တမ်းတလွမ်းဆွတ်ခြင်းများစွာဖြင့်

ကျနော် ဘလောဒ်မရေး ဖြစ်တာ နည်းနည်းကြာသွားပြီ။  အလုတ်တွေ ပိနေတာလဲ ပါလို့ ပြီးတော့ ရေးမယ်ဆိုလဲ အဓိပ္ပာယ်ရှိတာလေး ရေးချင်တာပေါ့ မရေး တတ်တော့ ရေးတတ်တဲ့အကြောင်းလေးတွေ ရှာကြံရေးရတော့ ကွိုင်လေး ရုပ်ကုန်ရော။ ကိုယ်က ခြေရှည်လျှောက်သွားတော့ တွေ့ တွေ့တော့မနေနိုင်မထိုင်နိုင်ဖြစ် ဖြစ်တော့ရေး ရေးတော့ ထိထိမိမိ မရေးတက်တော့ ဆဲသလိုဖြစ် သပွတ်အူထဲ စာသိုက်ဖွဲလိုက်သလား အောင့်မေ့ရတယ် ဗျို့။  အရင်းစစ်တော့ အရေးမတက်တော့ ဆဲသလို ဖြစ်နေတာ တွေ့ရရော ဒါမောင်မျိုးအောင် မှတ်သားရဦးမဲ့ အချက်တစ်ချက်။

အခုတလော စာလဲ မဖက်ဖြစ် ဘလောဒ့်တွေလဲမရောက်ဖြစ် ကိုယ်တောင် သူများဘလောဒ်တွေမရောက်ဖြစ်တော့ ကိုယ့်နားလည် လာမဲ့သူရှိမှာမဟုတ်လောက်ပါဘူးလေ ဆိုပြီး ပစ်ထားလို့လဲ မဖြစ် ဝါသနာကိုက အပိုးမသေတော့ ဘယ်သူရှိရှိ မရှိရှိ ရေးမှာပဲ အားပေးသူမရှိလဲ ရေးနေဥိးမှာပဲလေ။ ဒါနဲ့ အခုတလော "ဧရာဝတိ" တော်တော်လှိုင်းကြီးနေတယ်။  ဒါနဲ့ ဘာလိုလိုနဲ့ ဘကျောက် နှစ်လည်ပြည့်တော့မယ်နဲ့တူတယ် ဘာပဲဖြစ်ဖြစ် ကျနော် လေးစားတဲ့ စာအရေးသားကောင်းတဲ့ အတွေ့ကြုံတွေကိုလှည်းကြီးနဲ့တိုက်ပြီး ချပြတဲ့ ဘကျောက် ကောင်းရာသုဂတိ လားပါစေလို့။  ဒိလိုပဲ မကွေးခင် ကွေးနေတာလေး မဆန့်ခင် သစ်ရွက်တွေကြွေသလို ကြွေလွင့်ကြဥိးမှာပဲလေ ကိုယ့်အလှည့် ဘယ်တော့လဲ ဆိုတာ ထိုင်စောင့်ရင်း တက်နိုင်တဲ့အပိုင်းလေးတွေနဲ့ ဖြစ်နိုင်တာလေးတွေကို အကောင်းဆုံးမဟုတ်ခဲ့တောင် သင့်တင့်လျှောက်ပက်အောင် စွမ်းဆောင်ရင်း လောကကို အလှဆင်နေကြတဲ့ ဘယ်လိုလူမျိုးကိုမဆို အားကျ လေးစားနေလျှက်ပဲ။ 

ကျနော် ဘာရေးမလဲလို့တွေးပြီး ရေးနေရင်း စာပိုဒ် နှစ်ပိုဒ်ရှိလာပြီ။ အဖြေမတွေ့သေးဘူး လျှောက်ရေးရင်လဲ မဖြစ်ခြေ။ လျှောက်ရေးတော့လဲ အရသာမရှိ အဓိပ္ပာယ် မပါ။ ကိုကြီး အောင်သာငယ် လို ကဗျာတွေ သီချင်းတွေ မရေးတက် မဖွဲ့တက်။  ကိုအောင်(ပျုနိုင်ငံ) လိုလဲ သရဲတွေ နဲ့ ဖမ်းစားရအောင်လဲ သတ္တိက မရှိ။  ကိုဇော် ဆိုလဲ အတွေး အမြင် ဖတ်မိသမျှတွေကို ပြန်လည် ချပြနိုင်တဲ့ သူတို့လိုလဲ မဟုတ် ဆိုတော့ ကိုယ် သိတဲ့ နည်းပညာကိုရော ဘာပြနိုင်သလဲ ဆိုတော့ ခေါင်းခါခြေကန်ငြင်းရမယ် ဘာမှမရှိ ဆိုတာက ကိုယ်သိသလို အားလုံးသိနေတာပဲဆိုတဲ့ စိတ် အဲဒီစိတ်နဲ့မရေးရဲတော့တာ။ ဒါနဲ့ တခြားတဖက်ကိုပြန်တွေးတော့ ဘာသာပြန်ပေါ့(ဘဝင်မြင့်အောင်တွေးကြည့်မိတာပါ) ပြန်မယ်ဆိုတော့လဲ သိုးဆောင်းဘာသာစကားနဲ့စာကို ရေရေလည်လည်မရ ဒါနဲ့ တို့လိုတန်းလန်း ပိုစ်တွေက ဒုနဲ့ဒေး(ကိုယ့်စိတ်တိုင်းမကျတာတွေကြောင့်ပေါ့လေ)။ တစ်ခုတော့ ရှိတယ်ဗျာ အိမ်ကို တအားလွမ်းတယ်။

ကျနော် နေတဲ့ ကျနော် ဇာတိက ၂၁မိုင်တဲ့ မန္တလေးနဲ့ ပြင်ဥိးလွင်(မေမြို့) နှစ်မြို့ကြားတည့်တည်း ၂၁မိုင် တိတိမှာရှိလို့ ၂၁မိုင်စခန်းတဲ့ အခုတော့ ရွာပေါ့ အဲမှာ ကျနော်လူလားမြောက်ခဲ့တာ။ မန္တလေးက တက်လာခဲ့မယ်ဆိုရင် အားလုံးကြားသိဖူးတဲ့ ရွှေစာရံ ဘုရား ရှိတဲ့ အုန်းခြေားကို ကျော်လာခဲ့မယ်ဆိုရင် နောက်ထပ် ရွာလေး နှစ်ရွာကို ကျော်ပြီးရင် တောင်တွေကို အကွေ့အကောက်တွေ နဲ့ ခြောက်ကမ်းပါးတွေဘေးကနေ ဖောက်ထားတဲလမ်းမကြီး အတိုင်း တက်ခဲ့မယ်ဆိုရင် တောင်ကုန်းပေါ်မှာ ကျနော်တို့ရွာကို တွေ့ရလိပ်မယ်ဗျ။  ရွာမှာ ထူးခြားဆန်းကြယ်တာ မရှိပေမဲ့ ဗုဒ္ဓဂါယာ မှ ပုံတူ တည်ထားတဲ့ မဟာဗောဓိ စေတိတော်ကြီးက အဝေးကတည်းက ဖူးတွေ့နိုင်တာပေါ့လေ။ သိပ်သပ္ပာယ်တာဗျ။  အဲ ရွာလည်မှာတော့ စမ်းရေပေါ့လေ အဲဒီစမ်းချောင်းက ရွာလည်ကို ဖျက်စီးနေလေရဲ့ ကျောက်တုန်းတွေ သိပ်ပေါးတဲ့ ရွာပေါ့ ချောင်းထဲမှာလဲ ရေဆိုရင် လက်ဖဝါးတောင်မြုပ်မယ်မထင်ဘူး အဲလောက်ကိုရေကပေါးတာ နွေရာသိမှာပေါ့။ အဲ မိုးတွင်းဆိုလို့ကတော့လား ဘယ် လူနှစ်ဖက်စာလောက်ရှိတဲ့ ကျောက်တုံး ဝုန်းခနဲ့ ဝုန်းခနဲ့ကို မြောတာဗျို အဲသလိုလဲ သန်တယ်။ ပြီးတော့ ကျနော် တို့ရွာက  မန္တလေး ပြင်ဥိးလွင် မြို့ကြီး နှစ်မြို့ ကိုသွားတဲ့ လမ်း အလည်တည့်တည့်မှာရှိတာဆိုတော့(ပြင်ဥိးလွင် နဲ့ မန္တလေးက ၄၂ မိုင်ကွာဝေးတာ) ဘယ်ကလာလာ တစ်ထောက်နားတဲ့ ကြားစခန်းလိုဖြစ်နေတော့ အမြဲတမ်းပဲ ခရိးသွား ဧည့်သည်တွေနဲ့ စည်ကားနေတဲ့ ရွာလေးပါပဲ။ အဓိက စီးပွားရေးကတော့ စားသောက်ဆိုင်ပေါ့လေ။ 

ကျနော် လူမဖြစ်ခင် က ရွာမှာ အိမ်ခြေက ခြောက်အိမ်ထဲ ရှိတာတဲ့ ညနေ နေဝင်တာနဲ့ ခြံတခါးကို သေခြာ ပိတ်။ မိးလင်းဖိုတွေထွန်းပြီး အလှည့်ကြ အိပ်ကြရသတဲ့ဗျ။ ဘာလို့လည်းဆိုတော့ တေားဝက်တို့ ခြေတို့ ကြားသစ်တို့က ရွာနားတင် အုပ်စုလိုက် အဖွဲလိုက် အဖွဲလိုက် သွားလာနေကြတာတဲ့ အဲသလောက်ကို ပေါးတာတဲ့။ တခါက ကျနော့် ကြိးတော်ကြီး မွေးထားတဲ့ ခိုင်းနွားကြီးကို ကျားက ဝင်ဆွဲလို့ တရွာလုံး(အိမ်လေးမှခြောက်လုံးရှိတဲ့ရွာ) က ရွာသားတွေ ကျားစောင့်ရတာ မိုးအလင်းတဲ့။ ပြင်ဥိးလွင်ကနေ မန္တလေးကို သွားတဲ့ လမ်းတစ်လျှောက်မှာဆိုရင်လဲ မြောက်တွေက အုပ်စုလိုက် ကူးလူးသွားလာနေကြတာတဲ့ ပေါင်းမိုးလှည်းကြီးတွေ ရပ်တန့်ပေးရတဲ့အထိ့ ပဲလို့ ပြောပြကြတယ်ဗျ။ နေဝင်မိုးချုပ်ပြီဆိုရင်တော့ ခရိးမဆက်တော့ပဲ ကျနော် တို့ရွာမှာ တစ်ထောက်နား ညအိပ်ပြီး စားသောက်ရင်း တည ကုန်စေသတဲ့ အဲဒီကအစပြုပြိး ရွာလေးမှာ စားသောက်ဆိုင် က အစပြုခဲ့တော့တာပဲပေါ့။  အခုချိန်ထိ့တော့ ရွာနားမယ် ယုံတွေက အုပ်စုလိုက် သွားလာနေကြတုန်းပဲ လူတွေက လိုက်တော့ ရွာနဲ့ဝေးတဲ့ တေားထဲပြေးကြတာ ရှားပါးလာတဲ့ အခြေအနေထိ့ဖြစ်လာတော့တာပဲဗျာ။  ဒါနဲ့ နေဥိး ကျနော် တို့ရွာကို မန္တလေး ဖက်က တက်လာခဲ့မယ်ဆိုရင် ၁၈ မိုင်ရောက်တာနဲ့ နွေ ဆောင်း မိုး သုံးပါးလုံးမှာ အေးချမ်းသွားစေတာ ကျနော် ကိုယ်တွေ့ပဲ အခုတော့လား ဟင်းဟင်း ထူမခြားနား သိချင်းကို အော်ဆိုလို့ရတယ် ဘယ် တေားမှမရှိတော့တာ ရှိတဲ့တောင်တွေကလဲ ဂတုံးတွေဖြစ်နေတော့ ဘယ်လိုလုတ်အေးတော့မလဲ။ တစတစ နဲ့ ကျနော်တို့ရွာလည်က ရေချောင်းဆိုလဲ ရေက လူနိုင်သလိုဖြစ်နေပြီ။  ဒါတောင် ကျပ်ကျပ်မက်မက်နဲ့ထိမ်းနေတဲ့လူတွေရှီနေလို့ မဟုတ်လို့ကတော့ ရွာပါပျောက်တယ်။ အဲ ရွာကိုကျော်ပြီးရင် ခြောက်ထပ်ဂွေ့ ဆိုတာကို တွေ့ရမယ်ဗျ အဲဒီခြောက်ထပ်ဂွေ့ ကိုကျော်ပြီးရင် အအေးဓာတ်က ပိုကဲလာတာ သိပ်သိသာတာ(ဟိုးအရင်ကပါ) လမ်းဘေး ဘယ်ညာမှာက အပင်ကြီးတွေက အုပ်ဆိုင်းနေတာဆိုတော့ သိပ်သာယာတဲ့ လမ်းပေါးဗျာ။ အခုတော့ အိုင်စီတိ မြို့တော်ကြီး ဖွင့်လိုက်တော့ ထင်းရူးလဲ ဖယ်ရတော့တာပေါ့လေ။ 

Comments

Popular posts from this blog

ကဗ်ာ

Miss You