စေတနာကောင်းရင် အကျိုးပေးကောင်းတယ်

ဘယ်သူ ဘယ်လောက်ပဲ
အလုပ်များတယ် ပြောပြော၊
လူတိုင်း လူတိုင်းမှာ
ကိုယ်အလုပ်၊ နှုပ်အလုပ်၊
စိတ်အလုပ် ရယ်လို့
အလုပ်သုံးမျိုးပဲ ရှိပါတယ်။

အဲဒီအလုပ်သုံးမျိုး
လုပ်တိုင်းလုပ်တိုင်း
စေ့ဆော်တိုက်တွန်းမှုဆိုတဲ့
စေတနာဓာတ်လေး
အမြဲပါ ပါတယ်။

ကောင်းတာလုပ်ရင်
ကောင်းတဲ့စေတနာ၊
ဆိုးတာလုပ်ရင်
ဆိုးတဲ့စေတနာ
တွဲးပါနေပါတယ်။

အလုပ်တိုင်းမှာ တွဲပါနေတဲ့
အဲဒီစေတနာဓာတ်လေးကို
ကံ လိုခေါ်ပါတယ်။

စေတနာကောင်းရင်
ကံကောင်းပြီး
စေတနာဆိုးရင်
ကံဆိုးပါတယ်။

ကံကောင်းရင်
အကျိုးပေးကောင်းပြီး
ကံဆိုးရင်တော့
အကျိုးပေးညံ့ပါတယ်။

အရှင်ဆန္ဒာဓိက
စိတ်အားဖြည့် ဓမ္မရွက်နု
မှပြန်လည်ဖော်ပြပါသည်

Comments

Popular posts from this blog

Folder Option From Tools Menu

ဂုဏ်ယူလေးစားလျှက်ပါ

သူပါ