အလေ့အထ

ကိုယ်တန်ဖိုးထားတဲ့အရာတွေကကိုယ်တန်ဖိုးထားသလိုဖြစ်မလာတတ်တဲ့အချိန်လေးတွေရှိတတ်တယ် ဆိုတာ သတိချပ်ထားဖို့ မေ့နေခဲ့တယ်။ ကိုယ်ကြောင့်ဘယ်သူ့ကိုမှစိတ်ဒုက္ခမရောက်စေချင်ဘူး ကိုယ့်ကြောင့် စိတ်ဒုက္ခ ရောက်သွားတယ်ဆိုတာပြန်သိလိုက်ရရင်လဲ ဘယ်လိုမှ မနေတတ်တော့ဘူး ကိုယ့်ကိုကိုယ် တန်ဖိုးမဲ့ သွားသလိုခံစားရတယ်။ တစ်ခါတစ်လေ ကလေးဆန်ဆန်အတွေးခေါ်တွေ ခံစားချက်တွေနဲ့ Feeling ပေတံကြီးနဲ့လိုက်တိုင်းတိုင်းနေတတ်တဲ့အကျင့်ကိုမပျင်နိုင်သေးဘူး အဲဒါပိုဆိုးတယ်သိ့နေ လျှက်နဲ့မပြင်နိုင်တာ လူညံ/လူမိုက် တဲ့ ပညာရှိသူတော်ကောင်းတွက ဆုံးမသြ၀ါဒတွေပေးခဲ့တာကို သိ့မှတ်ခဲ့တာတောင် မပြုပျင်နိုင်သေးဘူး။ ကိုယ့်ပတ်ဝန်းကျင်ကလူတွေနဲ့ သူတို့တတွေရဲ့ခံစားချက်ကို လစ်လျှုရူတတ်တဲ့ အလေ့ထကို ဘယ်လိုက ဘယ်လိုပိုင်ဆိုင်နိုင်ခဲ့တာလဲဆိုတာတွေးလို့ အံ့သြမဆုံးနိုင်ဖြစ်နေတယ်။ ပြီးတော့မှ ဘာပြောလိုက်တာလဲ ဘာဖြစ်နေတာလဲလို့ပြန်ပြန်မေးတတ်တဲ့ အကျင့်မကောင်းဘူးဗျာ။ တစ်ခုခုပြော လိုက်တိုင်းလဲ ဟင်ဟင်နဲ့ ပြန်ပြန်မေးတတ်တဲ့ အကျင့်ပဲ။ ကိုယ့်ကြောင့်တော့ သူတပါးကို မနစ်နာစေချင် မထိ့ခိုက်စေချင်ဘူး ကိုယ်က ဘာမှပြန်လည်လုပ်မပေးနိုင်သေးတော့ ပိုလို့ ၀မ်းနည်းစရာတွေဖြစ်ရတယ်။ တစ်ခါတစ်လေ ကိုယ်က တန်ဖိုးထားတဲ့အရာတွေက ကိုတန်ဖိုးထားသလိုပြန်လည်မတုန့်ပြန်ရင် စိတ်ရဲ့ခံစားမှု နောက်ကိုလိုက် အရွဲ့တိုက်ပစ်လိုက်တဲ့အခါတွေရှိတယ် သူတို့ဘယ်လိုခံစားသွားမယ် ဘယ်လိုဖြစ်သွား မယ်ဆိုတာကို ကိုယ်ချင်းစာစိတ်လေးမ၀င်နိုင်ခဲ့ဘူး ကိုယ့်စိတ်တိုင်းကျဖြစ်ဖို့ပဲ တွေးတတ်ရူမြင်တတ်အကျင့်နဲ့ အော်တော်တော်ဆိုးတဲ့ ငါပါလား။ ကိုယ်တန်ဖိုးထားတယ်ဆိုတာလဲ ကိုယ်က ဘာမှပြန်လည်မတုံ့ပြန်တော့ ကိုယ့်ကိုဥပေက္ခာပြုနိုင် ရှောင်ဖယ်တာကိုလုပ်သွားမယ်ဆိုတာကို အခုတော့ သဘောပေါက် နားလည် ထား တယ် ဗျာ။ သူငယ်ချင်းတစ်ယောက်က ပြောပြဖူးတယ် ကျင့်ပါများရင်ကိုယ်ပိုင်ဖြစ်တယ်တဲ့ သူပြောခဲ့တဲ့စကား မမေ့သေးပေမဲ့ မကျင့်နိုင်သေးဘူး ဖြစ်မလာဘူးတော့မဟုတ်ဘူး လုပ်ရင်ဖြစ်တယ်ဆိုတာကို မလုပ်ဖြစ်သေးဘူး တကယ်ဆို ကိုယ်က ဘာမှမဟုတ်သေးဘူး မဖြစ်သင့်တာတွေကိုလိုက်အတုခိုး အားကျနေတတ်တော့ မပြော တော့ဘူးဗျာ ကိုယ့်အကြောင့်ကိုပြောရတာ သိပ်အားမရဘူးဖြစ်နေတယ် အများကြီးပြောပြချင်သေးတယ် ကိုယ်ဖြစ်ပျက်နေတာတွေ တလွဲလုပ်နေတာတွေ အားလုံးပါပဲဗျာ

Comments

Popular posts from this blog

ကဗျာ

Miss You