တကယ်ပါ


ငါ မင်းကို တကယ်ချစ်ခဲ့တာပါ
စစ်မှန်စွာ နက်ရှိုင်းစွာနဲ့... တကယ်ပါ
မနေ့က…မင်းကို နာကျည်းစေခဲ့ပေမယ့်
မင်းမာနကို ထိရှ မင်းဒေါသကိုတူးဆွခဲ့ပေမယ့်...

ငါတကယ် ရူးသွပ်ခဲ့တာပါ
ဘာမဆိုပေးဆပ်တော့မယ်လို့... တကယ်ပါ
မနေ့က... မင်းအထိနာမယ့်စကားတွေနဲ့
စိမ်းကားအေးစက်ပြခဲ့ပေမယ့်...

ငါတကယ် အိပ်မက်ခဲ့တာပါ
လှပတဲ့အချစ်တွေနဲ့လက်တွဲသွားကြမယ်လို့...တကယ်ပါ
မနေ့က မင်းလက်ကိုဖြုတ် ကျောခိုင်းနောက်ဆုတ်ခဲ့ပေမယ့်...

ငါတကယ်မသိခဲ့တာပါ
အနှိုင်းအဆ မဲ့တဲ့ငါ့အချစ်တွေဟာ
မင်းရဲ့လိမ်ညာရက်စက်မှုတွေကြောင့်
အငွေ့ပြန်လွင့်ပျောက်သွားကြလိမ့်မယ်လို့
တကယ်ပါ....
: coo

Comments

Popular posts from this blog

ကဗျာ

Miss You