Happy Birthday

လူတိုင်းမှာ အမေ။ အခြား သတ္တဝါတွေမှာလဲ အမေ တဲ့ ရှိကြတယ်လေ။  ကျနော် မှာလဲ အမေ ရှိတယ်ဗျ။  ကျနော် သိပ်ချစ်တဲ့ ကျနော် အမြဲအတုယူလေးစားတဲ့ ကျနော် အားကျတဲ့ လူ အဲဒီလူကို လက်ဆွဲခေါ်ပြ ဆို ကျနော် ဝမ်းသာအားရ လက်ဆွဲပြမှာ ကျနော့်အမေ ပဲ။ ကျနော်တို့ကို အမေက အဖေကွယ်လွန်ပြီးတဲ့အချိန် ကတည်းကနေပြီး အခုထက်ထိ့ ထိမ်းသိမ်းစောင့်ရှောက်ခဲ့တာ ရှာမှရှားအာဂသတ္တိတွေနဲ့ ကျနော့် သူရဲကောင်း ကြီးပဲ။  အဖေ ရှိစဉ်က
ကျနော်တို့မိသားစုမယ်(လူစုံတုန်းဖောက်သည်ချလိုက်ဥိးမယ်) ရွှေမျိုးခေါ်မလား   ဆွေမျိးခေါ်ရမလား တောင်မသိတဲ့ လူတွေ ကျနော်တို့ နေထိုင်တဲ့ တဲစုပ်လေးအနား ယောင်လို့တောင် ကပ်မလာခဲ့ဘူး။  ဒါဆို မင်းအဖေက ဆိုးလို့နေမှာပေါ့ဆိုရင် ဟင့်အင်းလို့ ကျနော် ငြင်းပါမယ် ခြေကန် ငြင်းပါ မယ်ဗျာ။  အဖေက အမေ့ကို ဒီလို သွန်သင်ဆုံးမ သဗျ သန်းနွဲ(ကျနော့်အမေကို အဖေက ချစ်စနိုးနဲ့ခေါ်တာ) လူမှန်သမျှ မတည့်တဲ့လူမရှိရလေအောင် ပေါင်းသင်းရတယ်။  အဖေက ဘုန်းကြီးကျောင်းသားဆိုတော့ မြန်မာ စာကို ကောင်းကောင်း တက်တဲ့ အခါ ဘယ်ကျမ်းက ဘယ်လို ဘယ်ကျမ်းမှာတော့ ဘယ်သို့ဆိုပြီး ကျနော်တို့ မိသားစု ညစာ စားတဲ့အချိန်မှာ အဖေက အမေကို ပြောပြ ဆုံးမတာ။  အဲလောက် ဆို ကျနော့်အဖေ လူဆိုးမဟုတ်တော့ဘူး သိရောပေါ့။  ဒါနဲ့ဘာလို့ အခုဏက ရွှေမျိုးလိုလို ဆွေမျိုးလိုလိုတွေက မလာသလဲဆိုတော့ ရှင်းတယ်။  ကျနော်တို့မိသားစုက ရွှေလဲမရှိ ငွေလဲမရှိတဲ့ အချိန်မို့လို့။ ကျနော် သိပ်မုန်းတာ အဲဒီလူတွေကို ကျနော် လိုချင်တောင်းတတဲ့စိတ်ကြောင့်မဟုတ်ဘူး ကျနော့် အဖေက သူ့တို့ မိသားစုမယ် အငယ်ဆုံးနဲ့ တဥိးတည်းသော သား။ အဲဒါကို အကြီးတွေက မိဘများဆုံးတော့ အငယ်လေးကို ဟိုထည့်မလိုလို ဒီထည့်မလိုလိုနဲ့ ကျနော့်အဖေ သိပ်သနားဖို့ကောင်းခဲ့တာတဲ့။  သူကလဲ ကျနော် အမေလိုပဲ သိပ်ခေါင်းမာပြီး ဆတ်ဆတ်ထိမခံ ပြန်ဆော်တဲ့လူစားမျိုးတဲ့။ အဖေ တို့ အမေ တို့ က ခေတ်ပျက်မှာ လူဖြစ်ရတဲ့သူတွေဆိုတော့လေ အင်္ဂလိပ်လိုလဲမတက် ဂျပန်လိုလဲ မရ။ တောသူတောင်သားတွေကို ဒီကြားထဲ သူကြီး ကြောက်ရနဲ့ပေါ့။ ဘယ်ခေတ်စာပေမှ မတက်ရှာတော့ ပိုဆိုးရောပေါ့။ နေဥိး အခုဏကပြောနေတဲ့ အဖေက အမေ့ကို ဘာကြောင့် အဲသလို ဆုံးမသလဲ ဆိုတာ ကျနော် ရှင်းပြဥိးမယ် လေရှည်နေတာနဲ့ လိုရင်းမရောက်တော့ဘူး။  လူတွေအားလုံးကိုတည်အောင်ပေါင်းတော့ မင်း မနိုင်တာကြီး သယ်လာရင် မင်း အသိမိတ်ဆွေက ကူညီ သယ်ပေးလိပ်မယ်၊ မင်း ကိစ္စအကြီးငယ်ရှိရင် မင်း အသိမိတ်ဆွေတွေက ဝိုင်းဝန်းဖြေရှင်း အကူညီပေးလိပ်မယ်၊ အရေးကိစ္စအကြီးငယ်များရှိခဲ့လည်း မင်းအသိ့မိတ်ဆွေ ပညာတက် လူတွေက မင်းကို ကူညီလိပ်မယ်တဲ့ မှန်လိုက်လေ နော်။ ရှေးလူကြီးများ အမျှော်မြင်သိပ်ကြီးကြတာ။  အဲသလို ပြောပြ ဆုံးမတာ။  ထားပါလေ့ အခု အမေက အဖေမရှိတော့ တဲ့အချိန်ကစလို့ ကျနော်တို့ မောင်နှမ ခြောက်ယောက်ကို လူအောက့်မကျို့ရလေအောင် မျက်နှာမငယ်ရလေအောင် လူတန်းစေ့ နေနိုင်အောင် သူတစ်ယောက်ထည်းရုန်းကန်ရင်း ကြွေးမွေးပြုစုလာလိုက်တာ အခုချိန်ထိပဲဗျာ။

ကျနော် ငါးတန်းကျောင်းသားကြီးဖြစ်တော့ အမေက မြို့ကိုပို့ပြီး ပညာသင်စေတာ ပိုက်ဆံ ရှိသလား ဆိုတော့ မရှိဘူး၊ ကျောင်းတက်ရင်းနေဖို့ထိုင်ဖို့ရောဆိုတော့ ဟင့်အင်းပါပဲ။  ဒါပေမဲ့ အမေ ကျနော့်ကို ကျောင်းထားခဲ့တယ် လူတန်းဆေ့ထားခဲ့တာ။ မေမြို့ဆိုတာ အဆောင် တွေသိပ်ပေါးတဲ့ ပညာ ရှာတဲ့မြို့ ပဲ။ အဲဒီအဆောင်တွေထဲက အမေ အသိမိတ်ဆွေ ဆရာမကြီး အိမ်မှာ ကျနော့်ကို ဝိုင်းလုပ်ဝိုင်းစား နဲ့ ကျောင်းထားပေးခဲ့လို့ အခု ကျနော် ဒီစာတွေ အင်တာနက်တွေ ဘာတွေညာတွေ သိလာတာပေါ့ လုပ်နိုင်လာတာပေါ့။  အမေလေ သိပ်ပင်ပန်းနေခဲ့တဲ့အချိန်တွေ ကျနော်ဆယ်တန်းလဲအောင်ရော အမေလေ ပျော်တာပျော်တာ မျက်ရေတွေကို ကျလို့ ကျနော်ကို ဖက်ပြီး ငါ့သား သိပ်တော်တာပဲ အမေ ကြေနပ်တယ် မင်းသိပ်တော်တာပဲ တဲ့။ ကျနော် အမေ ဝမ်းသာပိတိ့ဖြစ်တဲ့ အဲဒီမျက်ရည်တွေကြားမှာ ကျနော် အမေကို ပိုချစ်သွားခဲ့တာပဲ။ ပြောဥိးမယ် လေရှည်တယ်မထင်နဲ့ဗျာ ဒီကနေ့ က ကျနော့်အမေမွေးနေ့ အကြိုဆိုတော့ ကျနော် အမေ ဂုဏ်တွေကို ကျနော် ကြွားရမှာပဲဗျာ မတတ်နိုင်ဘူး။  ကျနော့်ကိုကျောင်းထားတော့ အမေလေ အဲဒီအဆောင်က ဆရာမကြီးကို ဆန်တစ်ပိုင်းနဲ့ တစ်လစာ ထမင်းစရိတ် ငါးရာကျပ်ပေးပြီး ကျနော်ကို ပညာသင်ပေးခဲ့တာ။  အဲဒီဆန် တစ်ပိုင်း နဲ့ ငွေငါးရာကို အမေက သူများအိမ်မှာ ပဲစိမ်းကြော် ပြည်ကောက်လေးကျော်ပေးပြီး ရတဲ့ နေ့စားခ လေးနဲ့ ကျနော်တို့မောင်နှမတွေကို ကျောင်းထားခဲ့တာဗျ အဲ ပြောဦးမယ် ကျနော်က အိမ်မှာ အငယ်ဆုံး အတော်ဆုံးပဲ စဉ်းစားသာကြည့် ကျနော် အထက်က ငါးယောက်ကြီးတောင် အမေ အဲသလိုနည်းနဲ့ ရှာဖွေပြီး ကြွေးမွေးစောင့်ရှောင့်ခဲ့တာလေ။  အမေ မှာလေ ဆီအပူ မီးအပူတွေကြားထဲမှာ သားသမီးတွေ မငတ်ရအောင် မျက်နှာမငယ်ရအောင် ဆိုပြီး ရှာဖွေကြွေးမွေးစောင့်ရှောက်ခဲ့ တာ အဲလောက်ကြီးမားတဲ့ မေတ္တာ ကျနော် ဘယ်လိုအရာ နဲ့မှ ပြန်ဆပ်လို့ကြေမှာမဟုတ်ဘူး ကြေနိုင်မယ်လဲမထင်ဘူး။ ဒါတောင် ဆယ်တန်းအောင်တော့ ဘာဂုဏ်ထူး မှပါတာမဟုတ်ဘူး ရိုးရိုးလေးနော် ဘာသတင်းစာထဲမှလဲ ထည့်မနေပေါင် ကျနော် တို့ မိသားစု အဲဒီည ထမင်းဝိုင်းက အထူးရှယ်ပဲ ခေါက်ဆွဲကြော်၊ ဘာကြော်ညာကြော်တွေနဲ့ပြည့်လို့။

ကျနော် ရှစ်တန်း နှစ်ကိုးတန်းနှစ်မယ် အမေက သူများအိမ်တွေလိုက် အကြော် မကြော်ပေးတော့ဘူး ပိုက်ဆံလေးတွေ ချစ်ကုတ်စုထားပြီး အိမ်မှာပဲ ကြော်တော့ အဆင်ပြေပြီး အကိုကြီးတွေ အမကြီးတွေက အမေ ကြော်တဲ့အကြော်လေးကို ဝိုင်းရောင်း မှာတဲ့ဆိုင်တွေလိုက်ပို့ပေး နဲ့ အို သိပ်ပျော်ဖို့ကောင်းတဲ့ ကျနော် တို့ အိမ်ပေါ့လေ အမေ နားရင် အမအကြီးက ကြော် အမကြီးနားရင် အမလတ်ကကြော် အမလတ်နားတော့ အမငယ်ကကြော် အကို နှစ်ယောက်က ထုတ်သူထုတ် ပို့သူပို့ပေါ့လေ အဲသလို နဲ့ ကျနော့် အမေ ပဲစိမ်းကြော်က ၂၁ မိုင် မယ် လိုက်မမှိအောင် ကောင်းတာ နာမည်ကလဲ ပိုလို့ ကြီးလာခဲ့တာ အဲဒါ မေတ္တာတွေထည့်ကြော်ထားလို့တဲ့ အမေကပြောပြတယ်။ ဟော အခုနေမယ် အမေက အလုပ်ကိုင်တွေလဲ အဆင်ပြေ အလှူအတန်းတွေလဲ လုပ် တရားစန်းခဲ မကြာခဏဝင် နဲ့ ဟိုလူခေါ်လဲသွား လိုက်ထာပဲ ဒီလူကလဲ လာပါဥိးဆို တွန့်မနေပါဘူး ပါသွားတာ။ အခုတော့လေ ကျနော့်အမေ အလှူအတန်းတွေ နဲ့ မြေးတွေကြားမှာ ပျော်နေတော့တာပဲ မြေးတွေက သူ့အလှစိုက်တဲ့ပန်းအိုးတွေကြားထဲရောက်ရင် သူက အော် သူ့မြေးတွေဆော့တဲ့ အရုပ်တွေ အမေက တက်နင်းမိရင် ကလေးတွေကအော် နဲ့ အို ကျနော့်အမေနေတဲ့အိမ် သိပ်ပြီး ဆိုပြည်နေတော့တာပါပဲ။  ကျနော် ဖုံးဆက်တိုင်း ဖုံးဆက်တိုင်း အမေက မင်းကျမ်းမာရေးဂရုစိုက် အစားမှန်မှန်စား အဟာရမချို့တည့်စေနဲ့တည့် အခုချိန်ထိလေ ကျနော် အမေက ကျနော် တို့ အမေတိုင်းက ကျနော်တို့ သားသမီးတိုင်းအတွက် အမြဲ စိတ်ပူပြီး ဘုရားမှာ ဆုတောင်မေတ္တာပို့နေတယ်ဆိုတာ ကျနော် အမေ နဲ့နိုင်းယှဉ်ရင်း အမေ အားလုံးကို ကျနော် ကန်တော့ ပါတယ်ဗျာ။ မနက်ဖန်လေ အမေက ဝါဆိုသင်္ကန်း ကပ်ရင်း ရွာကျောင်းက ဆရာတော် နဲ့ သံဃာအပေါင်းတို့ ကိုဆွမ်းကပ်မတဲ့ ညိအကိုမောင်နှမတွေ အမေ နားမှာ ရှိနေတာ ကျနော် တစ်ယောက်ထည်း အဝေးမှာ အမေ အမေ မွေးနေ့မှာ သားသမီးမြေးတွေနဲ့ သာသနာအကြိုး ရပ်ရွာအကြိုးသယ်ပိုးရင် ပျော်ရွှင်ပါစေအမေ။ ကျနော်ဟာ ဘယ်နေရာ ဘယ်လိုနိုင်ငံမှာရောက်နေရောက်နေ ကျနော် အမေ ဆုံးမသွန်သင်သလို အမေဖြစ်စေချင်သလို ကြိုးစားတည်ဆောက်နေရင်းနဲ့ အမေရဲ့ ဂုဏ်ကြေးဇူးတွေကို ကျေပွန်နိုင်သလောက် ကြွေးကျေးဇူး မွေးကျေးဇူးတွေကို ရည်မှန်းလို့ ထာဝရ အမေ့ ကျေးဇူးဆပ်နေပါမယ် အမေ။

ကျနော်လေ အမေ့ ကျေးဇူး အမေ့ရဲ့ ဂုဏ်တွေကိုဖော်ပြ ညွှန်းဆိုချင်တာ ဒီလောက်နဲ့ အားမရနိုင်ဘူးဗျာ။ ခက်တာက ကျနော် ရင်ထဲရှိတာကို ချရေးတော့ အရေးအသားမကောင်းတာ ရင်ထဲက ပြောပြချင်တဲ့ အမေရဲ့အကြောင်းတွေ အစုံပါစေချင်တာနဲ့ Post သာရှည်သွားတယ် အမေ့ ရဲ့ ဂုဏ်တွေက မပြည့်စုံဘူး လို့ လိုနေသေးတယ်လို့ ကျနော် သိလိုက်တယ်။  အဲဒါဆို ကျန်တာလေးတွေ ကို ကျနော် တို့ သားသ္မိးတိုင်းက မိဘတိုင်းကို ရိုသေစွာနဲ့ လေးစား တန်ဖိုးထားရင်း ကျေးဇူး ဆပ်ကြပါ ဆို့လားဗျာ။

တုနိုင်းလို့မမှိ
စာခြယ်လို့မပိတဲ့ မေတ္တာ
ဘယ်သစ္စာ ဘယ်သို့ရှိစေဥိး
မိခင်မေတ္တာ ဒီကမ္ဘာမှာ
ဆပ်စေဥိး ကုန်ဘူးကွယ့်၊
ငါတို့အမေ အိုနေလဲ လှနေမြဲပါပဲ၊ အလှကြွယ်နေဆဲပါပဲ။


ကျနော် တက်သလောက်လေးနဲ့ စပ်ထားတဲ့ ရင်တွင်းဖြစ်ကဗျာလေးပါ အမေ ကို ရည်ညွှန်းလို့ ဖြစ်လာတဲ့ ရင်တွင်းဖြစ် ကဗျာလေးပါပဲ။

Comments

ကိုမျိုးအောင် မေမေ အသက်ရာကျော်ရှည်ပါစေ ...
Ako Myo Aung said…
ကိုအောင် ကျေးဇူး အများကြီးတင်ပါတယ်ဗျာ အခုလို ဆုမွန်ကောင်းတောင်းပေးတဲ့အတွက်လဲ ဝမ်းသာပိတိဖြစ်ရပါတယ်။
ကိုမျိုးအောင် မေမေ ကိုယ်ကျန်းမာ လို့ ၊ စိတ်ချမ်းသား ပြီး သူချစ်တဲ့ သားသမီးမြေးမြစ် တွေနဲ့ သာသနာ့ အကျိုး ဆထက်တပိုး သယ်ပိုး နိုင်ပါစေ ဗျာ...။

Popular posts from this blog

ကဗျာ

Miss You