အရှက်နဲ့လူ

ခေါင်းစဉ်ဖတ်ပြီး နည်းနည်းတော့စိမ်းနေမည်ထင်ပါသည်။ မရေးတာအတော်ကြာပြီ ပစ်ထားခဲ့ခြင်းမျိုးစုံထဲက နည်းတစ်မျိုးမျိုးနဲ့ရအောင် ပစ်ထားခဲ့တာ။ ဒိနေရာမှာ ကျနော်အတွက် မျှော်လင့်ချက်တွေ စိတ်ကူးယဉ်ခဲ့တာတွေ မျိုးစုံအောင် ထားခဲ့ ကြိုးစားလုပ်ကိုင်ခဲ့တာ ဒါပေမဲ့ ကျနော် ဒီနေရာကို ပစ်ထားခဲ့တယ် လစ်လျှူရူခဲ့တယ်။ အ ကြောင်း စုံပေါ့လေ။ ဒါပေမဲ့ ဘလောဒ်တွေလိုက်ဖတ်ဖြစ်ပါတယ်။ တစ်ချို့က ပျော်ရွှင်စရာတွေရေးကြတယ် တစ်ချို့က နည်းပညာတွေရေးကြတယ် နောက်တစ်မျိုးက သူတို့ကျင်လည်ရာပက်ဝန်းကျင်အကြောင်းတွေရေး ကြတယ် အစုံအစုံပေါ့ အဲဒါတွေကိုတော့ BookMark လုပ်ထားပြိးလိုက်ဖတ်ဖြစ်တယ်။ အခုတလော အမြဲ လိုလို ရောက်ပြီး အဟောင်းတွေကို ပါ ပြန်လှန်ဖတ်နေမိ့တာက အသည်းကွဲတိုးရစ်ကြီးရဲ့ဘလောဒ်ပေါ့။ သူရေးတာတော့ သူ့နာမည် က ရွှေရတုမှတ်တမ်း တဲ့ ဘယ်နေရာက ရွှေရတုတယ်တော့ ကိုယ်တိုင်သာသွားမေးပေတော့ ကျနော်လဲ မသိ့ မမေးမိ့ သူကိုယ်တိုင်လဲ ကျမ်းမာရေးက အသည်းကွဲနေတော့ သနားတော့ မမေးချင်။ ပြောချင်တာက ဒိလို

ကိုကြီးကျောက် အမှန်တော့ သူ့အသက်က ကြီးပြီ(သည်းခံပေတော့) ဒါပေမဲ့ သူ့စိတ်ဓာတ်နဲ့ သူ့ပျော်ရွှင် မှုတွေက နုနယ်နေသေးတဲ့ ၁၈ နှစ်သား ကာလာသားလူပျိုပေါက်အလား နုပျိုနေသေး သည်။ အဲသလို နုနေလွန်းလို့ လားတော့မပြောတတတ် အခုတော့ သူအသည်းကွဲပြီ။ ကွဲချင်းမှရိုးရိုးမဟုတ် သူတကာထက်ထူး ကွဲခြင်းမျိုးနဲ့ကွဲသည်။ သိချင်လွန်းနေပြီဆိုက ကျုပ်မပြောလို သူ့ ဘလောဒ် ကိုလင့်ခ် ပေးထားပါသည် သွား ရောက် ဖတ်ရူ လေတော့။ ဒိပို့ကို ပြန်ရေးသည် တင်းပလိပ်ကိုပြောင်းသည် နည်းနည်းတိုး နည်းနည်းလျှော့ လုပ်သင့်တာတွေနည်းနည်းလိုက်လုပ်သည်။ ကျနော့်ဘလောဒ်ကို အဲသလို အသည်းကွဲတိုးရစ်ကြီး ရောက် လာ လို့ ပြန်လည်အသက်သွင်းသည်ဆိုက ပိုမှန်မည် သူတောင် ရေးနေသည် ကိုယ်လဲရေးမည်ပေါ့။

တစ်ခုတော့ ရှိသေးရဲ့ သူအရေး သူ့ဟန်က မာပါလွန်းသည် ဆွဲဆောင်နိုင်အားရှိသည် ကျနော်အလုပ်ထဲ စိတ် ညစ် နေတိုင်း ထိုင်ဖတ်သည့်ဘလောဒ် သူ့ဘလောဒ် စိတ်ညစ်စရာတွေလွှင့်ပစ်ချင်လျှင် ကိုကြီးကျောက်နား ကျနော် အပြေးလေးသွားရောက်ပြီး ဟိုလှန်ဒီလှန်လုပ်ပစ်လိုက်သည် ပေါ့သွားတဲ့စိတ်နဲ့ ရုပ်နေတဲ့ အလုပ်ထဲက စိတ်ကို ပြန်လည်ရင်ဆိုင် ဖြေရှင်း ရတော့သည်။ အလုတ်ကတခြားမဟုတ် ပုံဆွဲတဲ့အလုတ် ကလေး တွေ ကျောင်းပျော်အောင် ထားဖို့ ကျနော်ကြိုး စား ခြင်းမျိုးနှင့် ကျနော်အလုပ်ထဲနေရတဲ့ပုံမျိုး။

ဒါနဲ့ကျနော့် အခုပေးထားတဲ့ Title ထူးခြားနေမည် ကျနော် ပြောမည် ကျနော်ဖွင့်ဟမည်။ ကျနော် စွဲလန်း လွန်းတဲ့ အလုပ်မျိုးထဲက တစ်ခုက ဘလောဒ်ရေးခြင်း ကတစ်မျိုးပါသည်။ ကိုယ့်ပြည်ကိုယ့်ရေမှာနေတုန်းက အသည်း အသည်ရေးခဲ့တာ နည်းပညာဆိုလဲ ရေးလိုက်တာပဲ၊ ဖွန်ကြောင်တာလဲ ပါတာပဲ၊ အစုံပေါ့လေ။ ဘာလို့ ရှက်ရသတုန်းဆိုလျှင် ကိုကြီးကျောက်တောင်ရေးနေမှ ကျနော် ဘာလို့မရေးနိုင်နေရသတုန်းဆိုတဲ့ မေးခွန်း ဘယ်အချိန်မေးသလဲ ဘယ်နားမှာလဲ ဆိုလျှင် ကျနော့်ဘလောဒ်လေးကိ စီးပေါက် မှာ ကိုကြီးကျောက် အကယ်ဒမီ များရှင် ကျောက်ကျောက် လာအော်သွားသည့် ဒီနေ့ မှ မူးတူးရူးတူးနှင့် ပြန်လည်အသက်သွင်းသည် ။

ရှက်ရသည်က တခြားမဟုတ် ကိုယ်လုပ်တတ် ကိုင်တတ်ပါလျှက်နဲ့မလုပ်ပဲ သူတပါးနားလိုက်လံဖက်ရူးပြီး တော်ရေးမြောက်ရေး လုပ်နေတဲ့ ဘလောဒ်ဂါ ဘော်ကျော့ဖြစ်နေတဲ့ ကျနော် မောင်မျိုးအောင် ရှက်နေရခြင်းပင်။ ကဲ ဘာပြောချင်တာလဲ ဒီပိုစ့်က ဆိုလျှင် ဘာမှလဲမပါ။ ဘာပေးချင်တာလဲဆိုလျှင်လဲ ဘာမှမပေးနိုင်။ ဘလောဒ်ရေးလျှင် လာဖတ်တဲ့လူ ထူးခြားတာပေးစွမ်းနိုင်ဖို့ တစ်ခုခု မေတ္တာလက်ဆောင်ပြန်ပေးနိုင်ဖို့တော့ လိုသည်လို့ ထင်။ အိုကေ ဒိနေ့ကစ နောက်နေ့တွေတိုင် ကျနော်ရေးပါတော့မည်။ အထူးသဖြင့် WebDesign နဲ့ပက်သက်သမျှ သိ့သမျှသေား စာသားများ ဖတ်ဖူးသောစာသားများကို ကျနော့်အမြင် ကျနော့်အထင် တွေ တင်ပေးပါမည်။

မှတ်ချက်- လာအော်သွားသော ကိုကြီးကျောက် ကျမ်းမာချမ်းသာလို့ အသည်းကွဲခြင်းဘေးမှ အမြန်လွတ်ကင်းပါ စေ။(ကွဲပေမပေါ့ ရှက်ကိဖဲ့တယ်နဲ့တူတယ် :D )

Comments

သာဓု...သာဓု....သာဓု....
Ako Myo Aung said…
ဆြာကျောက် သူများနားလာ သာဓု လုပ်မနေနဲ့ ကျမ်းမာရေးဂရုစိုက်ဥိး

Popular posts from this blog

ကဗျာ

Miss You