19 July

၆၄ နှစ်တဲ့ ကျနော့်အသက် နှစ်ပြန်ကျော်ကြာညောင်းခဲ့ပြီ ဒါပေမဲ့ ကျနော် မမှိလိုက်တဲ့ ကျနော်လေးစားအားကျတဲ့ ပုဂ္ဂိုလ်ကြီးတွေ သွေးမြေခ တဲ့နေ့ ဒီကနေ့ ၆၄ နှစ်ပြည့်လေပြီ။  ကျနော် နိုင်ငံရေး မသိပါ နိုင်ငံရေး နားမလည်ပါ သို့ပေမဲ့ နိုင်ငံတော်ကိုချစ်သည် လူမျိုးကိုမြတ်နိုးသည် စာပေကို တန်ဖိုးထား လေးစားသည်။ ထို့အတူ ဖျောက်ဖျက်မရနိုင်တဲ့ သမိုင်းထဲက နေ့ရက်တွေကို အမှတ်တရ ရှိနေသည်။  ထို့အတူ မြန်မာလူမျိုးတွေတိုးတက်ဖို့ လမ်းဖောက်ခဲ့တဲ့သူတွေကို သတိရသည် လွမ်းပါသည် မမှိပဲ လျှောက်ပြောတယ်လို့ ဆဲလည်း ခံပါမယ်။  ကျနော်တို့ ရဲ့ကျေးဇူးရှင်တွေကိုတော့ ကျနော် တို့ရဲ့မျိုးဆက်တွေ မေ့နေပါပြိ မသိတော့ပါ။ မေးကြည့်ပါ ၁၉ July မှာကျဆုံးသွားတဲ့ အာဇာနည် ကိုးဥိး နာမည်တွေ ပြောပြပါဆို တလွဲတွေဖြေပါလိပ်မည်၊ ကျနော် အာဇာနည်နေ့ကို နောက်ပြောင်နေတာ မဟုတ်ပါဘူး တကယ်ဖြစ်ပျက်နေတဲ့ အကြောင်းလေးကိုတိုက်ဆိုင်တုန်း ပြောပြတာပါ။ အောက်က ပုံလေးကို ကျနော် သူငယ်ချင်းတစ်ယောက် ဖေ့ဘွခ်မှ ရယူပါတယ်။ 

ကျေးဇူးမတင်ချင်နေပါ ကျေးမကန်းကြပါနဲ့။
ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု။
 
အလေးပြုပါသည် by မေလှမြိုင် (ရေး-ဂစ်တာတင်အုံး)
ဒီသိချင် က ကျနော့်သူငယ်ချင်းတစ်ယောက် သူ့ဘလောဒ်မှာတင်ထားတဲ့သိချင်းပါ ရှားပါးဖြစ်နေတာရယ် ကျနော်တို့လိုလူငယ်တွေ နားထောင်သင့်တဲ့ သိချင်းဖြစ်နေတာမို့ ကျနော် ခွင့်တောင်း(ခွင့်တော့မပြုသေးပါ) ပြီးတင်လိုက်ပါတယ်။  

သိချင်းအတွက် CMSMDY ကိုကျေးဇူး တင်ပါတယ်။

Comments

Popular posts from this blog

Folder Option From Tools Menu

ဂုဏ်ယူလေးစားလျှက်ပါ

သူပါ