မင်းအဖေအခုဘယ်မှာလဲ

ကောက်လှိုင်း အထုံးများ အပြည့်အမောက် တင်လာသ့် လှည်းတစ်စီး မှောက်သွားရာ၊ လှည်းဘေးမှ လူငယ်ဆိသို့ အနီးမှ လူကြီးတစ်ယောက်ရောက်လာ၏။

လူကြီး၊ ၊လူလေး ဒီလောက်ကြီးလဲပျာယာခတ်မနေပါနဲ့ကွာ၊ တို့အိမ်မှာ တစ်ခုခု လိုက်စားပြီးမှ ၀ိုင်းထောင်ကြတာပေါ့။

လူငယ်၊ ၊ကျေးဇူးတင်ပါတယ် ဦးလေးရယ် ဒါပေမဲ့ အဖေက ဒေါပွနေမှာ။

လူကြီး၊ ၊အို....လိုက်ခဲ့စမ်းပါ သားရယ်၊ အချိန်ရပါသေးတယ်။

လူငယ်၊ ၊ဒါဆိုလဲ လိုက်ခဲ့မယ်ဗျာ၊ အဖေဒေါပွနေမှာတော့ သေချာတယ်။

သူတို့နှစ်ဦးညစာ စားပြီးနောက် `ကျေးဇူးတင်လိုက်တာ ဦးလေရယ်.....၊ ဒါပေမဲ့ အဖေကတော့ တကယ်ကို စိတ်တိုနေလောက်ပြီ´ ဟုပြော၏

လူကြီး။ ။ ဟင်-မင်းဟာကလဲ ဒီလောက်အဖြစ်သည်းနေရအောင် မင်း အဖေက အခုဘယ်မှာမို့လဲ။

လူငယ်။ ။ လှည်းအောက်မှာလေ ဦးလေးရဲ့

Comments

Popular posts from this blog

Folder Option From Tools Menu

ဂုဏ်ယူလေးစားလျှက်ပါ

သူပါ