တမ်းတမိမယ်...သူငယ်ချင်းရယ်.....
တခါတခါ ပြုံးပြရင် ဆုံးရမှာ သိပ်ကြောက်ခဲ့ရတဲ့ သူငယ်ချင်း...
နှလုံးသားပြတိုက်မှာ အဖြူရောင်ကြိုးနှစ်စ ညှိသွားခဲ့ရင်
ဘာလုပ်မလဲ ဟင်...
တိုးတိုးလေးနေရတာ မောနေတဲ့အချိန်...
အားလုံးကြားအောင် အော်လိုက်ချင်ပေမယ့်...
ညစ်နွမ်းတဲ့အပြာရောင်တွေ တို့နှလုံးသားကို မဆိုးပါရစေနဲ့...
နဲ့
မင်းအတွက်...လမ်း
ရင်ဖွင့်ချင်တယ်....
သနားလိုက်တာလို့တော့ မင်းမပြောနဲ့
ငါမယုံဘူး။
ကွယ်ရာ လှိမ့်ရယ်နေမှာ သိနေတယ်။
စာနာစိတ်လည်းမရှိဘူး....ငါ့ကိုလည်း ထည့်မစဉ်းစားဘူး။
ငါမှိုင်နေရင် အားပေးဖို့တောင် မင်းသတိမရခဲ့ဘူး။
မညာပါနဲ့။
တခြားမျက်နှာကို ပြုံးပျော်စေမှာ သိနေတယ်။
အချိန်မရှိဘူး။ မင်းမသိတာလည်း မဟုတ်ဘူး။
ဒါပေမယ့် ... ဟန်ဆောင်ပြုံးပြဖို့တောင် စိတ်မ၀င်စားဘူး။
နင်းလျှောက်နိုင်ဖို့ လမ်းဖြစ်ပေးတာတောင်....
ခဲဆူးလို့ဆို ... ခြေဆောင့်နင်းတတ်တာ အသည်းနာတယ်ကွာ။
ရင်ဘတ်ကအောင့်ပေမယ့်...
အကြွေးရှိသမျှ ပေးဆပ်ဖို့က ကျန်နေသေးလို့...
ငါတော့ လမ်းလုပ်နေရဦးမှာပါ၊
(သူငယ်ချင်းတစ်ယောက် Mail နှင့်ပိုလိုက်တာပါ)
Comments