မေ့နေလား...... ငါမပါဘဲဖြစ်ကျော်ခဲ့တဲ့ည လှပခဲ့လား သာယာခဲ့လား. မေ့နေလား...... ဝေေ၀ဆာဆာမဟုတ်ပေမဲ့. အသေခြာတွေး ပြန်မေးကြည့် မှတ်မိမယ်ဆိုရင် ထိုင်ခုံရှည်တွေ မျက်ရည်ဝေနေမယ် မေ့နေလား...... အတိတ်မှာသွား ငါတို့ထားခဲ့တဲ့ မြတ်ခင်းစိမ်းတွေ နွမ်းလို့မျာသွေ့လေမလား မေ့နေလား...... အတူသွား အတူစားခဲ့တဲ့နေ့ရက် လက်ချိုးလို့ပြန်မှတ်မယ်ဆို မှတ်စုတစ်အုပ်ကုန်လောက်ရဲ့ မေ့နေလား...... မင်းပြောခဲ့တဲ့စကား ငါ့နားမှာတင်မထားပဲ နှလုံးသားထဲဆွဲသွင်းခဲ့တာ ငါမှားလားကွာ မေ့နေလား...... ငါ့ရင်ခွင်မှာမင်းပြောခဲ့တဲ့စကား ဘ၀တွေခြားလဲမထားခဲ့နဲ့နော်တဲ့
Comments