ဗုဒ္ဓ၀င်ကဗျာများ
ဝါဆို“လပြည့်” ပါတော့မယ်၊ ရဟန်းသဃာတော်တွေ ၀ါဆို တော့မယ် လူတွေလိုပြောရမယ်ဆိုရင် ဥပုတ်စောင့်တယ်ပေါ့ (စာလုံးပေါင်းမှားနေရင် comment မှာပြင်ပေးပါနော်) နောက်တစ်နည်း ပြောရရင် အသက်တစ်နှစ်ကြိးသွားတဲ့သဘောပါ။ ၀ါတွင်းကာလမှာ စာသင် စာတက် အစရှိသော ရဟန်းများနှင့်သက်

ဆိုင်သော လုပ်ငန်းများကို လုပ်ကြရပါတယ်။ငယ်ငယ်က ၀ါဆိုလ ဆိုရင်ပျော်စရာအလွန်းကောင်းပါတယ် ဘာလို့လည်းဆိုတော့ အိမ်တိုင်းက မုန်တွေကြွေးလို့ပါတစ်အိမ်ဆင်း တစ်အိမ်တက်နှင် ပျော်စရာအလွန်ကောင်း
ပါတယ် ဒီလ မှာ ပန်းတွေလည်းပွင်ကြပါတယ်။ ဘုရားရှင် ကိုယ်တော် ဟာ ဒီဝါတွင်း ကာလမှာ သန္ဓေယူသော
လလည်းဖြစ်နေပါသေးတယ်။ တကယ်မြင့်မြတ်တယ်လို့လည်းထင်မိပါတယ်။ ငယ်ငယ်က အိမ်မှာနေရင်း
အဒေါ်တွေက ပုံပြင်တွေပြောပြတယ် ဆောင်ရန်ရှောင်ရင်တွေပါပြောပြတတ်ပါတယ် အဲဒီအကြောင်းလေး
တွေပြန်တွေးရင်း ငယ်ငယ်ကဖတ်ခဲ့တဲ့စာအုပ်လေးတစ်အုပ် ပြန်တွေ့လို့အမှတ်တရတင်ပြလိုက်ရပါတယ်ဗျာ

(၁)သန္ဓေယူတော်မူသောနေ့
ကြာသာပတေးနေ့
သုံးလူ့ရှင်ပင်၊ ကျွန်းထိပ်တင်၊ သောင်းခွင်
စကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညိညာရုံးစု၊
တောင်းပန်မူကြောင့်၊ ရတုနဂိုရ်၊ ရွှန်းရွှန်းစိုသည်
“၀ါဆိုလပြည့် ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ
သန္ဓေ ယူသည်" နတ်, လူ ငြိမ်းဖို့ကိန်းပါကို...။
(၂) ဖွားတော်မူသောနေ့
သောကြာနေ့
သန္ဓေယူကာ၊ ဆယ်လကြာသော်၊
“မဟာ သက္ကရာဇ်၊ ခြောက်ဆယ်ရှစ်ကြုံ၊ ကဆုန်လပြည့်
သောကြာနေ့ဝယ်” ချမ်းမြေ့စုံစီ၊ လုဗ္ဗနီ ၌မဟီလှိုက်ဆူ၊
“ဖွားတော်မူ”သည် ၊ နတ်လူအောင်မျှို့လမ်းပါကို.....။
(၃)တောထွက်တော်မူသောနေ့
တနင်းလာနေ့
ဖွားမြင်မြောက်သော်၊ ဆယ်ခြောက်နှစ်ရွယ်
ပျိုမြစ်နုနယ်၌၊ သုံးသွယ်ရွှေနန်း သိမ်းမြန်းပြိးလစ်၊
ဆယ်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊
“ရွယ်မူနုဖြိုး၊ နှစ်ဆယ်ကိုးဝယ်” လေးမျိုးနိမိတ်၊
နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊
“၀ါဆိုလပြည့် ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ
တော်ရပ်လှုံသည်” စုံမြိုင်ပင်ရိပ်ခမ်းမှာကို......။
(၄) ဘုရားဖြစ်သောနေ့
ဗုဒ္ဓဟူးနေ့
တောရပ် မြိုင်ပေါ်၊ ခြောက်နှစ် ပျော်၍၊
ခါတော်တစ်ဖုံ၊ ပွင့်ချိန်ကြုံက၊ “ကဆုန်လပြည့်၊
ဆင်မင်းနေ့ဝယ်” မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊
ရွှေညောင်တော်ကြိး ဗိတာန် ထိးနှင့်၊ မငြိးကြည်
ဖြူနေတော်မူလျက်၊ ရန်မြူခပင်း၊ အမိုက်သင်းကို
အရှင်းပယ်ဖျောက်၊ အလင်းပေါက်ကာ၊
ထွန်းတောက် ဘုန်းတော်၊ သောင်းလုံး ကျော်သည်၊
သုံးဖော်လူတို့ ငြမ်းပါကို....။
(၅)ဓမ္မစင်္ကြာဟောတော်မူသောနေ့
စနေနေ့
ဘုရားဖြစ်ကာ၊ မိဂဒါသို့၊ စကြာရွှေဖ၀ါးဖြန့်ချီ
သွား၍၊ ငါးပါးဝဂ္ဂီစုံအညိနှင့် မဟီတစ်သောင်း
တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာ
အား“၀ါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့
လျှံတက်၊ ဓမ္မစက်ကို” မိန့်မြွတ်ထွေပြား၊
ဟောဖော်ကြားသည်၊ တရားနတ်စည်ရွှမ်းတယ်ကို....။
(၆)ပရိနိဗ္ဗာန်
အင်္ဂါနေ့
တရားနတ်စည်၊ ဆော်ရွှမ်းလည်က၊
သုံးမည်ဘုံသိုက် တစ်သောင်းထိုက်ဝယ်၊
ကျွတ်ထိုက်သသူ နတ်လူဗြဟ္မာ၊
သတ္တ၀ါကို ခေမာ သောင်သို့
ဖောင်ကူးတို့ဖြင့် ဆောင်ပို့ပြီးကာ၊
“၀ါလေးဆယ့်ငါး သက်ကားရှစ်ဆယ်”
စုံပြည့်ကြွယ်က ရာလေးဆယ်ရှစ်(၁၄၈)၊
သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊
စံနိုင်းမယုတ် ကုဿိန္နာရုံ အင်ကြင်းစုံ၌
“ကဆုန်လပြည့် အင်္ဂါနေ့ဝယ်”
ချမ်းမြေ့နိဗ္ဗူ စံတော်မူသည်၊
ဝှန်းဆူသောင်းလုံးကျော်တယ်ကို....။
(၇)တေဇောဓာတ်လောင်ကျွမ်းသောနေ့
တနင်္ဂနွေနေ့
နဗ္ဗူစံပြီး၊ ရှုမအီသာ၊ သိင်္ဂိ ရွှေလှော်၊
လောင်းတော်ကို “ထိုရော်ကဆုန်၊ လဆုတ်
ကြုံ၍၊ ဂဠုန်နေ့ဝယ်” ခိုးငွေ့မနှော၊ ဓာတ်တေ
ဇောလျှံတက် ကော်ရော်၊ မိးပူဇော်သည်၊
မွေတော်ရှစ်စိတ်ကြွင်းတယ်ကိုး...။

လယ်တိဆရာတော် ၏ ခုနှစ်နေ့ ဘုရားရှစ်ခိုး
ဗုဒ္ဓ၀င်ကဗျာများ မှ
ဗုဒ္ဓ၀င်ကဗျာများ မှ
Comments