ပညာတက် လူမိုက်
လူတွေက အမှန်ကို လက်ခံဖို့ သတ္တိမရှိ ခဲ့ကြတာလား ဒါမှမဟုတ် အမှန်တရားကို ရင်မဆိုင် ရဲ့ခဲ့ကြတာလား ဒါမှမဟုတ် အသိညာဏ်မွဲခဲ့လို့ ဇွတ်မျက်စေ့မှိတ်ညင်းနေကြသလား ဆို တာကို ကျနော် နားမလည်နိုင်တော့ဘူး။ အင်္ကျိ အဖြူ ဝတ်ထားတိုင်း လူလိမ္မာတာ့ မဖြစ်နိုင်သလို သရုပ်ပျက် အဝတ်အစား ဝတ်ထားပေမဲ့ လူ့ဘောကျော့လို့စွတ်ဆွဲလိုမရပါဘူး သူပြုသလို သူ့ထံပြန်တာကို လက်ခံနိုင်ဖို့ ကျနော်တို့ တွေဝေနေကြတယ်။ လမ်းလျှောက်တက်စ ကလေးကို လဲကျမှာစိုးရီမ်နေရင်တော့ ကလေးကို ဝှိးချဲပေါ်တင်ပြီး တသက်လုံး တွန်းပေး လိုက်ပေတော့။ အဖြစ်အပျက် အမှန်ကို လက်ခံနိုင်ဘို့အတွက် ကျနော် တို့ မှာ ထိုက်သင့်တဲ့ ပညာ တွေးတေားကျံဆမှု လူတန်းဆေ့ အတွေ့ကြုံတွေရှိပါလျှက်ကယ် နဲ့ အမှန် ကို မမြင်နိုင်ဘူးဖြစ်နေတာ ဘာကြောင့်လဲလို့တွေးမရဘူး။
တချို့ တချို့ လူတွေ သိပ်ပြီးတော့ကို ပညာတက်ကြတယ် တော်ကြတယ် ထူးချွန်ထက်မြက်တယ် ဒါပေမဲ့ သူတို့တွေ မှာ အားနည်းတာတွေလည်းရှိမှာပါ။ အထူးသဖြင့် ကျနော်တို့ မြန်မာလူမျိုးများမယ် ပိုမယ်လို့ ကျနော် ထင်တယ်။ ကိုယ် ယုံကြည် အားထားတဲ့ အရာ အကြောင်းကိစ္စ ပုဂ္ဂိုလ် စသဖြင့်ပေါ့လေ ဖောက်ပြားတာ ပျက်ပျယ်တာမြင်ရင် တွေ့လိုက်ရင် ဇွတ်ခြေစုံကန်ငြင်းပြီး မဖြစ်သင့်ဘူး မဖြစ်ရဘူး မဟုတ်ရဘူး ဒါ ဆော်ကားလိုက်တာပဲ ဆိုပြီး လက်သီးလက်မောင်းတန်းပြိးတော့ စစ်ပွဲခင်းလောက်တဲ့ လေသံတွေထွက်လာပါတော့တယ် ဒါသိပ်ရှက်ဖို့ကောင်းသလို ပြုလိုက်တဲ့သူမှာ လဲ အကုသိုလ် ရုပ်လျှော့မသွားသလို ကိုယ့်မှာလဲ ကုသိုလ် တိုးမလာဘူးဆိုတာ တွေးကြည့်တာနဲ့သိနိုင်ကြမှာပါ။ ဒါပေမဲ့ အဲဒီပုဂ္ဂိုလ် ကိုယ်နိုက်က ပညာတက် လူ့မလိုင်ဖြစ်ပါလျှက်ကယ်နဲ့ စစ်ပွဲခင်းဖို့ ပြင်ဆင် ရဲခဲ့ကြတယ် အံ့သြဝမ်းနည်းဖို့ကောင်းပါတယ် သိပ်အံ့သြဖို့ကောင်း တဲ့ ကိစ္စ နဲ့ ရှက်ဖို့ကောင်းတဲ့ ကိစ္စဖြစ်နေပါတယ်။ ကျနော် ရေးချင်တာ ပြောချင်တာ ကို ကျနော်ကိုယ်တိုင်က ဒဲ့မရေးရဲဘူး မြန်မာ ဗုဒ္ဓဘာသာ ပိပိ ခင်ပွန်းကြီး ဆယ်ပါး တစ်ပါးပါးကိုပြစ်မှားကျုးလွန်မိ မှာ ကျနော် သိပ်ဆိုးရိမ်ကြောင့်ကြပါတယ် နောင်တမလွန် ဘဝမှာ သာသနာ ဆိုတာနဲ့ပြန်မကြုံကြိုက်ရမှာ ကျနော်တွေးလို့တောင်မရတဲ့ အရာပါ ကျနော် အဲသလောက်ကြောက်ပါတယ် ဒါဟာလဲ ပညာတက် လူမိုက် တွေအများကြီးထဲက ကျနော် လူမိုက်ကြီး တစ်ယောက် ပါ။
အမှားကိုမြင်လျှင်ပြင်ပေးနိုင်ဘို့ ကျနော် သတ္တိ မနည်းပါဘူး ဒါပေမဲ့ ကျနော်ထက်ကြီးမြင့်ပြီး သိပ်ပြီးတော့မှ သိမ်မွေ့တဲ့ သူ တစ်ဥိး ရဲ့အမှားကို ကျနော်မြင်လိုက် တွေ့လိုက်ပါလျှက်နဲ့ ကျနော် မတည့်မတ်ပေးနိုင်ပါဘူး ဒါဟာ ကျနော် ကိုလွှမ်းမိုးနေတဲ့ ခင်ပွန်းကြီးဆယ်ပါး ပြစ်မှားမိမှာ ဆိုးရိမ်တဲ့ ကျနော်ပိုင်တဲ့ အတ္တ ကြောင့်ပါ။ ကျနော် နဲ့ရွယ်တူသက်တူ ဒါမှမဟုတ် ကျနော် သိတဲ့ သာမာလူသားတွေမှာဆိုရင် ကျနော် ဒါတော့လေ ဒိလိုလေးဖြစ်ရင်ကောင်းမယ် နည်းနည်းလောက်ပြင်လိုက်ရင် မဆိုးဘူးနော် အစရှိတဲ့ စကားလုံးတွေ နဲ့ ကျနော်မရရအောင် တည့်မတ်ဖြစ်မှာပါ အခုတော့ ကျနော် လူသားပိပိ ကျနော် ကြောက်ပါသည် လူလူချင်းမကြောက်သော်ငြားလည် သံသရာမှာ ကျနော် ဘာဖြစ်နေဥိးမယ်ဆိုတာ ကျနော် မသိပါ မတွေးဝံ့ပါ ထို့အတွက် ပြုသူ ကာယကံရှင် နဲ့ ပုံဖော်ခိုးရိုက်ကူးသူ တို့ကို အပြစ်တင်ဖို့ ကျနော် ပညာ မဲ့လိုက်ပါသည်။ မြင်နေပါလျှက် အကန်းဖြစ်သွားပါတော့သည်။ လူမိုက်မျာစွာထဲက ကျနော်လဲ လူမိုက် လူညံ့ကြီး တစ်ဥိး အပါဝင်ဖြစ်ခဲ့ရပါတော့သည်။ ကိုယ်ယူပါမှ ကိုယ်ရတာ ဆိုပေသည့် မထိန်းနိုင်လျှင် အပြစ် ဖြစ်ပါတယ် စိတ်လေးနဲ့ တင်ပါပဲလေ ဆိုသည့်တိုင် အပြစ်ရောက်တယ်ဆိုတာ ကျနော်တို့ ဗုဒ္ဓဘာသာဝင်တိုင်း ကလေး အမှအစ လူကြီးများအားလုံး သိကြပါသည်။ ကျနော် ဒီကနေ့ည အပြစ်ရခဲ့ပြီ။
ကျနော် နည်းနည်းလောက်ပွင့်ပွင့်လင်းလင်းလေး ရေးကြည့် ဆွေးနွေးကြည့်မယ် ကျနော် အခုရေးတဲ့ ဒီ Post ကို ကျနော် တသက်လုံး သတိရနေချင်တယ် အမှတ်ရနေချင်တယ်ဗျ။ ဆိုတော့ ကျနော် ဒီကနေ့ည သူငယ်ချင်းတွေနဲ့ အကိုကြီးတွေနဲ့ ဘေားလုံးကန်ပြီး အိမ်ပြန်ရောက်တော့ အိပ်လေး ချ ပြီးကွန်ပျုတာဖွင့် မေလ်းစစ် စာပြန် အလုပ်ခေါ်စာတွေကိုလဲ ပြန်ပို့ ဘာညာနဲ့ အချိန်နည်းနည်းကုန်သွားပါတယ် ခြွေးမတိပ်သေးတဲ့အတွက် ချက်ချင်းကြီးရေမချိုးရဲသေးတော့ ကျနော် ခြေရှည်မိပါတယ် သိပ်ဝေးဝေးလံလံမရောက်ပါ မြန်မာ ပွန်း ဆိုဒ် တစ်ခုကို ကျနော် အမှတ်မထင်ရောက်သွားပါတယ် အဲဒီမှာ ဗိဒီယို ကလစ်လေး တစ်ခု ကျနော် မြင်လိုက်ပါတယ် ကျနော် ဖွင့်တောင်မကြည့်ရဲပါပဲ ကွန့်မန့်များလိုက်ဖက် ရင်းက အော်အော် အော်အော် ဆိုပြီး ကျနော် အံ့သြ ဝမ်းနည်း ဖြစ်ခဲ့ရတယ်။
မိရိုးဖလာ ဗုဒ္ဓဘာသာ မို့ ကျနော်တို့ သားစဉ်မြေးဆက်က ဗုဒ္ဓ ရဲ့ အရင်းအမြစ်ကို သေခြာမသိ မလေလာ မလိုက်စားခဲ့ကြဘူးဆို ရင် ကျနော်တို့ အကန်းနဲ့တူနေမယ်လို့ ကျနော် ထင်ပါတယ် ကျနော်လဲ အကန်း ပါပဲ ဒါပေမဲ့ အပြစ် နဲ့ ကုသိုလ် ကိုတော့ ကောင်းကောင်းခွဲခြားနားလည်ပြီး လုံးစေ့ ပက်စေ့ နားလည်တဲ့အထိ့ ကျနော် သိပါတယ် ဆိုတာတော့ဝန်ခံပါရစေ။ အဲတော့ အခုက ကျနော် အထက်ကပြောခဲ့တဲ့ ကိစ္စမှာ ဘယ်သူ့ကိုမှ ကျနော် အပြစ် မဆိုဝံ့ပါ မဆိုရဲပါ သံသရာကို ကျနော်ကြောက်သည်။ လူဖြစ်တဲ့ ကျနော်တို့မှာ ဗုဒ္ဓဘာသာဝင်တိုင်းမှာ အခြေခံအနေနဲ့ငါးပါးသိလ ဆိုတဲ့ စည်း ရှိပါတယ် ဒါကို အားလုံးလဲသိပါတယ် အဲသလိုပဲ ဘုရားသားတော်များမှာလဲ ထောင်ကျော်တဲ့ သိက္ခာ ဝိနည်း ပညှက်တွေရှိပါတယ် ဒါကို ကျနော်တို့ အထူးသဖြင့် ရဟန်းဝတ်ဖူးတဲ့သူတိုင်း သိရှိနားလည်ပြီးသားဖြစ်ပါလိပ်မယ်။ ထို့အတွက် အပြစ်ပြုသူအတွက် ဥပဒေသ သည်ငဲ့ညာနေမှာမဟုတ်။
ဘာသာရေးနဲ့ပက်သက်လာရင် ကျနော် မြင်တဲ့ အမြင်မှာ အားလုံးသောဘာသာတရားများကို ရိုသေစွာ နဲ့ လေးစားဖို့ပါပဲ ဘယ်ဘာသာတရားကိုမှ ဆော်ကာဖို့ မလိုအပ်ပါဘူး။ အမှန်တရားကို လက်ခံနိုင် ဖို့ အတွက် ကျနော်တို့ကြိုးစားရပါဥိးမယ် ကျနော် ရေးတာတွေဝေ့နေတာပက်နေတာတွေက ကျနော် စိုးရီမ်ကြောင့်ကြလို့ပါ ကျနော် မရင့်ကျက်လို့ ဒိ စာတွေ ဒီလိုရေးနေတာလဲဖြစ်ပါလိပ်မယ်။ ကျနော် ဆက်ရေးလျှင် အမှားတွေ ကျနော်ဖန်တိးမှိပါလိပ်မယ် ကျနော် ရပ်မှဖြစ်တော့မယ် ဆိုလိုရင်းကို သဘေားပေါက် မယ် နားလည်မယ်လိုကျနော်မျှော်လင့်ပါတယ် ဘာမို့လည်း ဘာကြောင့်လဲ သိချင်လျှင် ကျနော် ဗီဒီယိုဖိုင်နှင့်တကွ မူရင် ဆိုဒ်က ကွန်းမန့်များကိုပါ ထည့်ပေးပါမည် ZIP ခြုံ၍ပို့ပေးပါမည် ကျနော် ရပ်လိုက်တော့မယ်။ ဒါဟာ ပညာတက်တဲ့ လူတွေရဲ့ လုပ်ရပ်လား။

Comments