Return Home

ကိုယ့်ဘလောဒ်ကို ကိုယ်မရောက်တာကြာပြီ ကြာပြီဆိုတာက အချိန်တွေမပေးနိုင်သေးတာရော မရေးချင်တာတွေကြောင့်ပါ။ ရေးမယ်ဆိုတော့ ဘာတွေဘယ်လိုပြန်ရေးမယ်ဆိုတာ မရှိတော့သလို မသိတော့ဘူးလေ ကျနော် ဘလောဒ့်တွေကိုတော့ အမြဲရောက်တယ် တချို့ ဘလောဒ်တွေဆို ကျနော် Reader မှာထည့်ထားပြီး ဖက်ဖြစ်တယ် တချို့ဘလောဒ်တွေကို အရမ်းကြိုက်တာ ကြိုက်တယ်ဆိုတာက သူတို့တွေ့ ခဲ့ ကြုံ ခဲ့တာတွေကို ဖွဲ့နွဲ့သိကုံးထားတဲ့ အလှတရားတွေကို ကြိုက်တာ အရမ်းကြိုက်တဲ့ ဘလောဒ်ဂါကြီး တစ်ဥိး ရှီတယ် ရှိတယ် ဆိုပေမဲ့ ကျနော် အခုရေးနေတဲ့အချိန်မှာ သူလူ့လောကမှာ မရှိတော့ဘူး သူ သူဆိုတာက အများကရော ကျနော်ပါ သူ့ ကို ကိုကြီးကျောက် ဘကျောက်လို့ သိ့တဲ့ ကျောက်ခဲတုံးကြီး ရွှေရတု မှတ်တမ်း ပါပဲ။ သူကျနော့်ကို အားပေးဖူးတယ် ဒါပေမဲ့ အဲဒီအချိန်က မရေးခဲ့ဘူး ဂတိ့ပေးခဲ့တယ် ဒါပေမဲ့ ကျနော် ဂတိ မတည်ခဲ့ဘူး။ အခု ကျနော်ပြန်ရေး ပါပြီဆိုတဲ့ အချိန်မှာတော့ သူမရှိတော့ဘူး ကျနော့် စာတွေလွှဲနေတာ သူမ သိတော့ဘူးလေ။ ဘကျောက် ကျနော် ပြန်လည်နိုးထလာပါပြိ။ နောက် ကျနော် လေးစားတဲ့ကျောက်ခဲ တစ်လုံး ရှိပါသေးတယ် သူက ကိုအောင်သာငယ် ပါ သူတိုက ကျောက်ခဲအမျိုးတွေ။ ကျောက်ခဲတွေ တွေ့ရင် မနေနိုင်မထိုင်နိုင် ဖြစ်တဲ့လူတွေပြပါဆို သေသွားတဲ့ ဘကျောက် ရယ်ပြီးတော့ ကိုအောင်သာငယ်။ ဒါပဲလားလို့မေးရင် ဟင့်အင်းလို့ဖြေပါမယ် ကျနော် ကြိုက်တဲ့ စာအရေးသားသိပ်ကောင်းတဲ့ သူရေးတဲ့စာတွေက သိပ်ဆွဲဆောင်အားကောင်းတဲ့ အကိုကြီး တစ်ယောက်ရှိသေးတယ် သူရေးလိုက်တိုင်း အထိတ်တလန့် ဖြစ်စရာ တွေကို မဖတ်ပဲမနေနိုင်အောင် စွဲနေအောင် ရေးတတ်တဲ့ ပျုနိုင်ငံ ဆိုတဲ့ ဘလောဒ်ဂါကြီး ရှိသေးတယ်။ သူရေးတဲ့ စာတွေကို ကျနော်သိပ်သဘေားကျတာကလား။ ဆွဲဆောင်နိုင်လွန်းလို့ ပေါ့။ နောက်တစ်ယောက် နဲ့ထပ်မိတ်ဆက်ပေးဥိးမယ် သူလဲ စာရေး ရာမယ် သိပ်တော်တာ ကျနော် သူတို့အရေးသားတွေကို သဘေားကျတယ် ဘကျောက်ဆို သူရေးတာ သိပ်သိပ်လှပတာကလား။ ကျနော် မိတ်ဆက်ပေးမဲ့ နောက်တစ်ယောက်ကတော့ မြစ်ကျိုးအင်း တဲ့ ကျနော် စဉ်းစားမိတာ ရှိတယ်ဗျ စာရွက်ပေါ်မယ် မှင်ထင်ပြီး ပုံနှိပ်လိုက်မှ စာရေးဆရာ လို့ခေါ်တာမဟုတ်တော့ဘူးထင်ပ။ အခုဆိုကြည့် သူတို့တွေ အတွေ့ကြုံတွေရေးကြ ဝါသနာ ပါတာတွေရေးကြ ခံစားချက်တွေ ဖွင့်ဟကြနဲ့ သိပ်ပြီး သေသေသပ်သပ်နဲ့ စာဖက်သူကို မငြီးငွေ့စေရဘူး အဲလိုဆွဲဆောင်တာ စာရေး ရာမယ် သိပ်ကောင်းတာ။

ကျနော် ဘလောဒ့် ပြန်ရေးနေတဲ့ ဒီအချိန်မှာ ကျနော် ဘာရေးမလဲ ကျနော် မဝေခွဲနိုင်သေးဘူး ဒါပေမဲ့ ကျနော် ဒီကနေ့ကစပြီး ကျနော် ပြန်ရေးမယ် စိတ်အပေါက်ဖွင့်တော့မယ် ဘာလို့လည်းဆိုရင် အလုပ်ထဲ မှာ တအားညစ်ခဲ့တာတွေ ကြုံခဲ့ရတာတွေ ပြန်ဖွချင်တဲ့ စိတ်လဲပါတယ်။ အလုပ်ထဲကအတွေ့ကြုံတွေပေါ့။ အလုပ်က ဘာလုပ်တာလဲဆို နာမည်ကြားရင် သိပ်သဘေားကျ အားကျဖို့ကောင်းတဲ့ အလုတ်မျိုး ဘွင်းဘွင်းပြောရရင် နာမည်လှတယ်ပေါ့ဗျာ။ ဒါပေသည့် ငွေမရဘူး ရှင်းတယ်ဗျာ ကျနော် ပညာရယ်ငွေရယ် ရှာတယ် ဘာလို့လည်း ကျနော် ဒီ ကျွန်းသေးသေးလေးမှာ အကြာကြီး အမေ နဲ့ခွဲပြီးမနေနိုင်ဘူး အမေ ကိုချစ်လွန်း လို့ ဒီကို ထွက်လာပြီး ကြိုးစားတည်ဆောက်နေတာ ဆိုတော့ ကျနော် ငွေများများရှာမယ် ပညာ များများ ရှာမယ် အဲဒါတွေကျနော် မှန်းတာနဲ့ လုံလောက်ပြီဆိုတာနဲ့ အမေ့ ရင်ခွင်ကို ကျနော် ပြန်မယ်။ ကျနော် သိပ်ချစ်တဲ့ ကျနော့် အမေ အိမ်ကိုပြန်မယ်။ တတ်တဲ့ပညာလေး နဲ့ စုဆောင်းထားခဲ့သမျှလေးနဲ့ အမေ နားမှာနေရင်း အမေ ကို ကျနော် ပြုစု ချင်တယ်။ ကျနော်လေ ကျနော့်အမေ ကိုသိပ်ချစ်တာ။ အမေက မုတ်ဆိုးမ ပညာမဲ့ မေတ္တာသူဌေးမကြီးလေ။ ကျနော့်ကိုဆိုရင်ဖြင့် အမေက သိပ်တိုးတက်စေချင်တယ် ဖြစ်စေချင်တယ် ကျနော်ကလဲ အမေကိုချစ်တော့ အမေဖြစ်စေချင်တာဆို သေခြာကြိုးစားလုပ်တာပဲ မဖြစ်မရှိဘူး ဖြစ်လာတာပဲ။
အမေ ရဲ့ခွန်အား တွေကြောင့်ထင်တယ်ဗျ။ ကျနော့်လိုဆို ဖြစ်လာနိုင်စရာ သိပ်မရှိဘူး ကျနော်ပြင်းတယ် ဖျင်းတယ်လေ။ ဖျင်းချက်ကတော့ ဆယ်တန်းမယ် သင်္ချာကို နှပ်တိုက်ကျက်ဖြေလာတာ အဲလောက်တော်တဲ့ကျနော်ပါဆို။ ဒါပေမဲ့ပေါ့ အမေ ဆိုတာ ကျနော်တို့ သားတွေ သမီးတွေတိုင်းအတွက် ဖော်ပြနိုင်းယှဉ်လို့မရတဲ့ ကြိးကြယ်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ပါပဲ။



ကိုယ်စိတ်စီးပွား သုံးပါးမကြွင်း ချမ်းသာချင်းနှင့်ပြည့်စုံကြပါစေ(ဒီဆုပေးလေးက ကျနော့်အဖေ ကျနော်တို့ မောင်နှမတစ်တွေ ညတိုင်းကတော့ချိန်မှာပေးခဲ့တဲ့ မေတ္တာပို့လေးပါ)

Comments

Popular posts from this blog

ကဗျာ

Miss You