အတ္တဟိ အတ္တနော နာထော့


ကံကောင်း မကောင်း
ကိုယ့်ကိုယ် ကိုပြန်မကြည်ဘဲ
လောကကို
အလကားနေရင်း ကဲ့ရဲ့တဲ့အကောင်ဟာ
ကိုယ်ပါပဲ။

ခံနိုင်ရည်အခွံပြုတ်
စတ်ဓာတ်တွေခြချူချာ၊
ခွန်အားကို ခြိုးခြံလွန်းလို့၊
အခွင့်ရေးတွေဆုံးရှံး၊
ခွေးလုံးလုံး ဖြစ်နေရတော့မလား။


ဂရုတစိုက်၊
ဂွရထားပြီး စဉ်းစား၊
ဂေါတမဘုရားရဲ့ အဆုံးမ၊
ဂဃနဏ တွေးစရာ၊
ဂုဏ်ဆိုတာ အလုပ်၊
အလုပ်ဆိုတာ ကံ၊
ဂန္တ၀င်မြောက်နိုင်တာ လူပါပဲ။

ငါ..........
ငေးငူငိုင်ငိုင်
ငုတ်တုတ်ထိုင်ပြီး၊
ငုံလျှိုးငိုက်မျဉ်း၊
ငိုချင်းချလို့ အငတ်မခံ၊
ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်၊
ငါ့မြင်းငါစိုင်းမှ ငါ့တိုင်းငါပေါက်၊
ငါယောင်္ကျားပဲလေ........................
(အတွဲ 39 အမှတ် 10 1994 ခု June ဗုဒ္ဓဓမ္မလောက မှ)

Comments

Popular posts from this blog

Folder Option From Tools Menu

ဂုဏ်ယူလေးစားလျှက်ပါ

ရေ မန္တလေမိုး ခြွေး နှင့် ခရိးသွားခြင်း