ဝဲလင်း၊ ခိုမြီး၊ လက်တီး၊ ကျီးအက်(ကျအက်)
အိမ်မကြိးနှင့် သီးခြား မဟုတ်ဘဲး အမိုးတစ်ဆက်တည်း ဆက်သွယ်သော
အမိုးစွန်း ထုတ်ထားသည့်နေရာများမှာ မိုးလုံသည်ဖြစ်စေ လုံသည်ဖြစ်စေ
မျက်နှာမူရာ ရှေ့မျက်နှာက အစွန်းကို ၀ဲလင်း ၊ လက်ယာဘက်စွန်းကို ခိုမြီး၊
လက်ဝဲဘက် အစွန်းကို ကျီးအက်(ကျအက်)၊ နောက်ဖေဘက် ကအစွန်းကို
လက်တိး ဟုခေါ်လေ့ရှိသည်။
ဝဲလင်းမှာ ဧည့်ခံရန် ၊ ခိုမြိးမှာ လူပျိုများနေရန် ကျီးအက်(ကျအက်)မှာ အပိုများနေရန်
လက်တိးမှာ ဗိုင်းဝါ စသော မိန်းမ အလုပ်များ လုပ်သူတို့နေရန် ရည်သန်ရင်းဖြစ်သည်။
ဆရာကြီး ဦးဟုတ်စိန်၏ မြန်မာ အင်္ဂလိပ် ပါဠိ အဘိဓာန်တွင် ကျီးအက်ကို မိးဖိုဆောင်ဟု
ဖော်ပြပါရှိသည် ထိုအဆိုသည်လဲးသဘာဝကျပါသည်။
ရှေးမြန်မာများသည် နှစ်ထပ်အိမ်ကို ဆောက်လုပ်ရာတွင် အပေါ်ထပ် အခင်းနှင့်
အောက်ထပ်အခင်း အညိခင်းလေ့ မရှိဘဲ အပေါ်ထပ်အခင်း ကို နောက်သို့ တစ်ခမ်းဆုပ်ဤ
အံလွဲခင်းလေ့ရှိပါသည်။ ထိုသို့အံလွဲခင်းရခြင်း၏အကျောင်းရင်းမှာ အောက်ထပ် ရှေခန်း
အပေါ်တွင် အဆင့်များ အခင်းကျမ်းများ မရှီစေရန်ဖြစ်ပါသည်။ ထိုသို့မရှိသဖြင့် ရဟန်းတော်များ၊
အထက်လမ်းဆရာများ ၀င်နိုင်ရန်ဖြစ်ပါသည်။ သူတော်သမြတ်များ သည်
ကြိုးတန်း ကြိမ်တန်း အောက်သို့ဝင်လေ့မရှိသောကြောင့် အံလွဲများဆောက်လုပ်
နေထိုင်ကြပါသည်။ ၎င်းအိမ်များကို အိမ်ပုစစ်တုပ်ဟုခေါ်ကြပါသည်။
(ကျနော်တိုလိုလူမျိုးများ)လူပျီုများနေရန် ခိုမြီး၏ ကြမ်းခင်းကိုလည်း
အိမ်မအောက်ထပ်ကြမ်းခင်းထက် ခါးပန်းတစ်လုံးစာမြှင့်ဤ ခင်းလေ့ရှိပါသည်။(မိုက်တယ်ဗျ)
ရည်ရွယ်ချက်မှာ သံဃာတော်များခေတ္တွ တည်းခိုသောအခါ လူဝတ်ကြောင်များနှင့် ကြမ်းတစ်ခင်းတည်း
မရှိစေရန် ဖြစ်ပါသည်။
အပေါ်ထပ်အခန်း၏ ရှေဆုံးအပိုင်းတွင် ခန်းဆီပိတ်လေ့မရှိ၊ အမြင့်နှစ်ပေခွဲ သုံးပေ ခန်းမြင့်သော ပွတ်လုံး
ဗရန်ဒါကာလေ့ရှိပြိးတစ်ပေခွဲးခန့်နောက်ဆုတ်ဤ ခန်းဆိးကာလေ့ရှိပါသည်၊ အပေါ်ထပ်ခေါင်းရင်းဘတ်
ခန်းဆိးနှင့် ဗရန်ဒါ အကြားတွင် ဘုရားစင်ထားလေ့ ရှိကြပါသည်။
ဝဲလင်း ခိုမြီး လက်တီး ကျီးအက်(ကျအက်) လေးမျိုးတွင် ၀ဲလင်းနှင်ပတ်သက်ဤ
ဆက်လက်ဤ တင်ပြပါဥိးအံ့........(မျှော်)
Comments
well done
Except advertise as single: Heee: