♀♀ ၀ဲလင်း ♀♀
ရှေးမြန်မာလူမျိုးများ၏ လူမှုကိစ်စများကို ခွဲဝေတာဝန်ယူကြရာတွင်
ပညာမရှိက အကန်းနှင့် တူသည် ၊ ယက်ကန်းမတတ် ကအကျိုးနှင့်တူ
သည်ဟု ဆိုရိုးစကားရိုရာတွင် အမျိုးသားများအတွက် အသိပညာ ၊
အတတ်ပညာများ မရှိပါက အကန်းနှင့်တူသည် ဟူဤ၎င်း ၊ အမျိုးသမီး
များ အတွက် ယက်ကန်း မတတ်က အကျိုးနှင့် တူသည်ဟု ဆိုလိုရင်း
ဖြစ်ပါသည်။
˝လက်တီးကြမ်းပြင် ဆင်ဝင်ကောင်းလျှက် ၀ဲလင်းဖျက်˝ ဟူသော
စကားအရ ၀ဲလင်းဆောင်ကြောင့် အိမ်မကြီး၏ အတွင်းဆောင်
အလှပျက်သည်ဟု ဆိုလိုပါသည်။ အလှပျက်မှန်းသိ့ပါလျှက် ဘာ
ကြောင့် ၀ဲလင်းဆောင်ထားရထားရပါသနည်း။ အဖြေကား ၀ဲလင်းဆောင်
မရှိလျှင် မဖြစ်နိုင်သောကြောင့် ဖြစ်ပါသည်။ လူ့ဘ၀၏အရေးကြီးဆုံးမှာ
˝(၁) စားရေး (၂)၀တ်ရေး (၃)နေရေး˝ ဖြစ်ပါ၏ ထို အရေးကြီးသုံးပါး၏
တစ်ချို့သောဝတ်ရေးဖူလုံမှုကို ˝၀ဲလင်း˝ က တာဝန်ယူ ထားသောကြောင့်
ဖြစ်ပါသည်။ ရှေးခေတ်မြန်မာ အမျိုးသမီးများသည် ယက်ကန်းပညာကို
အစမှအဆုံး သိကျွမ်း နားလည်အောင် သင်ကြားထားပြီး အိမ်သူအိမ်သား
များ၏ ၀တ်ရေး အားလုံးကို တာဝန်ယူပြီး လက်တွေ့ဆောင်ရွက်ရာတွင်
˝၀ဲလင်း˝အရေးပါ အရာရောက်ဆုံးနေရာဖြစ်ပေသည်။
ယက်ကန်းလုပ်ငန်း၏ အဆင့်များမှာ များပြားလုပေ၏ ။
ရှေးဦးစွာ ၀ါပေါက်မှ ၀ါမျှင်နှင့် ၀ါစေ့ ကို ခွဲးခြားရာတွင်
ဝါးကြိတ်ဖြင့် ကြိတ်ခွဲရသည် ၊ ၀ါမျှင်များကို ၀ါဖတ်လေး
(၀ါဖလေး)ဖြင့် ပွဤ ဖွာဤလာအောင် ပစ်ရသည် ၊
ပွဤလာသော ၀ါများကို ဗိုင်းတောင့်များပြုလုပ်ရသည် ၊
ဗိုင်းတောင်း အရွယ်စားမှာ ချည်မျှင်ဆွဲသောအခါ ကိုင်တွယ်
ဤကောင်းရုံ မကြီးလွန်း အငယ်လွန်း အလျှား တစ်ထွာ
တစ်မိုက် လုံးပတ် လက်ညှိးလက်မ အရွယ်လုပ်ပြီး တောင်းထဲးထည့်
ကာ ကြောင်များ ကြွက်များ မဖျက်ဆီးနိုင်အောင်ကျောက်ပြားဖြင့်
ဖိဤထားရ၏ ။ ထိုသို့လုပ်သည်ကို ˝ဗိုင်းကောင်းကျောက်ဖိ˝ ဟု
ခေါ်သည်။ မိန်းမပိသ သည်ဟုဆိုလိုသည်။ ဗိုင်းတောင့်များကို
ချည်ဆွဲးသောခြားဖြင့် ချည်ခင်ပြီး ချည်ခင်ပြုလုပ်ရသည်။
ပုဂံဒေသရှိ ဘုရားပုထိုးစေတီများတွင် ချည်ဝင်ပုံထီးတော်များ
ကိုတင်လေ့ရှိသည်။
ချည်ဝင်များကို အလိုရှိသမျှ ချည်အရှည်ရစေရန် ယက်ကန်းရှယ်
ဤ ချည်မျှင်များကို ယက်ကန်းစင်ပေါ်ရှိ ယင်းသွားနှင့် နှပ်များတွင်
သွင်းဤ တစ်ပင်ချီ တစ်ပင်ချ ယက်ခြင်းဖြင့် ပိတ်ထည်ကို ရရှိသည်။
စက်ယက်ကန်းများမပေါ်မိက အနံကြိးများမယက်နိုင်၊ အနံလက်မ
၂၀ လောက်သာ ယက်နိုင်ပြီး နှစ်နံစပ်မှ ပုဆိုးဝတ်ဤ ရသည်၊
ပုဆိုးတောင်ရှည် တစ်ထည် ရရန် အတောင် ၂၀ လိုပြီး၎င်း အတောင်
၂၀ ကို ခေါက်ပြီး နှစ်နံစပ်လိုက်သောအခါ အလျှား ၁၀ တောင်ရှိသေား
ပုဆိုးတစ်ထည် ဖြစ်လာသည်။ ခေါက်သောနေရာကို မဖြတ်ဘဲ အိပ်ထောင့်
သဘော ထားပြီး ခါးပုံစချသည့် ဘက်မှာထားပြီး ပုဆိုးကိုဝတ်ရသည်။
အိပ်ထောင့်သည် ခေါင်းမြိးခြံရာတွင်၎င်း ၊ ပစ်စည်းတစ်ခုခုထည့်ဤ
လွယ်ရန်၎င်း အသုံးဝင်ပါသည် မိန်းများမှာကား သုံးတောင်မျှရှိလျှင်
လုံလောက်ပေပြီ(ယခုခေတ်လိုလားတော့မသီ့)ထိုကြောင့် အတောင်
၂၀ ၀တ်မင်းယောကျာ်းနှင့် ၃ တောင်ဝတ် မိန်းမဟုခေါ်စမှတ်ပြုခဲ့ကြ
လေသည်။
အထက်ပါ လုပ်ငန်းအများအနက် အများစုမှာ ˝၀ဲလင်း˝ဆောင်မှာပင်
ပြုလုပ်ကြသည့် အတွက် ˝၀ဲလင်း˝ဆောင်ကို ဖယ်ရှားဖို့ကားစဉ်းစား
ဤပင် မရနိုင်တော့ချေ။ ထိုမျှမကသေး အခြားသောအရေးပါလှသော
လူမှုကိစ်စ များအရေးပါ ပုံကို ဆက်လက်တင်ပြပါဥိး အံ့ .......
မျှော်
Comments