အဖေ

တစ်နေ့က (30-6-06)ကျွန်တော့် အမေ လာတယ်ဗျာ
အမေ့မျက်နာလေး ပြုံးနေလိုက်တာလေ လမင်းကြိးကို အနီးကပ်မြင်လိုက်ရတာထက်ကိုပိုပျော်သွားတယ်
ဘာလို့လည်းပေါ့ သိချင်လာတာနဲ့ မေးလိုက်တာ
ငါ့ သားတဲ့
အမေ မနက်ဖန် ၀ါဆိုသင်္ကန်းကပ်မှာ မင်းရောက်အောင်လာပါ တဲ့
အော် ဒါ့ကြောင့် ကို ဆိုတာသိလိုက်တယ်
ကျွန်တော် လည်း အဖေ့ကို ချက်ချင်းတမ်းတမိလိုက်တယ်
ဒါပေမဲ့ ကျွန်တော် ၂၁မိုင် ကို ပြန်တယ်ပေါ့လေ အပျာ်တွေနဲ့လေ
အလုပ်ထဲက မွန်းကြပ်မှုတွေကို လည်းမေ့သွားတာ အမှန်ပါ
အဲဒိလိုနဲ့ အမေ့ရံ့ကောင်းမှုနဲ့ ၀ါဆိုသင်္ကန်းကို ဆရာတော် ကြိးတွေ ကျောင်ထိုင်ဘုန်းကြိးပါကပ်ဖြစ်တယ်
အဲဒိအချိန်မှာ ဆရာတော် က ရေစက်ချဖို့ ဒကာကြိးဆုံးတာဘယ်လောက်ကြာပြိလည်းလို့ မေးရော
Mandalay မှာတွေလိုက်တဲ့ ကျွန်တော့်လမင်းကြိး (အမေ လေ) အငိုမျက်ဝန်လေးဖြစ်သွားတယ်ဗျာ
ကျွန်တော် လည်း အဖေကို ချက်ချင်းပြေးမြင်လိုက်ချင်တဲ့စိတ်ပေါက်လာတာများ ... အိုတကယ်ဗျာ
ဘယ်လိုကြိးမှန်းကိုမသိဘူးဗျာ
လွမ်းတယ်အဖေ ...
အဖေ ကောင်းရာဘုံဘ၀မှ သာဓုခေါ်ပါနော်

Comments

Popular posts from this blog

ကဗျာ

Miss You