ဂုဏ်ယူလေးစားလျှက်ပါ

အမေဆိုတာ လူတိုင်းမှာရှိတယ် လူလို့ဖြစ်လာတဲ့လူတိုင်းမှာ အမေ ဆိုတာရှိတာပါပဲ လူမှမဟုတ်ပါဘူးလေ လောက ဆိုတဲ့ ဘုံကြီးကိုရောက်လာတဲ့ သက်ရှိတိုင်းမှာ အမေ ဆိုတာ ရှိကြတာပါပဲ။ အမေတိုင်း အမေတိုင်းက သူ့သွေးသား သူ့ရင်နင့်သည်းခြာတွေကို မြတ်မြတ်နိုးနိုးနဲ့ တန်ဖိုးထားပြီး တိုးတက်အောင် ကျမ်းမာအောင် နေထိုင်ပြုမူပြောဆိုတတ်အောင် သား/သမီးတို့ကို ချစ်တဲ့ စိတ်နဲ့ သင်ပေးခဲ့ကြတာပါပဲ သင်ပေးတိုင်းပြန်ရမယ် ပြန်မရဘူးဆိုတဲ့ တွက်ချက်တိုင်းတာတဲ့ စိတ်ဓာတ်လဲ သူတို့မှာမရှိခဲ့ပါဘူး ဟုတ်တယ်မို့လား မရှိခဲ့ဘူးလေ။ အဲဒါ အခုရော နောင်ရောတည်မြဲနေမဲ့ မိခင် မေတ္တာပါပဲ။ ကျနော်လေးစား ဂုဏ်ယူလျှက် စိတ်မှာ အမြဲသတိရနေတဲ့ ကျနော် ဆရာမကြီးကို ကျနော် ရေးတတ်သလောက်လေးနဲ့ ဂါရဝပြုပါတယ်
ဟိုအရင် ဒိလိုအချိန်မှာ ကျနော့်မေလ်းဘောက်စ် ထဲကို ဖေ့ဘွခ်က ကွန့်မန့်တွေရောက်လာခဲ့တယ်။ ရောက်လာသမျှကွန့်မန်တွေကိုဖျက်ပြစ်ခဲ့တာများပါတယ်။ ဒါပေမဲ့ ဒီနေ့ ကျနော့်မေလ်းဘောက်စ်လေး ထဲကိုရောက်လာတဲ့ အကြောင်းအရာတူတဲ့ သံယောဇဉ်တွေအများကြီးခိုင်မာစွာတုတ်နှောင်ထားတဲ့ ချစ်ချင်းမေတ္တာ တွေ ခိုင်မာအောင်တည်ဆောက်ပေးခဲ့တဲ့ လူတစ်ယောက်ရဲ့တန်ဖိုးကိုမြတ်နိုးလွန်းလို့ ပြီးတော့လေးစားလွန်းလို့လေ ကျနော်မဖျက်ပဲအမြဲထာဝရ သိမ်းဆည်း ထားလိုက်ပါမယ်။ ဟိုအရင်ဒီလိုအချိန်မျိုးမှာ ကျနော့်အရမ်းလေးစားအားကျကျောက်ရွံရိုသေခဲ့တဲ့ လူတစ်ယောက် အခုအချိန်အထိ့ ကျနော့်ရင်ထဲမှာ ရှိနေလို့ မဖျက်ပဲ သိမ်းထားလိုက်ပါတယ်။ သူဟာ ကျနော့်အမေဆိုရင်လဲမမှားပါဘူး ကျနော်တို့ကို သားတစ်ယောက်လို တူတစ်ယောက်လိုဆုံးမသွန်သင်ပေးခဲ့တဲ့ ကျနော် အရမ်းလေးစားအားကျဂုဏ်ယူနေတဲ့ ကျနော့် ဆရာမကြီးသို့......


ကိုယ်စိတ်စီးပွား သုံးပါးမကြွင်း ချမ်းသာချင်းနှင့်ပြည့်စုံကြပါစေ(ဒီဆုပေးလေးက ကျနော့်အဖေ ကျနော်တို့ မောင်နှမတစ်တွေ ညတိုင်းကတော့ချိန်မှာပေးခဲ့တဲ့ မေတ္တာပို့လေးပါ)

Comments

အမေနဲ့တွေ့တော့ ပျော်နေပြီပေါ့လေ..
Ako Myo Aung said…
ကျနော့် ဆရာမကြီး ပါ

Popular posts from this blog

ကဗျာ

Miss You