အဖြည့်ခံ

စမ်းရေတွေ ဖြည်းဖြည်းလေးပဲ
မရပ်မနား သူစီးဆင်းနေတယ်
ငါ့အချစ်တွေလဲ ဖြည်းဖြည်းလေးပဲ
မင်းနှလုံးသားထဲ စီးဝင်မယ်။

မိုးရေစက်တွေက
အေးချမ်းမှုကိုပြောပြသလို
ငါ့ရင်ခုန်သံတွေကလဲ
မင်းအတွက်အချစ်တွေ ဖော်ပြနေတယ်။

ကောင်းကင်ဖြူပြာက ငြိမ်းချမ်းမှုကို
သင်ပြသလို
ငါ့အချစ်ရဲ့ငြိမ်းချမ်းမှု
ငါ့မျက်ဝန်းကတစ်ဆင့် မင်းသိပါစေ။

မင်းအတွက် ကော်ဖီတစ်ခွက်လို
ခါးဆိမ့်ဆိမ့် ရင်ခုန်မှုတွေပေးချင်ပါတယ်
မင်းနှလုံးသားရဲ့ဆာလောင်မှုအတွက်တော့
ငါ့အချစ်တွေက...ဖြည့်သိပ်ပေးချင်တယ်။

နာကျင်မှုတွေအတွက် ထီးတစ်လက်
မင်းလိုအပ်မယ်ဆိုခဲ့ရင်ပေါ့
ငါ့ရင်ခွင်အစုံ မင်းခိုလှုံဖို့
ထာဝရ အဆင်သင့်ပေါ့။

Copie from Planet

Comments

Popular posts from this blog

ကဗျာ

Miss You