27.07.2006 (NLS)
27.07.2006
ငါစိတ်ညစ်တာတွေ မင်းကို မကူးစက် စေလိုပါ။ ငါ့ပြဿနာကို မင်းကို မကူးစက် စေလိုပါ။ ဒါကြောင့်မို့ ငါမျက်နှာကို အမြဲ ပြုံးပျော်နေအောင် မင်းရှေ့မှာ ထားခဲ့တယ်။ ပြဿနာ တစ်ခုခု ဖြစ်ခဲ့ရင်လည်း ဒါဟာ ငါ့ကြောင့်ဆိုပြီး ငါကပဲ ခေါင်းခံခဲ့တယ်။ တကယ်တော့ အိမ်တစ်အိမ်မှာ လောင်နေတဲ့ မီးကို နောက်တစ်အိမ်မှာ မလောင်စေချင်လို့ ငါနှစ်ဆ လောင်မြှိုက်ပစ်လိုက်တဲ့ သဘောပါပဲ။ ငါ့ရဲ့ ချစ်ခြင်းဆိုတဲ့ တရားက ပုဂ္ဂလိက မဆန်ဘူး။ အမြင်ကျဉ်းစွာ တစ်ဦးတစ်ယောက် အတွက် မဟုတ်ဘူး။ ချစ်တယ်ဆိုတာ မချစ်ရင်တောင်မှ သူများကို ဒုက္ခမပေးခြင်း လို့ ငါယူဆမိတယ်။ ဒီအတွက် ငါဟာ ဘာအပူအပင်မှ မရှိတဲ့ကောင်၊ မင်းတို့ကြောင့် ဘာပြဿနာမှ မကြုံရတဲ့ကောင်လို့ မထင်လိုက်ပါနဲ့။ ငါ့အတွက် ငါ့လို လူတစ်ယောက် ရှာမတွေ့ခဲ့တာတော့ ငါစိတ်မကောင်း ဖြစ်မိတယ်။
ko Nyi Lynn Seck ထဲမှ ကူးယူဖေါ်ပြပါသည်
Comments