နိုင်ငံတကာမှာအလုပ်အကိုင်အခွင့်အလမ်းတွေရစေဖို့
Invite လုပ်ပါဆိုလို့။
တက်ပါ။ နိုင်ငံတကာမှာအလုပ်အကိုင်အခွင့်အလမ်းတွေရစေဖို့ ဒီအခမဲ့သင်တန်းတွေကိုတက်ပါ။ အိမ်ကနေပဲ ထိုင်ရာမထ တက်ပါ။ ဈေးရောင်းနေရင်းလည်းတက်ပါ။ ရေချိူရင်းလည်းတက်ပါ။ ခုခေတ်ကြီးမှာအကောင်းဆုံးက ဒီလိုကြိုက်သလို ကြိုက်တဲ့နေရာမှာတက်လို့ရတဲ့အခွင့်အရေးတွေရှိနေတာပါ။
မပျင်းပါနဲ့။ ခုခေတ်မှာ ကိုယ်ကမလုပ်ထားရင် အရာရာမှာ နောက်ကျကျန်ခဲ့လိမ့်မယ်။ Google ဆိုတာကိုတစ်ကမ္ဘာလုံးသိတယ်။ ဒီလို Google ကနေအသိအမှတ်ပြုလက်မှတ်ရထားတာဟာ ကမ္ဘာအနှံ့အခွင့်အရေးပိုရလာတယ်ဆိုတဲ့အဓိပ္ပါယ်ပါပဲ။ ဒီတော့ အခမဲ့တွေရနေတုန်း တက်ပစ်လိုက်ပါ။
Coursera ကနေ register လုပ်တဲ့အခါ သင်တန်းကြေးပေးတက်ရမှာလား?၊ အဲ့လိုမတက်ပါနဲ့ ဒါက ပိုက်ဆံပေါနေတဲ့သူတွေတက်ကြတာ။ Financial Aid ထောက်ပံ့ကြေးလျှောက်လို့ရတယ်။ အကောင့်တစ်ခုကို Module ထောက်ပံ့ကြေး ၁၀ ခုယူလို့ရတယ်။ ဒီတော့ ကိုယ်အကြိုက်ဆုံးအတက်ချင်ဆုံးဘာသာရပ်ကိုရွေးပြီး ထောက်ပံ့ကြေးသာလျှောက်ပေတော့။ သိပ်မကြာဘူးအီးမေလ် ပြန်ရလာရင် သင်တန်းစတက်ပေရော့။
ဘာသာရပ်တွေရွေးချယ်ချင်ရင် ဒီမှာကိုယ်ကြိုက်ရာသာရွေး။
ကဲ! ဒီလိုသေချာလေး ခူးပြီးခပ်ပြီးကျွေးတာတောင် မလုပ်ချင်ဘူးဆိုရင်တော့ ကိုယ့်သဘောပါပဲ။ လုပ်မယ်ဆိုရင်တော့ အခုပဲစပြီးလျှောက်လိုက်ပါတော့ဗျာ။
#CreditTo @Nan Htike Aung
https://www.facebook.com/bossXIII/posts/pfbid0ryXonrQDj6wnMn93T8eQjpCpMmwMBKApKTb2Vqn96uyerxMPd7QmcLDKE3bfoHZPl
Comments