Posts

Showing posts from June, 2007

Mandalay Remember

Image

စိတ်ညစ်နေလား

ဒဏ်ရာတွေအများကြိးနဲ့မို့ ယုံအောင်ပြောမယ့်စကားလေး ရင်ထဲကဘယ်လောက်တွေး ကိုယ်လေပြောမထွက်ခဲ့ပြီ နေချင်တယ် ဘ၀သစ်လေးတစ်ခု လိုချင်တယ်အားသစ်လေးတစ်ခု ကိုယ်မျှော်လင့်ရင်းနဲ့ ဒဏ်ရာတွေများခဲ့ရပြီ ကိုယ့်စကားတွေ အဟောင်းဖြစ်နေလား မင်းစိတ်မှာ...... ဘယ်သူမှအတွေးထားမိတဲ့ အချိန်တွေ့လက်တွေ့ရောက်ခဲ့ တည်ငြိမ်တဲ့မင်းနှလုံးသားလေ ဒါတွေကိုစဉ်းစားတတ်ပြီ အရာရာကိုပြောင်းလဲတတ်ဖို့ ခံနိုင်ရည်အများကြီးရှိဖို့ အရင်လိုပြုံးတဲ့အပြုံးလေး ဒီအချိန်မှာမောပန်းလောက်ပြီ ကိုယ့်အကြောင်းတွေ တွေးကြောက်နေလား ဆောရီးပါ( Sorry )ပါ.......... အို....စိတ်ညစ်နေလား.......... ပူလောင်ခြင်းများ ရင်ထဲပြည့်နှက်နေပြီလား စိတ်ညစ်နေလား........ ခံနိုင်ရည်အားများ ရှာရင်းနေ့ညအချိန်တွေ အချစ်မောလို့နေပြီလား စိတ်ညစ်နေလား......စိတ်ညစ်နေလား...... ပူလောင်တဲ့အချစ်တို့အတွက်နဲ့ အချိန်များဟောင်းနွမ်းခဲ့ ဒီအချိန်မှာမင်း အပြုံးလေးတစ်ခု ရင်မှာအသစ်ဖြစ်ခဲ့တယ် အရာရာကိုပြောင်းလဲပေးတဲ့ မင်းရဲ့အချစ်နဲ့................ ကိုယ်လေ ဘ၀သစ်လေးထဲ ထာဝရ နားလိုက်ပါရစေ..... အချစ်လေးရယ်..... တစ်သက်လုံးအတွက် ကျေးဇူးပါ အို...........စိတ်ညစ်နေလား ပူလောင်ခြင်းများ အချစ်လေးမောလို့နေပြီလာ...

စေတနာကောင်းရင် အကျိုးပေးကောင်းတယ်

ဘယ်သူ ဘယ်လောက်ပဲ အလုပ်များတယ် ပြောပြော၊ လူတိုင်း လူတိုင်းမှာ ကိုယ်အလုပ်၊ နှုပ်အလုပ်၊ စိတ်အလုပ် ရယ်လို့ အလုပ်သုံးမျိုးပဲ ရှိပါတယ်။ အဲဒီအလုပ်သုံးမျိုး လုပ်တိုင်းလုပ်တိုင်း စေ့ဆော်တိုက်တွန်းမှုဆိုတဲ့ စေတနာဓာတ်လေး အမြဲပါ ပါတယ်။ ကောင်းတာလုပ်ရင် ကောင်းတဲ့စေတနာ၊ ဆိုးတာလုပ်ရင် ဆိုးတဲ့စေတနာ တွဲးပါနေပါတယ်။ အလုပ်တိုင်းမှာ တွဲပါနေတဲ့ အဲဒီစေတနာဓာတ်လေးကို ကံ လိုခေါ်ပါတယ်။ စေတနာကောင်းရင် ကံကောင်းပြီး စေတနာဆိုးရင် ကံဆိုးပါတယ်။ ကံကောင်းရင် အကျိုးပေးကောင်းပြီး ကံဆိုးရင်တော့ အကျိုးပေးညံ့ပါတယ်။ အရှင်ဆန္ဒာဓိက စိတ်အားဖြည့် ဓမ္မရွက်နု မှပြန်လည်ဖော်ပြပါသည်

"မိုးတွေရွာရင်"

မိုးရွာရင် မိုးရေချိုးမယ် မေမေလာရင် နီု့ဆို့မယ် ဖေဖေလာ ရင် အုန်းသိး ခွဲးစားမယ် ဒိနေ့မိုးမရွာသေး နေတွေပူနေသေးတော့၏ ညနေလောက်မှ ကိုရွေမိုးရွာမည်ထင် မိုး မရွာတော့လည်း မရွာလို့ ရွာပြန်တော့လည်း ရေတွေ စိတ်ညစ်စရာအတော်ကောင်း ငယ်ငယ်တုန်းကတော့ မိုးရွာရင် အရမ်းကိုပျော်တာ မိုးရေတွေထဲထွက်ဆော့ရတာ အရမ်း ပျော်ဖို့ကောင်းတယ် မှတ်မိသေးတယ် ညိအစ်ကို သုံးယောက် မိုးရွာထဲးထွက်ဆော့တာ ကံကောင်းလို့ သစ်ကိုင်းမပိ့မသေတာ အဲဒိတုန်းကတော့ ရွာမှာကို တောင်ပေါ်မှာဆိုတော့ ရေကမတင် မိုးရွာပြိးတာနှင့်ရေမရှီတော့ဘူး အခုတော့ဟုတ်ပေါင် မိုးရွာပြိးတာတောင်မှ ရေတွေက ကျံနေခဲ့ရော အတော့်ကိုစိတ်ညစ်စရာ ကောင်း မနေ့ကတော့မိုးတွေရွာနေလိုက်တာ ဘယ်တုန်းက အငြိုးနဲ့လည်းတော့မသိ့ ဒိအချိန် အိမ်မှာဆိုရင်တော့ လားထွက်ဆော့ဖြစ်မှသေချာတယ် ငယ်ဘ၀ကို သတိရလိုက်တာ ပြန်မရနိုင်တော့မှန်းသိ့ပေမဲ့ တောင့်တမိတာပေါ့လေ အခုတော့ မန္တလေးမှာ ရွာတဲ့မိုး

ရေ မန္တလေမိုး ခြွေး နှင့် ခရိးသွားခြင်း

မနေ့က အမေက ခေါ်လို့ပြင်ဦးလွင်ကိုပြန်ဖြစ်သွားတယ် အသွားကတည်းက မိုးရွာနေတာဗျ မန္တလေးမှာ သိပ်မသည်းပေမဲ့ လမ်းမှာတော့အတော့်ကို သည်းတာဗျာ ဒိလို့နှင့် မွေးသမိခင်ကျေးဇူးရှင်နားရောကသွားခဲ့သည်ပေါ့ဗျာ နောက် ပြင်ဥိးလွင်ကိုစက် တက်ဖြစ်တယ် အတော်ကိုအေးတာဗျာ ဘယ်လိုအေးသလည်းဆို တော်တော်ကိုအေးတာ လကတွေကိုခဲနေအောင်ကိုအေးတာ ဆိုင်ကယ်နဲ့ဆိုတော့ ပိုဆိုးရောပေါ့ ၄ နာရီလောက်မှာ ပြင်ဥိးလွင်ကနေပြန်လာတယ် အပြန်လည်းမိုးတွေနှင့်ပဲ ဗျာ တခါမှ မိုးရွာကြိးထဲးမှာ ခရီး မသွားဘူးတော့ တော်တော် ကိုဆိုးတယ် အနွေးထည်က မပါတော့လည်း ပိုချမ်းတာပေါ့လေ ဒိလိုနှင့် မွေးသမိခင် နေအိမ်သို့ပြန်ရောက်သည် ထမင်းစား အမေနှင့်စကားပြော သူခိုင်းချင်တာလေးတွေလုပ်ပေးနှင့် ၅ နာရီလောက် ကျတော့ မန္တလေးကိုပြနတယ် ဒိအချိန်ထိ့ မိုးက မဆည်းသေးဘူး ရွာနေတုန်း ဒီအချိန်ထိ့ ဘာပြဿနာမှ မရှိသေးဘူး ချမ်းတာကလွဲလို့ပေါ့လေ ပြဿနာက မန္တလေး ရောက်မှစတော့တာဘဲဗျို တစ်ယောက်သောသူကိုတွေချင်လို့ ရုံချိန်အမှိ ပြန်ပါတယ်ဆိုမှ ရေတွေလေ ၃၅ လမ်းက ပြင်ဥိးလွင် နဲ့ မန္တလေး ကိုသွားရာမှာ အဓီက ကျတဲ့လမ်းကို ရေတွေက ၃၅ လမ်းမှာတင်အများကြိးဗျ ဒါနှင့်နောက်ပြန်လှည့်ပြိး ရေမ၀င်သေးသော လမ်းကျဉ်းလေတွေကနေသွားရတယ်...

Folder Option From Tools Menu

သူများတွေမသိ့စေချင်လို့ ၀ှက်ထားပါတယ်ဆိုမှ Virus ကိုကို ကကိုက်သွားတော့နားကားရော့ပေါ့ ကျနော်လည်းဒိလိုပြဿနာ ခဏခဏတက်ဖူးတယ် အခုတော့ အကျင့်ပါသွားလို့လားတော့မသိ့ဘူး မကြောက်တော့ဘူး Virus ကိုက်သွားလို့ Hidden လုပ်ထားတဲ့ Folder တွေ Files တွေ ပြန်ခေါ် လို့မရတာတွေက ခဏ ခဏဖြစ်ဖူးတယ် Virus ကိုက်လို့ Folder Option မရှိတော့ဘူးဆို ကျနော် အရင်က User Account အသစ်တစ်ခုလုပ်လိုက်တယ် ရှင်းရောလေ အဲဒီမှာ ပြဿနာက စတော့ တာဗျ ကိုလုပ်ထားတဲ့ Setting တွေပါ Accoun Delete ထဲးပါသွားရော အရေးကြိးနေရင်ပိုဆိုး Virus Scan စစ်လိုက်လို့လည်းပြန်ပေါ်မလာဘူးလေ အဲဒီမှာ ဒုက္ခနဲ့လှလှ တွေ့ကြတော့တာပဲး အခုလိုမျိုး လူတိုင်းဏိးပါ ဖြစ်ဖူးကြမယ်ထင်တယ်။ ကျနော် အခု နည်းတခုရထားတယ် User Account လည်းဖြတ်စရာမလို့တော့ဘူး Folder Option လည်းပြန်ပေါ်လာမယ် ဒါပေမဲ့ Virus ကတော့မသေဘူး ရှိနေဥိးမယ် လုပ်ရတဲ့အဆင့်က မများဘူး ရှင်းတယ် လွယ်တယ် ကျနော်ပြောနေတာကမှ ယုပ်ယှက်ခတ်နေသေး လုပ်ကြည့်လိုက် လွယ်တယ် > အရင် ဆုံးလုပ်ရတာက Run Menu(or) Run Command ကိုရွေးပါ > ထိုနောက် gpedit.msc ကို ရိုက်ထည့်ပါ > Ok ကို Click လုပ်ပါ > နောက် User Configuration ကိုတွေ့အောင်ရှာ...