ကျနော် မျိုးအောင် နဲ့ စပ်မိ စပ်ရာ

စာရေးဖို့ ကွန်ပျုတာရှေ့မှာ မရောင်မလည် လုပ်နေတာ သုံးလေးရက်ရှိပြီး မရေးဖြစ်တာတော့ မဟုတ်ပါပဲ ရေးပြီး စိတ်တိုင်း မကျတာ ကိုယ်ရေး ထားတာတွေ က တခြားသော စာဖက် တဲ့သူအတွက် အသုံးတည့် မတည့် ဆိုတာတွေတွေးတေားပြီး မရေးဖြစ် တကယ်ဆို တွေဝေ နေစရာမလို ကိုယ်က တကယ့်စာရေး ဆရာ မှမဟုတ် ဆိုပြီး ရေးချလိုက် လို့ရသည် အမှန်အကန်ပြန်စဉ်းစားကြည့်တော့ ငါတောင် စာအရေးအသားကောင်းတာကိုကြိုက်တာပဲ တခြားသော စာဖက် တဲ့လူတွေလဲ ငါ့လိုပဲ နေမှာ ဆိုပြီး Post List မှာ Draft တွေများနေတော့ စိတ်ထဲ ခုလိုခုလုကြီးရယ်။  ဖြစ်ခြေဘူး အခု ငါဖြစ်နေတာကို မြို့မေတ္တာ ခံယူမှ ဆိုပြီး ကျနော့် ဘလောဒ်ကို မျက်စေ့လည် လမ်းမှာလို့ဖြစ်စေ အတည်ပေါက်နဲ့လာရောက်တာမျိုးဖြစ်စေ ပေါ့ အကြံညာဏ်လေး ပေးခဲ့ပါလို့။  နောက်ထပ်ဝန်ခံစရာရှိတာက ကျနော် မြန်မာလူမျိုးပါ အရှက်ခွဲရတာမဟုတ် ရပါဘူးဗျာ တကယ်ပါ ကျနော် မြန်မာ ဖြစ်ပါလျှက်ကယ်နဲ့ မြန်မာစာ စာလုံးပေါင်း မမှန်တာ ရှက်ရှက်နဲ့ ဝန်ခံပါမယ် ကျနော် မှားနေတာ လွဲနေတာတွေ ကို လက်ပိုက်ကြည့်လှန်ပြန်တာမျိုး မလုပ်ပဲ ဝေဖန် အကြံပေး လုပ်ပေးပါလို့ တောင်းဆိုပါရစေ။

ကျနော် မှိဉာဏ်း ကိုးကားထားတဲ့ Web Design ဆိုတာ ဆိုတဲ့ခေါင်းစဉ်လေးကို အချေားသက်ပြီး တင်ပါမယ် အဲဒီ Post လေးတက်လာရင်လဲ ဝေဖန်အကြံပေးကြပါလို့ လိုနေတာ ပိုနေတာ တွေကို ထောက်ပြ အပြစ်တင်ပြီး တည့်မတ်ပေးခဲ့ပါဥိး။  ကျနော် တောင်းဆိုတာတွေများနေတော့ ကျနော့် နား နောင်တစ်ခါ မလာမှာလဲ စိုးရီမ်စိတ် ပိုမိတယ်ဗျာ။  ရှေးက နဂါးကြီး နဲ့ ဇော်ဂျိလား ရသေ့လားတောင် မမှတ်မိတော့ဘူး တောင်းပါများရင် ရန်သူဖြစ်ဆိုတဲ့ ပုံလေးအတိုင်းပါပဲ ကျနော် တောင်းဆိုတာတွေများတော့ မလာမှာ တွေးပူမိတယ်။

အခုတလော ကျနော် စိတ်တွေပေါ့နေတာတော့သေခြာပါတယ် ဘာလို့လည်းဆိုတော့ လုပ်သလောက်ဖြစ်နေတော့ ဖြစ်သလောက် လိုက်လုပ်ပေးနေရတာ သူဌေး စိတ်ကြည့်တော့ ကိုလဲ ပေါ့တာပေါ့လေ။  ကျနော် အခုလက်ရှီ ကုပ္ပဏိမှာ ကျနော် စီနိယာ စလုံးတစ်ယောက်ရှိတယ် အိမ်ထောင်သည် ရုံးလာရင် ရေချိုးဖို့မေ့နေသလားအောင့်မေ့ရတဲ့သူ သူ ကလဲ ကျနော့် ဆိုသိပ်ချစ်တာ ဘယ်လို ဆော်ရမလဲ ဘယ်ခြောင်ပိတ်ရိုက်ရမလဲအမမြဲတွေးနေသလားအောင့်မေ့ရတဲ့သူ။  အခုတော့သူက အစ အားလုံးအစစအရာရာကိုချေားမွေ့လို့ ပြေနေလိုက်တာ ပြေနေလိုက်တာ ဘဝင်တောင်မြင်ချင်လာ တယ် တကယ်ပြောတာ။  တခြားသော ကျနော်လို ပြည်ပမှာ အကြောင်းကြောင်းကြောင့် ရောက်ရှိ လုပ်ကိုင် နေကြတဲ့ မြန်မာတွေ ကျနော်လို တွေ့ကြုံရမလားတော့ မသိဘူး ကျနော်ကတော့ သူဌေးဆိုတဲ့လူက နှပ်ခြေး ငပိလုပ်စားတဲ့သူ စီနိယာဆိုတဲ့ သူက အသက်အပုတ်သိပ်ကြိုက်တဲ့လူ နောက်သူဌေးက ဖေ့ဘွခ် က ဂိမ်းမှန်သမျှကြိုက်တဲ့သူ သူတို့သုံးယောက်ကြားမှာ ဗျာများရတာ ကျနော်ပေါ့။

ပြောရဥိးမယ်ဗျာ ကျနော်က နက်ခ်ဝက် လေးကိုလဲ မတောက်တခေါက် သိထားတော့ ရုံးက နက်ခ်ဝက် ဒေါင်းပဟေ့ ဆို ကျနော်ကိုလက်တို့တော့တာပဲ သိပ်ရှည်ရှည်ဝေးဝေး မစဉ်စားနေပါဘူး Router ကို ရိစတက် ချပေးလိုက်တာ အေးရော။  ဖြစ်နေတာ ဘာလဲ ကျနော်သိပ်သိသပေါ့ ကျနော်တို့ မြန်မာလူမျိုး များက သိတာဆို ဘာမှဝှက်ထားတက်တဲ့လူမျိုးမဟုတ်လေတော့ ခိုင်းတော့တာပေါ့လေ။   သိတာဆိုလို့ အားလုံးကိုသိနေတာ သိတဲ့တစ်ခုကိုတော့ အကြွမ်းကျင်သိတာမျိုးမဟုတ်ပြန်ဘူး အဲဂလိုဖြစ်နေတာဆိုးတယ်။  တခြားလူမျိုးများက တစ်ခုဆို တစ်ခုပဲသိတယ် နောက် ဘာမှလာမမေးနဲ့ မသိဘူး အဲလိုကွာတယ်။  ဒါကျနော် မြင်တဲ့ကျနော်တွေ့ကြုံတဲ့အတွေ့ကြုံ ထဲက တစ်ခု ဘာလို့လည်းဆိုတော့ ဝင်းဒိုးကျလဲ ကျနော် ပြင်လိုက်တာပဲ ခါးတိုင်းပျက်ရင် ဘယ်လိုလုပ်သလဲလို့ ကျနော့် ဘောစေ့မေးတော့ သိပ်စဉ်းစားမနေဘူးတဲ့ သက်ဆိုင်ရာဖုံးဆက်လိုက်တာ ကောင်းသွားတာပဲတဲ့ ပိုက်ပိုက်တော့ ပေးရသတဲ့။ အဲသလိုကို ရုံးကိစ္စဆို သိပ်ပြီးစပ်စပ်စုစုနဲ့လုပ်ပေးတာမို့လားမသိဘူး အစူအဆဲ လွတ်တဲ့နေ့ဆိုတာ လက်ချိုးရေလို့ရတယ်။  အခုတလော ကျနော် ရေးနေတဲ့ Web Site တွေကလဲ တော်တော်လေးအဆင်ပြေနေတော့ အဆူအဆဲလွတ်နေတဲ့အချိန်ဆိုတော့ စိတ်ပေါ့ပါးနေတာ။  ဒါကြောင့် ကျနော့် ဘလောဒ်တင်းပလိပ်ပြောင်းတာတို့ ဘာတို့ စိတ်ရှိတဲ့အတိုင်း လုပ်နေတော့တာ စာသာမရေးဖြစ်တယ် ကျနော် ဘလောဒ်ကို နေ့တိုင်းပြင်နေဖြစ်တယ်ဗျ။  ဒါနဲ့ ပြောရဥိးမယ် တလောက ဂူဂဲမှာ အမျိုးသမီးတယောက် ကသွားတာ အားလုံး တွေ့လိုက်မယ်ထင်ပါတယ် အဲဒါ ကျနော် အသေအခြာကြည့်တော့ သူက ပုံ(gif) ကို Animate လုပ်သွားတာဗျ သုံးထားတဲ့ နည်းပညာကလည်း ဘာမှခက်တာမဟုတ်ဘူး ကျနော်တို့ ဘလော်ဂါတွေတောင် ရေးတက်သေးတယ်။ ဘယ်လိုသုံးရမယ်မှန်းမသိတော့ သုံးတက်တဲ့လူ သုံးပြလိုက်တော့ အော် ဒီလိုလားဆိုပြီး သိသွားတာပေါ့လေ။  အင်း ဂူဂဲလ်ကလဲ အခု ခြေလှမ်းအသစ်ထွက်လာပြီ ဘာတဲ့ Plus+ တဲ့ ကျနော် အခုအင်ဗိုက်လေးရလို့ အဲဒါလေးပါ စမ်းသုံးနေတယ်ဗျာ သူကလဲ Facebook လိုပါပဲ ထူးခြားပြီး ပါလာတာသိပ်မရှိသေးပါဘူး ချက်တာတော့ သပ်သပ်ပြောင်းသွားတယ် ဟန်းအောက် ဆိုတာပေါ့။  ကိုယ့် အသိမိတ်ဆွေတွေကိုလည်းသပ်သပ် စည်းဝိုင်းချထားလို့ရသေးတယ် ဂူဂဲလ်က ကျနော်တို့ မြန်မာစကားပုံ ကိုသိသလားမပြောတတ်ဘူးနော် လူ့စည်း ဘလူးစည်း ဆိုသလိုပဲ သူက အုပ်စုလေးတွေခွဲခွဲပြီး ထားသဗျ။ ဆက်ပြောဥိးမယ် အခုဏက အမျိုးသမီးကသွားတာကို လေ့လာကြည့်ရင် Flash က အောက်သွားတဲ့အတိုင်းပါပဲ တကယ်လည်းအောက်နေတာကြာပါပြီ ဘယ်ပလေယာမှာမှ ကောင်းကောင်းအလုပ်မလုပ်တော့တဲ့ ပစ္စည်းတခုကို နောက်ထပ်ပစ္စည်းတစ်ခု အစားထိုးကြတာ ဓမ္မတာပဲမို့ ပြောင်လဲနေတဲ့ နည်းပညာ တိုးတက်နေတဲ့ နည်းပညာထဲ မျက်စေ့ဖွင့် နားဖွင့်ပြီး အိပ်စိုက် လိုက်ကြရမှာပဲလေ။


အခါအခွင့်သင့်ရင်တော့ ကျနော် သိတဲ့ ကျနော် အခုလုပ်နေတဲ့ PHP ဆိုတဲ့ အကြောင်းလေးတွေလဲ အလျှင်းသင့် သလိုလေး ရေးပါဥိးမယ်။  ကျွမ်းကျွမ်းကြီးမဟုတ်လှပေမဲ့ ဒါလေးနဲ့လုပ်နေတာဆိုတော့လဲ သိသင့်သိထိုက်တာလေး မျှဝေပါမယ်ဗျာ။  တူသူရှိက ကျနော်ကိုထောက်ပြဝေဖန်ပါလို့ တောင်းဆိုပါတယ်(ထပ်ပြီးတောင်းပြန်ပြီ)။  ဒါနဲ့ စကားမစပ်ပြောရဥိးမယ် ကျနော်တို့ ဘလောဒ်ဂါတွေ တော်တော်များများ(ကျနော်လဲ အရင်ကလုပ်ခဲ့ပါတယ် ဝန်ခံပါတယ်ဗျာ) ပုံတွေ ကို တင်တဲ့နေရာမယ် တခြားသော ဆိုဒ်များမှာသွားတင်ပြီး ကိုယ့်ဘလောဒ်မှာ လင့်ပြန်ပေးတတ်ကြပါတယ် တကယ်တမ်းပြောမယ်ဆို အဲဒါ ကောင်းတဲ့အလေ့အထ မဟုတ်ပါဘူး လို့။ ဘာလို့ အဲသလိုပြောသလဲ ဆိုရင် ကိုယ့် ဘလောဒ်ကိုဖွင့်ဖို့စောင့်ရတဲ့အချိန် Page Loading Time ကို ကျစေပါတယ် ကွန်နက်ရှင် မကောင်းတဲ့ ကျနော်တို့ရွှေပြည် မှာဆို ပွင့်ဖို့တော်တော်လေး စောင့်ယူရပါလိပ်မယ် အဲလိုမဖြစ်အောင် ဂူဂဲလ် ရဲ့ Image Service မှာပဲတင်လိုက်မယ်ဆိုရင်တော့ အတော်ကလေး ပေါ့သွားမယ်လို့ လက်တို့ပါရစေ။  နောက်ထပ်က ကုက်ထနူနာ ဝဲဆွဲ ချင်းမှလဲ လွတ်ကင်းပါလိပ်မယ်လို့။ 

ဒါနဲ့ လက်တို့ရဥိးမယ် ကျနော်တို့ Google ကိုပဲသုံးသုံး တခြား ဘာပဲသုံးပြီး ရှာရှာ ကိုယ်ရှာဖွေလိုက်တဲ့ Search Result မှာ ဝဲကပ်နေလား ဝဲကင်းရှင်းသလားဆိုတာ သိချင်တယ်ဆိုရင်တော့ မြေခွေးမီးလျှံမှာ WOT ဆိုတဲ့ Extenstion ကိုအင်စတော လုပ်ထားလိုက်မယ်ဆိုရင် စိတ်ချလက်ချ လက်ဆော့လို့ရသွားမယ် လို့ လက်တို့လိုက်တယ်နော်။ Search Result က ပဲဖြစ်ဖြစ် ဖေ့ဘွခ်က လင့်ခ်တွေမှာပဲဖြစ်ဖြစ် တခြား တခြားသော ဘလောဒ်တွေက လင့်တွေမှာပဲဖြစ်ဖြစ် အခုဏက WOT ဆိုတာ တင်ထားခဲ့မယ်ဆိုရင် ဝဲကင်းရင် အစိမ်းရောင် အဝိုင်းလေးနဲ့ပြပြီး အနီရောင်ဆိုရင်တော့ ဝေါင်ဝေါင်ရွှေး ဝေးဝေးရှောင်ပါ မဟုတ်လို့ကတော့ ကွတ်ကီးဆိုတာလေးက ကျနော်တို့စက်ထဲ အခန့်သားဝင်ရောက်နေရာယူပြီး ချယ်လှယ်စိုးမိုးသွားပါမယ်။ လျှာရှည်နေတာနဲ့ Post တော်တော်ရှည်လာပြီ။  ကဲ အားလုံးသော ကျနော် အကိုအမ ညီ ညီမများအားလုံး စိတ်၏ ချမ်းသာချင်း ကိုယ်၏ချမ်းသားချင်း ချမ်းသာချင်းပေါင်းစုံနှင့် ပြည့်စုံကြပါစေဗျာ ဝါဆိုလပြည့် ဓမ္မစင်္ကြာနေ့ ရောက်တော့မယ်လို့လည်း လက်တို့လိုက်တယ်နော်။

Comments

Popular posts from this blog

ကဗျာ

Miss You