“ရွှေဗဟိုစည်သံ”

ကျနော်တို့ ရွှေမန္တလေးဟာ မင်းနေပြည်တော်ဖြစ်ခဲ့တယ်ဆိုတာကိုအားလုံးအသိပါ။
အဲတော့ “ရွှေဗဟိုစည်သံ” ကနေရာအနှံက ကြားရမှာအမှန်ပါ တစ်ခုတော့ရှိတယ်
ဘယ်အချိန်မှာတီးတယ်၊ ဘယ်လို့အကြောင်းကြောင့်တီးတယ်ဆိုတာတော့ကျနော်လည်းမသိ့ပါဘူး။
ပြောချင်တာက အဲဒီ “ရွှေဗဟိုစည်”ပါ။ စိုင်းထီဆိုင် က ဆိုထားသေးတယ်လေ “ရွှေဗဟိုစည် သံမကြားရတဲ့အ
ဝေးမှာ တာဝန်လွယ်ကာ စစ်ကြောင်းထွက်နေရ” ဒါကိုပြန်ဆိုထားတာလေးတော့ ရှိတယ် မျိုးကြော့မြိုင် ပါ၊ သူဆိုတာလည်းကောင်းပါတယ်။ အဲတော “ရွှေဗဟိုစည်” က မင်းနေပြည်တော်မှာ မင်္ဂလာယူတဲ့အချိန်မျိုးမှာ တည်းမယ်လို့ ထင်ပါတယ်ဒီတော့ စကားတစ်လုံးထွက်လာပါတယ်။ ကျနော်အကိုတစ်ယောက်နားကပြန်ကြား
ရတာပါ။သူပြောတာ က ဒီလိုပါ “ရွှေဗဟိုစည်သံ ကြားတဲ့အရပ်မှာ ဘာလုပ်လုပ် တင့်တယ် ပါတယ်” တဲ့
သူက အိမ်ဆောက်ထားတဲ့ပုံစံ့လေးကိုကြည့်ပြိးပြောတာပါ၊ အိမ်တွေမှာ က ဥပစာ ကို လမ်းမကြိးအပေါ်မှာ
မှီပြီးမှ မျက်နှာစာကို လှည်ကြပါတယ်၊ ဒီမှာတင် “နေကျော်” “နေလျှာက်”ဆိုတာ ထက်ဖြစ်လာပြန်ပါတယ်။
နေကျော်ဆိုတာက ဆိုပါဆို အိမ်လေးတစ်လုံးက အရှေ့အရပ်ကို မျက်နှာမူဆောက်ထားတယ်၊ ဒါမှ မဟုတ်
အနောက်အရပ်ကိုမျက်နှာမူထားတယ် ဆိုရင် “နေကျော်” လို့ခေါ်ပါတယ် တဲ့။ “နေလျှောက်” ဆိုတာက
အိမ်လေး တစ်လုံးက တောင်ဘက်အရပ်ကို မျက်နှာမူထားတယ်ဆိုရင်၊ ဒါမှမဟုတ် မြောက်အရပ်ကိုမျက်နှာ
ပြုထားတယ်ဆိုရင် “နေလျှောက်” လို့ပြောပါတယ်။ အဲတော့ အိမ်ဆောက်ရာမှာ၊ အသုဘကိစ္စ၊ ဘာလုပ်လုပ်
“ရွှေဗဟိုစည်” သံကြားရတဲ့အရပ်မှာ ဘာလုပ်လုပ်တင့်တယ် ပါသတဲ့ဗျ။ သူက အိမ်နှစ်လုံးဆောက်
ထားတာလေးကိုကြည့်ပြီးမှ ပြောသွားတာပါ။ အဲဒီအိမ်လေးနှစ်လုံးက ခြံဝန်း တစ်ခုထဲမှာတင် T ပုံစံ
လေးဆောက်ထားတာပါ ဒါကိုကြည့်ပြောသွားတာပါ။ တကယ်ဆိုတာ ခိုက်တာတို့ဘာတို့ ဖြစ်တက်သတဲ့။ အခုက “ရွှေဗဟိုစည်” သံကြား တဲ့အရပ်မို့တဲ့။ ကျနော် ကပ်တီးကပ်တက် မေးလိုက်ပါသေးတယ်။ အခုမှ “ရွှေဗဟိုစည်” သံမကြားရတော့တာလို့ ပြောတော့ မဟုတ်ဘူးတဲ့၊ “ရွှေဗဟိုစည်” တီးလို့ကြားနိုင်သမျှသော နေရာတိုင်းမှာ တင့်တယ်သလို “ရွှေဗဟိုစည်” မတီးလည်း ရပါတယ်တဲ့ဗျ။ အခုကျနော် ပြောသွားတဲ့အရာတွေမှာ လိုတာတွေပါမှာပါ၊ ပိုတာတွေပါမှာပါ ကျနော် မှားနေတာ လိုနေတာလေးကို Comment မှာဝင်ရေးပေးပြိးပြင်ပေးသွားစေလိုပါတယ်

Comments

s_potato said…
ရေးထားတာ အဆင်ပြေပါတယ်ကွယ် တပည့်ကြီးတော်တယ်
Ako Myo Aung said…
ဆရာတော်တော့ ဒီလို့ပဲဖြစ်ရမှာပေါ့နော့်

Popular posts from this blog

ကဗျာ

Miss You