စတင်ခြင်း

စတင်တော့မှာတွေးပြီးအိပ်မပျော်တာနှစ်ညလောက်ရှိတယ်.....ရင်တွေခုန်လို့..........သူစိမ်းတွေကြား တိုးရမှာ ကိုယ်သိတာ မသိတာ ကိုယ်လုပ်နိုင်တာ မလုပ်နိုင်တာ အများကြီးထဲက ကိုယ်လုပ်နိုင်တာကို သူတို့သိအောင် လုပ်ပြရတောမယ်.......ခွန်အားတွေသတ္တိတွေတော့ရှိပါလေရဲ့.....ဒါပေမဲ့အခုမှမိ့ခင်လက်ကလွှတ်လိုက်လို့လမ်း လျှောက် တတ်စ ကလေးတစ်ယောက်လို ဟိုစမ်းစမ်း ဒီစမ်း စမ်း တော့ ဖြစ်နေဦးမယ် ဆိုတာ တော့သေခြာတယ်....ဟိုးအရင်တုန်းကသူငယ်ချင်း၈ယောက် စတင်အလုပ်ဆင်းခဲ့ရတုန်းကလိုမျိုးပျော်ရွှင်မှုတွေ ရနိုင်ဖို့ဆိုတာတော့မမျှော်လင့်ရဲတော့ဘူး......ရမှာလဲမဟုတ်ဘူးလေ....တွေးလို့အားငယ်တာမျိုးလဲမဟုတ်ပြန်.....ဒါဆိုဘာလဲ.....ဘာလဲမှန်းအသေခြာမသိ........ သိနေတာတစ်ခုကကိုယ်လုပ်နိုင်တာ လုပ်တတ်တာကို အကောင်းဆုံးလုပ်ပေးဖို့ပြင်ဆင်ထားတယ်ဆိုတာတော့ အသေခြာသိနေလေရဲ့.....ပျော်ရွှင်ချင်းဆိုတာလက်လွှတ်ခဲ့တာကြာပြီမို့တော့မတောင်းတတော့...ရနိုင်မယ်ဆိုရင် လိုချင်တယ်လို့မပူဆာတော့......ရနေပြီးသားမို့ပါ...စိတ်ချမ်းသာအောင်ထားနိုင်ဖို့အတွက်အကောင်းဆုံးပြင်ဆင်ထား....
သူကိုယ့်အတွက်ပေးဆက်အနစ်နာခံခဲ့တာအသိ့သာကြီးသူ့ဗိုက်မှာခွဲစိတ်ခန်းကအပ်ချုပ်ရာကိုသာပြန်မြင်လိုက်.......
သူ့ကျေးဇူး သူ့မာန သူ့သိက္ခာတွေကို မင်း ပြန်လုပ်ပေးနိုင်တာ တစ်ခုပဲရှိတယ် စိတ်ချမ်းသာအောင်ထားရမယ် ဆိုတာပဲ... .သူစိတ်ချမ်းသာမှ မင်းဘဝလှမယ်.......မင်းဘဝလှအောင်သူဆွမ်းဆောင်ပေးထားတာတွေကိုရော မင်းပြန်လှည့်ကြည့်လိုက်ဥိး......မင်းသေတောင်မကြေတဲ့အကြွေးတွေသူ့အပေါ်မှာတင်နေတာဒါကိုမြင်ပေါ့........
သူမင်းကို မြီု့မှာကျောင်းတတ်ဖို့ ကားကြီးနဲ့ခေါ်သွားပြီးလမ်းမှာ ပါသမျှကားပေါ်ကလူတွေအားလုံးကြားအောင်
ဆုံးမခဲ့တဲ့ စကားလေးကိုလဲမမေ့နဲ့ “ဘယ်သူတွေရွှေဖိနပ်ဘယ်လိုစီးတယ် ဘယ်သူတွေဘယ်လိုနေတယ် ဆိုတာထက် ဘယ်သူကတော်လိုက်တာ ဘယ်လိုလိမ်မာတယ်ဆိုတာ အတုခိုးတဲ့” မှတ်မိ့သေးလား အဲဒါလေးလဲမမေ့နဲ့ဥိး...အိပ်ယာဝင်တိုင်းဘုရားရှိခိုးဖို့တိုက်တွန်းတတ်တဲ့သူ့ဆန္ဒမမေ့လျှော့လေနဲ့....မင်းအဖေပြောသလိုပေါ့တဲ့
“လူတိုင်းကိုတည့်အောင်ပေါင်း ကိုယ်မလုပ်နိုင်တာ သူလုပ်တတ်သလို ကိုယ်မနိုင်တာသူထမ်းနိုင်တယ်တဲ့”
အဲဒါကိုလဲခေါင်းထဲထည့်ထား......ဒါတွေအားလုံ့းမင်းအတွက်စတင်တဲ့နေ့အမှတ်တရ မိန့်ခွန်းတွေပါ


Comments

Popular posts from this blog

ကဗျာ

Miss You