နံမည်မသေသူများ

လူသေပေမဲ့နံမည်ကောင်းနဲ့နောင်လာနောက်သားတွေကိုအခုထက်တိုင်အေးချမ်းသောခံစားမှုလေးတွေပေး
ဆွမ်းခဲ့သောသူတွေအများကြီးပါ အဲအထဲမှာကျနော်သိသောသူတွေ မသိ့သောသူတွေအများကြီးပါ မှိလိုက်တာ တွေရှိသလို မမှီလိုက်ပဲကြားဖူးရုံကြားဖူးလိုက်တာတွေလဲအများကြီးပါပဲ အရင်ဆုံးတော့ မမေ့နိုင်တာက ကျနော့် ကျေးဇူးရှင် အဖေ နောက် ကျနော့်ကို ပညာတွေသင်ပေးခဲ့တဲ့ ကျေးဇူးရှင် ဆရာမကြီး ဒေါ်အေးအေး သူတို့တတွေက ကျနော်မှီလိုက်သိ့လိုက်တဲ့ကျနော့်ဘ၀ရဲ့ ကျေးဇူးရှင်ဘ၀သခင်တွေပါ သူတို့ပေးခဲ့တဲ့ အသိ့ညာဏ်ပညာတွေကြောင့်လူလားမြောက်ခဲ့ရပါတယ်ဆိုတာဝန်ခံလိုက်ပါရစေဗျာ.... ကျနော် အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လူဘ၀အတွက်နေထိုင်နည်းတွေ ပညာတွေ သင်ညာတွေ အစုံသင်ပေးခဲ့တဲ့သူနှစ် ယောက်ပါလို့အရင်မှတ်ချက်ပေးပါတယ် နောက်ကျနော်ထပ်မှိလိုက်တာက လူဘ၀မှာ နေထိုင်တဲအချိန်မှာ မမေ့ လျှော့သင့်တာတွေကို သင်ကြားပြသပေးခဲ့တဲ့ ၂၁မိုင်ရွာ မှာ အိန္ဒြိယ ဗုဒ္ဒဂါယာဒေသမှ စေတိပုံတူ တည်ထားပေးခဲ့တဲ့ ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး ရန်ကုန်မြိုရွှေရင်မျှော်ကျောင်းဆရာတော်ကြီး ဦးဇာဂရ(မန္တလေးမြင်းဝန်တိုက် တိုက်အုပ်ကြီး) ပါပဲ ဆရာတော်ကျေးဇူးတော်အနန္တကို စိတ်အစဉ်မှာစွဲထင်နေပါ တယ်။ ကျနော့်အဖေကပြောပြခဲ့ဖူးတယ် လူသေသွားပေမဲနံမည်မသေဖို့လိုတယ်တဲ့ မှတ်သားခဲ့ပေမဲ့ လိုက်နာဖို့ မလေ့ကျင့်ခဲ့မိ့ဘူးကျနော်လဲနောင်လာနောင်သားတွေအတွက်တော့အနည်းဆုံးကောင်းတာလေးတစ်ခု လောက် ဖြည့်စွမ်းပေးချင်သေးတယ်။ လက်ရှိအခြေနေမှာကိုယ်က ဘာမှမဟုတ်ပေမဲ့ ကိုယ်အသိုင်းဝိုင်း ကိုယ်ပတ်ဝန်း ကျင် ကိုယ့်ဒေသကိုယ်တော့ အကောင်းဆုံးဆိုတာတွေကိုဖြည့်စည်းပေးချင်တဲ့ဆန္ဒကိုတော့ မဖြည့်စည်းနိုင်သေး ပါဘူး။ မျှော်လင့်ချက်တွေ ဆန္ဒတွေကိုအကောင်ထည်ဖော်တာ ပြောသလောက်မလွယ်ဘူးဆိုတာကို ကိုယ်တိုင် ခံစားကြည့်လိုက်မှသိလိုက်ရတယ်။ ပြင်ဆင်ချိန်တွေရှိနေသေးပေမဲ့ နည်းလွန်းတယ်လို့ထင်နေမိ့တယ်။ ဘ၀ မှာနံမည်မသေအောင် ဘယ်လိုနေထိုင်ပြုမူပြောဆိုဆက်ဆံရမလဲဆိုတာကိုတော့ လူပတ်ဝန်းကျင်မှာလှည်လည် ရင်းနဲ့ပဲ ရှာဖွေမွှေနှောက်ရဦးမယ်.........။ မသိတာတွေသိ့အောင် မတတ်တာတွေတတ်လာအောင် ကြီုးစားယူရ ဦးမယ် ရှာဖွေရဦးမယ် ကိုယ်မခံစားခဲ့ဖူးတဲ့ အရာတွေကို ကိုယ်ပတ်ဝန်းကျင်ကိုယ့်ဒေသလေးမှာတော့ အဲအရာ တွေကို စုံစုံလင်လင်လေး အလွယ်တကူရရှိစေချင်တယ်။ ဘာပဲပြောပြောပေါ့ အနည်းဆုံးတော့ အဲဒီလူတွေက သူတို့သမိုင်းကိုလှလှပပလေးနဲ့ရေးသွားနိုင်ခဲ့ကြတဲ့ သမိုင်းဝင် သူရဲကောင်းကြီးတွေ အာဇာနည်တွေပါပဲဆိုတာကျနော် ဂုဏ်ယူ လေးစားအားကျမိပါတယ်ဗျာ...........
သိပ်မကြာသေးခင်မှာပဲကွယ်လွန်သွားခဲ့တဲ့ရှမ်းပြည်ကအဆိုတော်ကြီးဆိုင်းထိးဆိုင်(ဦး), လူသေ သွားပေမဲ နံမည် မသေသောသူတစ်ယောက်ဆိုမှာမယ်မထင်ပါဘူး။ အထင်ကရကြီးတွေအများကြီးရှိပါတယ် သိသလောက် ရေးမယ်ဆိုလဲ ပြီးဆုံးတော့မှာမဟုတ်ပါဘူး။ သိသလောက် လက်လှမ်းမှိသလောက် ကြားဖူး မြင်ဖူး ခဲ့တဲ့သူတွေရဲ့ သူတို့ပြုခဲ့တဲ့လူဘ၀လူ့လောကအတွက် ကောင်းကြိုးတွေကိုပြန်သတိရ အမှတ်တရလေးကို ပြန်လည်ဖော်ပြခွင်ရတာကို ကျေးဇူးတင်လှပါပြီ

Comments

Chan Mya Soe said…
မေမေ့ကို အမှတ်တရနဲ့ တလေးတစားဖော်ပြထားတဲ့အတွက် ကျေးဇူးတင်ပါတယ် သူငယ်ချင်း
Ako Myo Aung said…
မေ့ပြစ်လို့ရတာတွေရှိသလို မေ့ပြစ်လိုက်ဖို့မသင့်တာတွေရှိသေးတယ်
ဆရာမကြီးက ငါတို့အတွက်မေ့လို့မရတဲ့ သူတစ်ယောက်ပါ ငါတို့ဘ၀တွေကို လှပအောင်ဆေးခြယ်ပေးခဲ့တဲ့ အနိုင်းမဲ့ကျေးဇူးရှင်ကြီးပါ
မင်းအမေဖြစ်နေလို့ဖော်ပြလိုက်တာမဟုတ်ဘူးဆိုတာတော့ ၀န်ခံပါရစေသူငယ်ချင်း

Popular posts from this blog

ကဗျာ

Miss You