လွတ်လပ်သူ၏ အတွေးအခေါ် အယူအဆများ


လွတ်လပ်တာကို တကယ် လိုချင်ရင် လွတ်လပ်မှုအကြောင်းကို အမြဲလေ့လာနေရမယ်။
ကိုယ့်မှာ ဘယ်လောက်လွတ်လပ်မှု ရှိတယ်၊ မရှိဘူး၊ ဆိုတာကို သတိထားရမယ်။
လွတ်လပ်မှုမရှိရင် ဘာကြောင့် မရှိတာလဲ ဆိုတာက်ု မြင်အောင်ကြည့်ရမယ်။ နဲနဲဖြစ်ဖြစ်
လွတ်လပ်မှု ပိုရှိလာအောင်နေံစဉ် ကြိုးစားနေရမယ်။ လွတ်လပ်မှုကို မေ့ထားလိုက်ရင် လွတ်လပ်
မှုပျောက်သွားမယ်။
လှည့်စားနေတာတွေကို မျက်ခြေမပြက်ဖို့ လိုတယ်။ လွတ်လပ်မှုဆိုတာကို
ဘာသာရပ်တစ်ခုလို သူတေသနပြုနေရမယ်။ “လွပ်လပ်မှု သူတေသန အသင်း“ ဆိုတာမျိုးရှိရင် ကောင်းမယ်။
အဲဒီအသင်းက စာစောင်တွေ ထုပ်နေရမယ်။
ကျောင်းတွေမှာ လွပ်လပ်မှုကို ဆွေးနွေးရင် ကောင်းမယ်။ လွတ်လွတ်လပ်လပ် ဆွေးနွေးမှ ပညာတတ်တွေ ထွက်
လာမယ်။ လွတ်လွတ်လပ်လပ်ဆွေးနွေးမှ အကောင်းဆုံး အဖြေကိုရမယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Truth is spirityually revolutionary.
အမှန်တရားဆိုတာ စိတ်ပိုင်း အသိဉာဏ်ပိုင်း တော်လှန်ရေးတစ်ခု
ဖြစ်ပါတယ်။
အတ္တ၀ါဒကို တော်လှန်လိုက်တာ အနတ္တ၀ါဒ။ တစ်လောကလုံး လက်ခံခဲ့တဲ့ အတ္တ၀ါဒကို ဗုဒ္ဓမြတ်စွာဘုရားက
ပြောင်းပြန်လှန်လိုက်တာပဲ။ တော်ရုံသတ္တိနဲ့ မလုပ်နိုင်တဲ့အရာဖြစ်တယ်။ လူ့လောကမှာ အကြိးမားဆုံး အသိ့
ဉာဏ်ပိုင်းဆိုင်ရာ တော်လှန်ရေးဖြစ်ပါတယ်။ အနတ္တ၀ါဒကို ဘယ်သူမှ ဖျောက်ဖျက်လို့ မရတော့ဘူး
အဲဒီလိုပဲ ကမ္ဘာကြီး ပြားတယ်လို့တစ်လောကလုံးက ယုံနေတာကို လုံးပါတယ်လို ပြောတာဟာ အသိဉာဏ်
ပိုင်းဆိုင်ရာ တော်လှန်ရေး ဖြစ်ပါတယ်။
အစမှာတော့ အမှန်ကို လက်မခံနိုင်တဲ့သူတွေ များနေတက်လို့ အမှန်တရားက ရှုံးနိမ့်သလို ဖြစ်နေပါတယ်။
ဒါပေမဲ့ ရေရှည်မျာ အမှန်တရားက အနိုင်ရစမြဲပါ။

ဆရာတော် ဦးဇောတိက လွတ်လပ်သောစိတ်မှ

Comments

Anonymous said…
kg par tal a ko =)

Popular posts from this blog

ကဗျာ

Miss You