှိုးငိုက်မျဉ်း၊ ငိုချင်းချလို့ အငတ်မခံ၊ ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်၊ ငါ့မြင်းငါစိုင်းမှ ငါ့တိုင်းငါပေါက်၊ ငါယောင်္ကျားပဲလေ........................ (အတွဲ 39 အမှတ် 10 1994 ခု June ဗုဒ္ဓဓမ္မလောက မှ)

ကောင်းရာသုဂတိလားပါစေ

သူငယ်ချင်မင်းတို့မိသားစုနှင့်ထပ်တူဝမ်းနည်းပူဆွေးရပါတယ် Teacher ကြီး ကောင်းရာသုဂတိလားပါစေ လို့လည်းဆုတောင်းပေးပါတယ် သူငယ်ချင်းများ -TNL-MA-KNT-ANT-ZWH-ATH-CSH-

ခေါင်းထောင်ကြည့်မှာမဟုတ်ပါ

မနေ့ညနေက ကျနော် ဘလောဒ်လေးကို ပြင်နေတုန်း S-Potato နဲ့Gtalk မှာတွေဖြစ်ပါတယ်။ သူဒေါကန်ပြိးကျနော်ကို လင်ခ်လေးတစ်ခုပေးလာတယ် သွားကြည်ဖြစ်တော့ ရန်ကုန်မှာ လုပ်ဖြစ်ခဲ့တဲ့ Why-Do-We-Blog ဆိုတဲ့နေရာလေးကိုရောက်သွားတယ် ကျနော်ထင်နေတာက Blog Post မှာရေးထားတယ်ထင်တာပေါ့၊ တစ်ကယ်တမ်းကျတော့မဟုတ်ဘူးဗျ၊ C-Box မှာဖြစ်နေတယ် ရေးထားတာတော်တော် ပက်စက်တယ်၊ ဖျက်လို့ဖျက်စီးလုက်တာပါ။ အောက်တမ်းကျတဲ့စိတ်ဓာတ်နဲ့ပါ ရှင်းပါတယ် blog မှာ နယ်ခွဲတာ ဘာညာမရှိပါဘူး။ ဒါသက်သက်မဲ့ရန်တိုက်ဆော်ကားတာပါ။ ကိုယ်တိုင်က ဘာမှအထောက်ကူမပေးနိုင်တော့ ဒီလိုပဲဖျက်လို့ဖျက်စီးလုပ်တာ လူမဆန်တာပါ ကျနော်တို့ မန်းBlogger တွေ ခေါင်းထောင်ကြည့်မှာမဟုတ်ပါဘူ။ အဲလိုပဲ စိတ်ဝမ်းကွဲတယ် ဆိုတာဖြစ်လာမှာ မဟုတ်ပါဘူ။ ပိုက်ဆံပေါလို့ရေးတယ်ဆိုရင်တော့ရေးပေါ့။ ကိုယ်ဘာကောင်ဖြစ်နေတယ် ဆိုတာကို ကိုယ် ကိုယ်တိုင်က စဉ်းစားပါလို့ပြောပါရစေ။ C-Box မှာပြေားထားရေးထားတာတွေကို ဒီနေရာမှာ ၀င်ကြည့်လို့ရပါတယ် http://kophyoe.blogspot.com/

“ရွှေဗဟိုစည်သံ”

ကျနော်တို့ ရွှေမန္တလေးဟာ မင်းနေပြည်တော်ဖြစ်ခဲ့တယ်ဆိုတာကိုအားလုံးအသိပါ။ အဲတော့ “ရွှေဗဟိုစည်သံ” ကနေရာအနှံက ကြားရမှာအမှန်ပါ တစ်ခုတော့ရှိတယ် ဘယ်အချိန်မှာတီးတယ်၊ ဘယ်လို့အကြောင်းကြောင့်တီးတယ်ဆိုတာတော့ကျနော်လည်းမသိ့ပါဘူး။ ပြောချင်တာက အဲဒီ “ရွှေဗဟိုစည်”ပါ။ စိုင်းထီဆိုင် က ဆိုထားသေးတယ်လေ “ရွှေဗဟိုစည် သံမကြားရတဲ့အ ဝေးမှာ တာဝန်လွယ်ကာ စစ်ကြောင်းထွက်နေရ” ဒါကိုပြန်ဆိုထားတာလေးတော့ ရှိတယ် မျိုးကြော့မြိုင် ပါ၊ သူဆိုတာလည်းကောင်းပါတယ်။ အဲတော “ရွှေဗဟိုစည်” က မင်းနေပြည်တော်မှာ မင်္ဂလာယူတဲ့အချိန်မျိုးမှာ တည်းမယ်လို့ ထင်ပါတယ်ဒီတော့ စကားတစ်လုံးထွက်လာပါတယ်။ ကျနော်အကိုတစ်ယောက်နားကပြန်ကြား ရတာပါ။သူပြောတာ က ဒီလိုပါ “ရွှေဗဟိုစည်သံ ကြားတဲ့အရပ်မှာ ဘာလုပ်လုပ် တင့်တယ် ပါတယ်” တဲ့ သူက အိမ်ဆောက်ထားတဲ့ပုံစံ့လေးကိုကြည့်ပြိးပြောတာပါ၊ အိမ်တွေမှာ က ဥပစာ ကို လမ်းမကြိးအပေါ်မှာ မှီပြီးမှ မျက်နှာစာကို လှည်ကြပါတယ်၊ ဒီမှာတင် “နေကျော်” “နေလျှာက်”ဆိုတာ ထက်ဖြစ်လာပြန်ပါတယ်။ နေကျော်ဆိုတာက ဆိုပါဆို အိမ်လေးတစ်လုံးက အရှေ့အရပ်ကို မျက်နှာမူဆောက်ထားတယ်၊ ဒါမှ မဟုတ် အနောက်အရပ်ကိုမျက်နှာမူထားတယ် ဆိုရင် “နေကျော်” လို့ခေါ်ပါတယ် တဲ့။ “နေလျှောက်” ဆိုတာက အိမ...