နောက်ဆက်တွဲ စာမျက်နှာ
အလွမ်းတွေက
အရမ်းကိုခါးလွန်းလှလို့
ချိုမြခဲ့ဖူးတဲ့ အချစ်တွေကို တမ်းတ...
အိပ်မက်တွေက
သိပ်ကိုနှိပ်စက်ကြလို့
လှပခဲ့ဖူးတဲ့ ညတွေကို လွမ်းရ...
ဒါပေမယ့်
နောက်ဆုံးစကားတွေက
မခံနိုင်အောင် ပြတ်သားလွန်းလှလို့
မင်းရဲ့အရိပ်တွေ...
ငါတို့အတိတ်တွေ...
အားလုံး...
တိတ်တဆိတ် လွှင့်ပစ် ချေမွှ...
ဒီလိုနဲ့ပဲ...
ချစ်သူမေ့တဲ့
အေးစက်စက်နေ့တွေထဲ
အလူးအလဲနဲ့ ငါ နေသားကျခဲ့ရပါတယ်။
Co0
Comments