ကျနော် Web Developer

ကျနော် ဘလောဒ်ကိုရေးလိုက် မရေးလိုက် လုပ်နေတာ တော်တော်ကြာပြီဗျ။ ဘာအကြောင်းမှ ရှိတာလဲ မဟုတ်ဘူး ပျင်းတာနဲ့ကိုမရေးဖြစ်တော့တာ မရေးဖြစ်တော့ ပြန်ရေးမယ်လုပ်တိုင်း မရေးဖြစ်တော့ဘူး။ ရေးဖို့ အကြောင်းအရာတွေက အများကြီး ရှိတာ ရှိတာတွေကို စဉ်းစားလိုက် ခေါင်းထဲတင် စာစီနေတာ နဲ့ တစ်နှစ်ကုန်ကုန်သွားတာ များနေပြီ။  ကျနော် က တခြားခံစားချက်တွေသိပ်မရှိလှဘူးရယ် ဆိုတာက အသည်းကွဲတာတို့ ဘာတို့ပေါ့လေ။ ဒါပေမဲ့ အချစ်တော့ ရှီတယ်ဗျ။ ထားပါလေ့ ကျနော်ပြောပြချင်တာက ပြည်ပမှာနေတဲ့အတွေ့ကြုံလေးပေါ့ အခုလောလောဆယ်လဲ တိုင်းတပါးမှာပဲ တတ်မြောက်ခဲ့တဲ့ ပညာလေး အားကိုးပြီး ကုလားဖြူစကားကို လုံးလည်ခြာလည်လိုက်နေအောင်ပြောပြီး မြန်မာ ဆိုတာဘာလဲ သိအောင်။ ကိုယ့်အတွက်လဲ အသိပညာ အတတ်ပညာလေးရအောင် နေထိုင်နေပါတယ်။ ထားပါလေ့ ကျနော် အခုပြောပြချင်တာက ကျနော် အလုပ်ထဲမှာတွေ့ကြုံရတာလေးပြောပြချင်လို့ဗျာ ဒီလို ကျနော် က အခု လောလောဆယ်တော့ Web Developer ဆိုပြီး ကုပ္ပဏီ တစ်ခုမှာ လုပ်နေတယ်ပေါ့လေ။  အဲဒီကုပ္ပဏိမယ် သူဌေးကိုက နှစ်ယောက်ကြီးကိုရှိတာ တစ်ယောက်ကတော့ ခပ်အေးအေးပဲ စကားသိပ်မပြောဘူး အလုပ်လဲ သိပ်လုပ်လှတယ်တော့မဟုတ်ဘူးရည်။  အဲနောက်တစ်ယောက်ကတော့ မရဘူး ဝုန်းဝုန်းဒိုင်းဒိုင်းပဲ သူတို့နှစ်ယောက်ကြားမှာ ကျနော် ရှိတာ။  နေဥိး ကုပ္ပဏိမယ် ဝန်ထမ်းဆိုလို့ ကျနော်တစ်ယောက်ထည်း Full Time ရှိတာ တခြားဝန်ထမ်တွေက Part Time တွေများတယ် စရောက်ခါစတုန်းကတော့ လေးယောက်လောက်ရှိပေမဲ့ အလျှိုအလျှိုထွက်ကုန်တာ ကျနော် တစ်ယောက်ထည်း ကျန်ခဲ့ပါလေရောလား။

အလုပ်ကသာ Web Developer ဆိုတယ် စက်ပျက်လဲပြင်ရတာပဲ။ Network ဆိုလဲ ပြင်လိုက်ရတာပဲ။ ဧည့်သည်လာလို့ အအေးလေးလုပ်ပါဥိးကွာ ဆိုတော့လဲ ဖျော်ပေးလိုက်ရပြန်ရော။  ငါ့ကောင်ကြီးရေ ကျမ်းတွေက ပွနေပြီ ဧည့်သည်လာလို့မှမြင်မကောင်းဆိုတော့လဲ အလုပ်လေးတွေ ခဏထား ကျမ်းတိုက်လိုက်ရပြန်ရော အဲလိုကို ကျနော်တို့ မြန်မာတွေက ကုပ္ပဏိ အလုပ်ကို ကျေပွန်တာပါ။ မလုပ်ဘူး ငါမအားဘူး ဘာတွေအပြီးသက်ရမယ်ဆိုပြီး ငြင်းတဲ့ လူမရှိဘူးလို့ကိုထင်တာပဲ။  တလောက သိပ်မကြာသေးဘူး ငါ့ကောင်ကြီရေတဲ့ ငါတို့ ဧည့်ခန်းက ကော်ဇေားတွေ ပေါက်နေပြီကွတဲ့ အသစ်လဲရအောင် ဆိုပြီး ဘယ်ကကောက်လာမှန်းမသိတဲ့ ကော်ဇော ခပ်ပါးပါး သုံးချက်ကို ဖျက်တောက်ပြီး ကပ်ပေးရသေးတာကလား အဲသလိုကို ကျနော်တို မြန်မာ အလုပ်သမားတွေက အောက်လက်ကျေတာ ဘာမဆို သိတာလဲပါလို့နေမှာပေါ့ ခိုင်းလို့ရသမျှ အားလုံး လုပ်ခိုင်းတာပဲ။ တစ်ခုပဲ ခိုင်းလို့ကောင်းလို့ ခိုင်းပေမဲ့ လုပ်အားခတော့ တူတူတန်တန် ပေးဖို့ သိပ်ကပ်ဆေးနည်းသား။ နေဥိး ပြောပြဦးမယ် စပ်မိလို့ ကျနော့် ဘေားစေ့ နှစ်ယောက်လုံးက ခရစ်တွေ အဲဒီမယ် ပြီးခဲ့တဲ့ ခရစ္စမက်နေ့ တုန်းက သူများတွေဘာတွေ ဘယ်လိုပေးပြီး ဘယ်လိုရကြသလဲ ကျနော်မသိဘူး ကျနော်တော့ ဘေားကန်အင်္ကျိတဲ့။ တရုံးလုံးက မျှော်နေတာ ဘေားနက်ဘေားနက် နဲ့ ဘာမှကိုမနက်လိုက်ဘူး ပွဲချိန်သာပြီးသွားတယ်။ အဲဒါနဲ့ တရုတ်နှစ်သစ်ကူးရောက်လာပြန်ပါလေရော ဒီတစ်ခါတော့ ပေးတော့မယ်ပေါ့လေ စိတ်ထဲ ကြိတ်ခဲ့ထားတာ တရုတ်နှစ်သစ်ကူးတော့ဖြင့် ပေးလောက်ပါရဲ့ပေါ့လေ။ ပေးတော့ပေးရှာပါတယ်ဗျာ ကုပ္ပဏိက သူဌေးက ကျနော့် အလုပ်ခုံကိုလာပြီး အသာလက်တို့လို့ ပြောသေးတယ် ဘယ်သူမှ မသိစေနဲ့နော်တဲ့ စာအိပ်လေးကို ကျနော့်အရှေ့ အသာလေးတွန်းပေးတာ ကျနော်လဲ မိုရတဲ့မျက်နှာနဲ့ ဟုတ်ကဲ့လို့ပြောပြီး ဖွင့်တောင်ကြည့်မနေဘူး စာအိပ်လေးကို လွယ်အိပ်ထဲ ပစ်ထည့်လိုက်တာ ပြီးတော့ လုပ်စရာရှိတာလေး ဆက်လုပ်တာပေါ့လေ။ ဒီလိုနဲ့ ရုံးဆင်းလို့ အိပ်ပြန်ရောက်တော့ ငါတော့ပွပြီပဲ ဆိုပြီး ဝမ်းသာအားရနဲ့ လွယ်အိပ်ထဲက စက်ကူအိပ် ခပ်ပါးပါးလေးကို မျှော်လင့်ချက်ကြီးတွေနဲ့ ဖောက်ထာ အောင်မလေး သူဌေးစေတနာ ဒီနေရာမှာတွေ့ရတော့တာပဲ ဗျို။  ၁၂ ကျပ်တဲ့ ဆယ်တန်လေးတစ်ရွက်နဲ့ ၂ ကျပ်တန်လေးတစ်ရွက် အိပ်ထဲမှာခေါက်ရက်သားလေး။  ကျနော်လဲ အလကားရတဲ့နွားသွားဖြဲကြည့်မနေပါဘူး စက္ကူအိပ်ထဲကနေ ပိုက်ဆံအိပ်ထဲပြောင်းထည့်လိုက်ပြီး ညနေစာ အပြင်မှာ သူဌေးကြွေးတာ စားဟ ဆိုပြီး ဆွဲလိုက်တယ်ဗျာ အဲလိုနဲ့ ကျနော် ဒီကုပ္ပဏိမှာ နေလာလိုက်တာ အခုဆို တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီးပါဗျ ဒါကျနော်ရဲ့ Job Title နဲ့ အလုပ်လုပ်ကွက်လေးတွေထဲက တချို့ ကို ပြောပြလိုက်တာပါ။  ကျန်တာလေးတွေလဲ လာဥိးမယ်ဗျ။

Comments

မိုက်တယ် အကို...။ အတွေ့အကြုံ လေးပေါ့...။ ရေးထားတဲ့ စာသားတွေက ပေါ့ပေါ့ပါးပါး နဲ့ ထိထိမိမိ ရှိတယ် ဗျ...။ နောက်လဲ အားပေးမယ် ဗျာ...။

Popular posts from this blog

ကဗျာ

Miss You