ပုံရီပ်
ချစ်ခြင်းတရားကို
လူများတွေလို မပြောတတ်ပေမယ့်
ခံစားမိတာတစ်ခုက
ချစ်ခြင်းတရားဆိုတာ
စိတ်မှာ ထင်ဟပ်တဲ့
ကိုယ့်ချစ်သူရဲ. ကိုယ်ပွားပုံရိပ်လေး . . .
သူပျော်ရင် ကိုယ်ပျော်တယ်
သူအရေးမလုပ်လည်း
ပုံရိပ်လေးက ရင်မှာ ကိုယ့်အတွက်ရပ်တည်ပေးတယ်
သူမတခြားလူနဲ. ရည်းစားဖြစ်ခဲ့ရင်တောင်
ရင်ထဲက ပုံရိပ်လေးက ချစ်နေဆဲ
သူမ တခြားလူနဲ. ဓါတ်ပုံတွဲရိုက်လည်း
ပုံရိပ်လေးကိုပဲ မြင်မိတယ်
ပုံရိပ်လေးရေ . .
မင်းရဲ.သခင်မကို ပြောပေးပါ
ငါဘယ်လောက် ချစ်တယ်ဆိုတာ . . .
မင်းရဲ. သခင်မကို မှတ်မိပါတယ်နော်
Comments