ယိုင်စောင်းသွားသော
ယုံကြည်ချက်ခံတွင်းမှာ ငွေကြေးရဲ့ချိတ်တွေ စူးနေပြီ
တစ်ခါကခါးတယ်လို့ ထင်ခဲ့တဲ့ အရသာ
ချိုလွန်းလို့ ထွေးမပစ်ရက်တော့ဘူး
မျှော်လင့်ချက်အိပ်မက်မှာ ဒဏ်ရာမိုးတွေသည်းနေပြီ
တစ်ချိန်ကနီးတယ် ထင်ခဲ့တဲ့ ပန်းတိုင်
ဝေးလွန်းလို့ လှမ်းမကြည့်ရဲတော့ဘူး
လိုအပ်ချက်ကွက်လပ်မှာ ပုံရိပ်အမှားတွေ ပြည့်နေပြီ
ကြင်နာဖော်တစ်ဦး မရခဲ့ရင်တောင် ကြေကွဲဖော်တစ်ဦး ပေးပါ
ကိုယ်တိုင်ပြန်မကြားနိုင်တော့တဲ့ တောင်းဆိုမှုမှာ
ဘ၀ဟာ တောက်တောက်ပပ မှောင်မိုက်ခဲ့ပေါ့ ။ ။
Coral85's
Comments